Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 28, 2013

အနုပညာရှင်များ၏ ကျေဇူးဆပ်သည့်အလှူ

 

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၂၇၊ ၂၀၁၃

မြန်မာ့ရုပ်ရှင်လောက၏ ဖွားဖက်တော်(ရုပ်ရှင်ဖခင်ကြီး) ဟု တင်စားခေါ်ဝေါ်ခဲ့ကြသော ပညာရှင်ကြီးတစ်ဦး ရှိခဲ့ဖူးသည်။ ထိုပုဂ္ဂိုလ်ကြီးသည် လွန်ခဲ့သော ဖေဖော်ဝါရီလအတွင်း၌ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့သူ အသက် (၉၇) နှစ် အသက်အရွယ်ရှိ ရုပ်ရှင်ဖခင်ကြီး ဒါရိုက်တာကြီး ဘဘဦးတင်ယု ဖြစ်ပေသည်။ ဘဘဦးတင်ယု ကွယ်လွန် ချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှာ အယူသီးမှုတိုက်ဖျက်ရေး လူမှုရေးဟောပြောပွဲများ ဖြင့် နယ်ဝေးသို့ရောက်ရှိ နေချိန်ဖြစ်သည်။ ဦးကျော်သူအနေဖြင့် ဘဘဦးတင်ယု၏ ဈာပနအား ကိုယ်တိုင်နိဗ္ဗာန် ယာဉ်မောင်းနှင်၍ သင်္ဂြိုလ်ပေးခွင့်မရရှိခဲ့သော်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆက်သွယ်ပြီး အဆင်ပြေ ချောမွေ့စွာ သင်္ဂြိုလ်ပေးနိုင်ခဲ့သည်။ ဘဘဦးတင်ယု၏ ရက်လည်ပြီးနောက် ကျန်ရစ်သူမိသားစုများတို့မှ နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ ဘဘအားရည်စူး၍ အလှူငွေ (၂) သိန်းတိတိ လာရောက်လှူဒါန်းခဲ့သည်။ ထိုအချိန်တွင် ဘဘဦးတင်ယု၏ ဇနီး ဒေါ်မြင့်မြင့်ရီမှ ဦးကျော်သူနှင့် တွေ့ဆုံခွင့်တောင်းခံသော်လည်း နယ်ခရီးမှ ပြန်လည်မရောက် ရှိသည့်အတွက် တွေ့ဆုံခွင့်မကြုံခဲ့ပေ။
ထို့နောက် ၂၆.၄.၂ဝ၁၃ ရက်နေ့တွေင် “ကွယ်လွန်သူ ဘဘဦးတင်ယုအားရည်စူး၍ ဇနီး ဒေါ်မြင့်မြင့်ရီ မိသားစု” တို့မှ ဒုတိယအကြိမ်မြောက်ထပ်မံ၍ အလှူငွေကျပ် (၂) သိန်းတိတိအား လှူဒါန်းချိန်တွင် ဦးကျော်သူနှင့် တွေ့ဆုံဖြစ်ကြသည်။ အမေ ဒေါ်မြင့်မြင့်ရီ၏ ဆန္ဒပြည့်ဝခဲ့တော့သည်။ တိုက်ဆိုင်စွာဖြင့် ယင်းနေ့ နံနက် (၁၂းဝဝ) နာရီအချိန်ခန့်တွင် သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်း သည် မိခင်နှင့်အတူ  နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ခဲ့ပြီး သုခကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေကျပ် (၁ဝ) သိန်းတိတိအား ဒုတိယအကြိမ်မြောက် ထပ်မံ၍ လှူဒါန်းခဲ့သည်။ အဆိုပါငွေများသည် သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်းမှ ၂ဝ၁၃ ခုနှစ်၊ မဟာသင်္ကြန်ရက်များ အတွင်းဖျော်ဖြေပွဲမှ အများပြည်သူတို့ ချီးမြှင့်ပေးခဲ့သော အနုပညာကြေးများအား အများပြည်သူ ပရိတ်သတ်တို့အား ကျေးဇူးဆပ်သည့်အနေဖြင့် ယခုကဲ့သို့ အများပြည်သူတို့၏ လူမှုဒုက္ခများအားထိရောက်စွာ ကူညီပေးနေသောနာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လှူဒါန်းရခြင်းဖြစ်ကြောင်း၊ အမှန်စင်စစ် ဝိုင်းစုခိုင်သိန်းသည် နှစ်ဆန်းတစ်ရက်နေ့တွင် လာရောက်လှူဒါန်း၍ လှူဒါန်းလိုသော်လည်း အနုပညာအလုပ်များဖြင့် မအားလပ်သည့် အတွက် ယခုမှလာရောက်၍ လှူဒါန်းရခြင်းဖြစ်ကြောင်းနှင့် ထို့နောက် ၂၇.၄.၂ဝ၁၃ ရက်နေ့တွင် ရွှေမင်းဝံ သာသနာ့ ရိပ်သာ၌ တရားစခန်းဝင်ရောက်မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ဝိုင်းစုခိုင်သိန်း လှူဒါန်းခဲ့သော အလှူငွေ များအား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း သို့လာရောက်၍  ဆေးကုသမှုခံယူကြသော လူနာများ၏ ကျန်းမာရေးအတွက် တစ်တပ်တစ်အား အင်အားတစ်ခု ဖြစ်စေခဲ့ပြီဖြစ်သည်။
ထို့အပြင် ၂၂.၄.၂ဝ၁၃ နေ့ရက်တွင် မကြာသေးမီအချိန်မှ ပြည်ပမှ ပြန်ရောက်ရှိလာသော တေးသံရှင်/ အဆိုတော် ယုဇန နှင့်ခင်ပွန်းအပြင် မိဘများဖြစ်ကြသော ဟင်္သာတ ဦးမြင့်ငွေနှင့်ဇနီး ဒေါ်တင်တင်အေး မိသားစုမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ (၃) သိန်းကျပ်အား လာရောက်လှူဒါန်းခဲ့သည်။ အနုပညာသမားများမှ လူမှုအကျိုးပြုလုပ်ငန်းများအတွက် အနုပညာကြေးများလှူဒါန်းခြင်းသည် ပရိတ်သတ်များအား ကျေးဇူးဆပ်ခြင်းဟု ပင် ကျွန်တော်ရှုမြင်မိပါသည်။ ထိုသို့ ရုပ်ရှင်ဖခင်ကြီး ဘဘဦးတင်ယုအားရည်စူး၍ ကျန်ရစ်သူမိသားစုများ၏ အလှူ ဒါန၎င်း၊ သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်း၏ နှစ်သစ်ဦး အနုပညာကြေး အလှူဒါန၎င်း၊ တေးသံရှင် အဆို တော် ယုဇန၏ မိဘများအားအမှူးထား၍ လှူဒါန်းရသော အလှူဒါနသည်၎င်း ထိုထိုသော လှူဒါန်းမှုတို့သည် အနု ပညာရှင်များမှ အများပြည်သူ လူထုပရိတ်သတ်တို့အား ကျေးဇူးဆပ်သည့် ကုသိုလ်ထူးတို့အား နာရေးကူညီမှု  အသင်း(ရန်ကုန်)မှ အများပြည်သူတို့နည်းတူ မုဒိတာပွားကာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

No comments:

Post a Comment