Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 24, 2013

နားရောဂါကတစ်ဆင့် အသက်အန္တရာယ် ဆုံးရှုံးနိုင်



နားနှင့် ပတ်သက်သော ရောဂါများသည် နားလေးမှုမှတစ်ဆင့် နားကန်းခြင်းနှင့် အသက်အန္တရာယ်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားနိုင်သောကြောင့် အထူးဂရုပြု ကုသသင့်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးများထံက သိရှိရသည်။

"နားပြည်ယိုတာကို ပေါ့ပေါ့ဆနေမိတယ်ဆိုရင် နားလေးနိုင်တယ်။ ဆက်ပြီး နားကန်းနိုင်တယ်။ အသက် အန္တရာယ်အတွက် စိုးရိမ်းရတယ်။ ဖြစ်လာပြီဆိုရင်လည်း ကုသဖို့ကိုမကြောက်ဖို့လိုတယ်။"ဟု နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် ဒေါက်တာဝင်းထိုက်ကြည်က ပြောသည်။

အဆိုပါ နာတာရှည်နားပြည်ယိုရောဂါဖြစ်ပွားရခြင်း၏ အခြေခံအကြောင်းအရင်းအား မသိရှိရသေးသော်လည်း ၊နာတာရှည်နားပြည်ယိုခြင်းမှ နားလေးမှုမှတဆင့် နားကန်းသွားနိုင်ကာ ဦးနှောက်ထဲအထိ ပြည်လှိုက်စားပြီး ဦးနှောက် အမြှေးရောင်၊ ဦးနှောက် ပြည်တည်ရောဂါများအထိ ဖြစ်ပွားနိုင်ပြီး အသက်ဆုံးရှုံးနိုင်ကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။

နားလေးခြင်းနှင့် ပတ်သတ်၍အဖြစ်များဆုံး ရောဂါများမှာ နာတာရှည်နားပြည်ယိုရောဂါ၊ အလယ် နားချွဲစို့ရောဂါ၊ အသက်ကြီး၍နားလေးခြင်း၊ အာရုံကြောအားနည်း၍ နားလေးခြင်းနှင့် မွေးကင်းစကလေးနားလေးရော တို့ကြောင့် ဖြစ်ကြောင်း သိရှိရသည်။

"နားပြည်ယိုတာက နားသန့်ဆေးနဲ့ မလုံလောက်ပါဘူး။ ဘာလို့လဲဆိုတော့ ခေတ္တပျောက်သွားပြီး ပြန်ဖြစ်လာ နိုင်တယ်။ ပျောက်သလိုလို မပျောက်သလိုလိုနဲ့ နားလေးလာနိုင်တယ်။ နာတာရှည်နားပြည်ယိုတာကို ခံစားလာ ရနိုင်တယ်"ဟု အထက်ပါ ဆရာဝန်ကြီးက ဆက်လက် ပြောဆိုသည်။

နားတွင် ပြည်ယိုခြင်းကို နားသန့်ဆေးဖြင့် မလုံလောက်ပဲ ခွဲစိတ်ကုသရန်လိုအပ်ကြောင်းနှင့် စနစ်တကျ ကုသသင့်ကြောင်း သိရှိရသည်။

၂၀၀၅ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံနား၊ နှာခေါင်း၊လည်းချောင်း ဆရာဝန်များက မြန်မာနိုင်ငံတစ်လုံးနီးပါး စစ်တမ်းကောက်ယူခြင်းတွင် လူဦးရေ (၁၁) ရာခိုင်နှုန်းသည် နားလေးရောဂါ (သို့)နားရောဂါ တစ်ခုခုခံစားနေရကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ဒေါက်တာ ၀င်းထိုက်ကြည်ထံက သိရှိရသည်။

 https://www.facebook.com/photo.php?fbid=408638965900607&set=a.351047714993066.76926.351018658329305&type=1&theater

No comments:

Post a Comment