Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 9, 2013

မိုးသည်းထန်စွာရွာသွန်းစဉ် ရှေးဟောင်းစေတီပြိုကျရာမှ ဌာပနာပစ္စည်းများတွေ့ရှိထိန်းသိမ်းထား

 နေပြည်တော်၊ မေ ၉

၈-၅-၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ဘုရားနီကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းစဉ် ယခင်ပြိုပျက်လျက်ရှိသည့် ရှေးဟောင်းစေတီတော် ထပ်မံပြိုကျခဲ့ရာ စေတီတော်အတွင်းမှ ကြေးဗုဒ္ဓဆင်းတုတော် ၇၄ ဆူ၊ နဂါးရုံ/ကျောက်စိမ်း/မြ ဘုရား ၃ ဆူ၊ ဘိလပ်မြေ ဆင်းတုတော် ၃ ဆူ၊ ရဟန်းကြေးဆင်းတု ၅ ဆူ၊ ရှင်ဥပဂုတ္တ ၂ ဆူ၊ ရှင်သီဝလိ ၂ ဆူ၊ ဓါတ်တော်ပုလင်း ၄၄ လုံး၊ စေတီ ၈ ဆူ၊ ကျောင်းဆောင် ၁ ခု၊ ကြက်လျှာတိုင် ၁ ခု၊ လက်စွပ်မျိုးစုံ ၂၅ ကွင်း၊ ဆွဲပြားမျိုးစုံ ၅ ပြား၊ နားကပ်မျိုးစုံ ၉ စုံ၊ ရွှေကြုပ် ၁ ခု၊ နားကွင်း ၂ စုံ၊ ရွှေဒင်္ဂါးဆွဲပြား ၁ ခု၊ ငွေကွင်းကြီး(ရိုးရိုး) ၁ ကွင်း၊ ကတုံးပုံပါ ငွေဒင်္ဂါးတစ်ရူပီး ၂ ပြား၊ သရဖူပုံပါ ငွေဒင်္ဂါးတစ်ရူပီး ၃ ပြား၊ ဘော်လည်ဆွဲ ၁ ခု၊ ကျောက်အစုံရောရာ ၁၄၀ လုံး၊ ပုလဲ ၅၁ လုံး၊ ကျောက်အစုံရောရာ အထုပ် ၁ ထုပ်၊ နာရီ ၂ လုံး၊ ကျောက်စိမ်းပုတီး ၂ ကုံး၊ ကျောက်စိမ်း ၅ တုံး၊ ဓါတ်လုံး ၂ လုံး၊ အကြွေပြားစေ့များ ၁ ထုပ်၊ အစိမ်းရောင် ၁ ကျပ်တန် ၁၅၀ ရွက်၊ ၁၀၀ ကျပ်တန်အသေး ၂၃ ရွက်တို့အား တွေ့ရှိခဲ့ပြီး အဆိုပါဌာပနာပစ္စည်းများအား ဘုရားနီကျောင်းတိုက် သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဦးဓမ္မသီရိနှင့် တောင်လေးလုံးကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ သာသနာ့လင်းရောင်ခြည်ကျောင်းတိုက်ဆရာတော် ဦးဝါသေထ ထံတွင် ခေတ္တထိန်းသိမ်းအပ်နှံထားရှိကြောင်း သတင်းရရှိသည်။

Credit & Copy From ✍ ရဲဇာနည် ✍ Thanks
9.5.2013 (Thursday), အင်းလေးမီဒီယာ

No comments:

Post a Comment