Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 2, 2013

လှိုင်းကျောက်ဆောင်


နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway

လှိုင်းကျောက်ဆောင်ဟာ သဘာဝကျောက်ဆောင်ဖြစ်ပြီး သူ့ရဲ့ပုံစံက မြင့်မားစွာရိုက်ခတ်လာတဲ့ ပင်လယ်လှိုင်းလုံးကြီးနဲ့ တူနေပါတယ်… ဒီသဘာဝအံ့ဖွယ်မြင်ကွင်းကို သြစတြေးလျအနောက်ပိုင်းမှာရှိတဲ့ Hyden မြို့ရဲ့အရှေ့ဘက် ၃ ကီလိုမီတာလောက်အကွာမှာတွေ့မြင်နိုင်ပါတယ်… လှိုင်းကျောက်ဆောင်ဟာ အမြင့် ၁၅ မီတာနဲ့ အလျား ၁၀၀ မီတာနီးပါးရှိပါတယ်…

သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ဒီအံ့မခန်းကျောက်တုံးပုံစံဟာ နှစ်သန်းပေါင်း ၂၇၀၀ သက်တမ်းရှိပြီလို့ သိရပါတယ်… ဒီကျောက်ဆောင်မှာ မီးခိုးရောင်နဲ့ အနီရောင်နှမ်းဖတ်ကျောက်အလွှာတွေပါဝင်ပါတယ်… ဘူမိဗေဒပညာရှင်တွေရဲ့အဆိုအရ ကျောက်ဆောင်တွေ ဒီလိုပုံစံမျိုးဖြစ်နေတာဟာ အပျော့စားနှမ်းဖတ်ကျောက်တွေကို မြစ်ရေတိုက်စားတာကနေ အောက်ခံမျက်နှာပြင်ဓာတုပြောင်းလဲမှုဖြစ်ပြီး မြင့်တက်လာတာလို့ဆိုပါတယ်… အပေါ်ကိုထောင်မတက်လာခင် မြေအောက်မှာကတည်းက ဒီလိုဓာတုပြောင်းလဲမှုအခြေအနေတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်…

ကျောက်ဆောင်ရဲ့အရောင်ကတော့ မိုးကြောင့်ဖြစ်တဲ့ဓာတုနုန်း (carbonates နဲ့ iron hydroxide) တွေမျက်နှာပြင်ပေါ်ကိုကျလာပြီး မီးခိုး၊ အနီနဲ့ အဝါရောင်စင်းကြောင်းတွေဖြစ်ပေါ်လာစေတာဖြစ်ပါတယ်… ကျောက်ဆောင်ရဲ့အရောင်တွေ တစ်နေ့တာအတွင်းဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို စောင့်ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းပြီး လှပတဲ့မြင်ကွင်းဖြစ်သလို အံ့သြဖွယ်ရှုခင်းကို ဖန်တီးပေးနေတာလည်းဖြစ်ပါတယ်

----------------------------------------------------------------
Ref: General knowledge

No comments:

Post a Comment