Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 23, 2013

တောသူမရဲ့ ရည်းစားစာ

တောသူမရဲ့ ရည်းစားစာ
မြို့သားအစ်ကို စကားချို
သူကိုချစ်မိနေပြီရှင့် ၊
ထဘီတိုတိုရေစိုစို
ကျွန်မအလှကပိုကရို မြို့သူတွေထက်ပိုသတဲ့ရှင့် ၊
ပြောင်းဆန်ထမင်း ဆူးပုတ်ဟင်း
သူစားချင်ရင်ခုချက်ချင်း ၊
ပဲနီလေးပြုတ် မုန့်ဖက်ထုပ်
သူစားချင်ရင်ချက်ချင်းလုပ် ၊
သူကြိုက်တယ်ဆို ထန်းရည်ချို မြူအိုးလိုက်ကိုပေးတယ်ရှင့်
သူနဲ့တွေ့ရန် ကောက်စိုက်ပြန်
ခရေပန်းပန်ရတယ်ရှင့် ၊
သူနဲ့တွေ့ဆုံ စံပယ်ရုံ ညတိုင်းပုံပြင်ပြောတယ်ရှင့် ၊
တစ်ညသ၌ လလည်းမိုက် မြို့သားရယ်...
အမေရိုက်မှာစိုးတယ်ရှင့် ၊
ဖိတ်စာရိုက်ရန် မြို့သို့ပြန်
ခုထိပြန်မလာသေးဘူးတဲ့ရှင့် ၊
နေဝင်ချိန်ယွန်း မီးအိမ်ထွန်း
မျက်ရည်သုတ်ရင်းလွမ်းတယ်ရှင့် ။
ဌေးကြည် [စလင်း]

No comments:

Post a Comment