Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 20, 2013

ဦးနှောက်ထိခိုက်စေနိုင်သော အလေ့အကျင့်များ




ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့အဆိုအရ အောက်ဖော်ပြပါ အလေ့အကျင့်တွေဟာ သင့်ဦးနှောက်ကို ဆိုးရွားစွာထိခိုက်နိုင်ပါတယ်...

၁) မနက်စာမစားခြင်း
မနက်စာမစားတဲ့သူတွေဟာ သွေးအတွင်းသကြားဓာတ်ပါဝင်မှုနိမ့်ကျသွားပါတယ်... အဲ့ဒီကနေတစ်ဆင့် ဦးနှောက်ကိုထောက်ပံ့တဲ့ အာဟာရဓာတ်မလုံလောက်မှုဖြစ်ပြီး ဦးနှောက်ကိုထိခိုက်စေပါတယ်...

၂) တုံ့ပြန်မှုလွန်ကဲခြင်း
တုံ့ပြန်မှုလွန်ကဲခြင်းဟာ ဦးနှောက်သွေးကြောတွေကို တင်းမာစေပါတယ်... ဦးနှောက်သွေးကြောတင်းမာမှုကြောင့် စိတ်ပိုင်းဆိုင်ရာစွမ်းအင်တွေ ကျဆင်းစေပါတယ်....

၃) ဆေးလိပ်သောက်ခြင်း
ဆေးလိမ်သောက်ခြင်းကြောင့် ဦးနှောက်ကို များစွာကျုံ့ဝင်စေပြီး အယ်လ်ဇိုင်းမားလိုရောဂါမျိုးတွေဖြစ်စေပါတယ်...

၎) သကြားအစားများခြင်း
သကြားအစားများတာဟာ အသားဓာတ်နဲ့ အာဟာရဓာတ်တွေစုပ်ယူတာကို နှောင့်နှေးစေတဲ့အတွက် အာဟာရဓာတ်ချို့တဲ့တာဖြစ်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်နိုင်စေပါတယ်...

၅) လေထုညစ်ညမ်းမှု
ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင်အသုံးပြုမှုအများဆုံး အစိတ်အပိုင်းဖြစ်ပါတယ်... ညစ်ညမ်းတဲ့လေကိုရှူရှိုက်ခြင်းဟာ ဦးနှောက်ကိုထောက်ပံ့တဲ့ အောက်ဆီဂျင်ကိုလျော့ကျစေပြီး ဦးနှောက်ရဲ့စွမ်းဆောင်ရေကိုလည်း ကျဆင်းစေပါတယ်...

၆) အိပ်ရေးမဝခြင်း
အိပ်စက်ခြင်းဟာ သင့်ဦးနှောက်ကို အနားပေးတာပါပဲ... အချိန်အကြာကြီးအိပ်ရေးပျက်ခဲ့မယ်ဆိုရင် သင့်ဦးနှောက်ဆဲလ်တွေရဲ့ သေဆုံးနှုန်းမြင့်တက်လာစေပါလိမ့်မယ်...

၇) အိပ်စက်ချိန်တွင်ဦးခေါင်းကို ဖုံးအုပ်ထားခြင်း
ဦးခေါင်းကို ဖုံးအုပ်ပြီးအိပ်တာဟာ ကာဘွန်ဒိုင်အောက်ဆိုဒ်သိပ်သည်းမှုကို တိုးမြင့်စေပြီး အောက်ဆီဂျင်သိပ်သည်းမှုကို လျှော့ချပါတယ်... ဒါကြောင့် ဦးနှောက်ကို ထိခိုက်တာမျိုးဖြစ်နိုင်ပါတယ်...

၈) ဖျားနာချိန်တွင် ဦးနှောက်ကိုအလုပ်ပေးခြင်း
နေမကောင်းဖြစ်တဲ့အချိန်မှာ အလုပ်ပြင်းပြင်းထန်ထန်လုပ်ခြင်းနဲ့ စာကျက်မှတ်လေ့လာခြင်းတို့ကြောင့် သင့်ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်...

၉) ဦးနှောက်ကိုလှုံ့ဆော်တွေးတောမှုမရှိခြင်း
စဉ်းစားတွေးတောခြင်းဟာ သင်ဦးနှောက်ကိုလေ့ကျင့်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်... ဦးနှောက်ကိုလှုံ့ဆော်တဲ့ တွေးတောမှုမျိုးမရှိဘူးဆိုရင် ဦးနှောက်ကျုံ့သွားစေနိုင်ပါတယ်...

၁၀) စကားနည်းခြင်း
စဉ်းစားပြောဆိုခြင်းဟာ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးနိုင်ပါတယ်...

အထက်ပါအချက် (၁၀) ချက်ကို သတိပြုဆင်ခြင်ပြီး ရှောင်ကျဉ်မယ်ဆိုရင် သင့်ဦးနှောက် ထိခိုက်ပျက်စီးမယ့်အန္တရာယ်က ကာကွယ်နိုင်ပါလိမ့်မယ်...


https://www.facebook.com/photo.php?fbid=594463467231789&set=a.544153038929499.130627.543836485627821&type=1&theater

No comments:

Post a Comment