Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 24, 2013

(Google Play) ဂူဂလ်ပလေးမှ ဆော့ဖ်ဝဲများတွင်


Android Phone တွေအတွက်စိုးရိမ်ရမယ့် အကြောင်းအရာလေးပါ

(Google Play) ဂူဂလ်ပလေးမှ ဆော့ဖ်ဝဲများတွင်
ဗိုင်းရပ်စ်ပါကြောင်းတွေ့ ရ
---------------------------------------

မြန်မာနိုင်ငံတွင် မကြာသေးမီကစတင်အသုံးပြုလာနိုင်သော
 အန်းဒရွိုက် andriod software များကို ဒေါင်းလုခ်
 ရယူနိုင်သည့် google Play ဂူဂဲလ်ပလေးရှိ ဆော့ဖ်ဝဲ
 (၃၂)ခုတွင် " သတင်းဆိုး " အမည်ရ ဗိုင်းရပ်စ်တမျိုးကို
 တွေ့ ရှိရသည်ဟု လုံခြုံရေးကျွမ်းကျင်သူများကို
 ကိုးကား၍ ဘီဘီစီသတင်းတပုဒ်တွင်ရေးသားဖော်ပြထားသည်။
 လျော့နည်း
=======
ဗိုင်းရပ်စ်ကူးစက်ခံရပါက ဖုန်းအတွင်းမှ အလိုအလျောက် မက်ဆေ့ခ်ျများပို့ ခြင်းဖြင့်
 ဖုန်းတွင်းရှိငွေပမဏကိုလျော့နည်းသွားစေနိုင်ကြောင်းသိရသည် ။
 ထိုဗိုင်းရပ်စ် ပရိုဂရမ်သည် ဟန်းဆက်များကို ရက်သတ္တပတ်ပေါင်းများစွာ
  သုံးမရအောင်ပြုလုပ်ပစ်နိုင်သည်ဟု ၄င်းကိုဖော်ထုတ်နိုင်ခဲ့သည့် လုံခြုံရေး
 ကုမ္ပဏီတခုက ဆိုထားသည် ။
 ပစ်မှတ်ထား
========
ထိုဗိုင်းစ်သည် ရုရှားဘယ်လာရုဇ်နှင့် အခြားအရှေ့ ဥရောပမှ Andriod phone
 အသုံးပြုသူများကိုပစ်မှတ်ထား တိုက်ခိုက်ကြောင်းတွေ့ ရှိရသည်ဟုလည်းဆိုသည် ။
 ကိုးသန်းအထိရှိ
=========
 ကူးစက်ခံရသည့် အရေအတွက်ကို အတိအကျဖော်ပြနိုင်ရန် မလွယ်ကူဟုဆိုသည် ။
 google play ၏ မှတ်တမ်းအရ ကူးစက်ခံထားရသည့် ဆော့ဖ်ဝဲများကို ဒေါင်းလုဒ်ဆွဲယူမှု
 အရေအတွက်မှာ နှစ်သန်းမှ ကိုးသန်းအထိရှိသည်ဟုဆိုသည် ။
 ဗိုင်းရပ်စ့်စွဲကပ်ခံရသည့် ဆော့ဖ်ဝဲအများစုမှာ ဟင်းချက်လမ်းညွှန်များ ဝေါလ်ပေပါမျာ
 ဂိမ်းများနှင့် ညစ်ညမ်းဆော့ဖ်ဝဲများဖြစ်သည်
 ခွန်နေမိုး - ရေးသားသည် ။



ကဲ ဒန်တန့် တန် ပြီထင်တယ် မိုးသူလဲ ဒေါင်းထားတာနဲတာမဟုတ်ဘူး ဗြဲ
 အာ့ ဘိုလုပ်ကျမဒုန်း ဂူဂဲလ်က security နိုမ့်ချက်ဟေ့ သေဘာဘီ ငါ့ app တွေတော့ ဗြဲ
 ဗိုင်းရပ်စ် စစ်ရမယ့် software ကလဲ မလာသေးဘူး ချိတ်ညစ်ထှာ အဟွင့် အဟွင့်
 ကယ်ကျပါအုံး အရပ် ကတို့ ရေ ဖုန်း bill လေးကို တော့သတိထားကြည့်မှ ဗြဲ မဟုတ်ရင်တော့
 သမင်မွေးရင်း ကျားစားရင်းဖြစ်တော့မယ် ။

သူငယ်ချင်းတို့ ရေ အွန်လိုင်းပေါ်မှာ သူငယ်ချင်း အချင်းချင်း ကူညီချင်တယ်ဆိုရင်
 ဒီပိုစ့်လေးကို Share လုပ်ကြပါ ..... စက်ရုပ်ကိုင်တဲ့သူငယ်ချင်းတွေအတွက်
 စိုးရိမ်စရာ သတင်းလေးမို့  ပါနော်
------------------------------------------------
စုံစီနဖာ shared Myanmar News Update's photo.

No comments:

Post a Comment