Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 25, 2013

အချစ်ရေး ကံကောင်းတဲ့ အထဲမှာ မပါဘူးဆိုတဲ့ ဝတ်မှုန်ရွှေရည်

25 April 2013  |

ဗီဒီယို၊ ကြော်ငြာတွေမှာ သာမက အလှူဒါန ပြုလုပ်တဲ့ နေရာမှာလည်း ဝတ်မှုံရွှေရည်နဲ့ တွေ့ဆုံ ခိုက်မှာ အလှူ လှူဖြစ်ခဲ့ပုံကို မေးကြည့်ရာ "အလှူတစ်ခု ဆိုတာက စိတ်ပါပဲ။ သဒ္ဓါတရားပေါ့။ တစ်ကျ ပ် ပဲဖြစ်ဖြစ်၊ တစ်ရာပဲဖြစ်ဖြစ်၊ အုတ်တစ်ချပ်၊ သဲတစ်ပွင့်လေးဆို ရင်တောင် စိတ်ကို စေတနာဖြူဖြူ စင် စင်လေးနဲ့ ထားရင် ဘယ်အရာ မဆို ကုသိုလ်ပါပဲ။ အဓိကကတော့ စိတ်ပါပဲ။ လှူတဲ့အခါ စိတ်ကို ကြည် ကြည်လင်လင် လေးထားရင် ကုသိုလ် ရပါတယ်။ Channel တွေ ကလည်း များလာပြီ၊ ရုပ်သံဇာတ် လမ်းတွဲတွေ ရိုက်ဖို့ ကစ်ကိုငှားရင် ရိုက်ဖြစ် မှာလား ဆိုတော့ ကစ်ကို ကမ်းလှမ်း လာရင်တော့ ရိုက်ဖြစ်မှာ ပါ။ စိတ်ဝင် စားပါတယ်။ အသစ် တစ်ယောက် အတွက်ဆိုရင်လည်း Channel တွေကိုကြည့်တဲ့ ပရိသတ်တွေလည်း ရှိတယ်။

အဲဒီတော့ အသစ်တစ်ယောက် အနေနဲ့ သေသေချာချာ လုပ်မယ်ဆို အကျိုးတစ် ခုတော့ ရှိမှာပါ။ အခုအချိန်မှာ ကစ်လက်ခံထားတဲ့ မေတ္တာတရား ဆိုတာက မေတ္တာတရားက အေး မြမယ်လို့ ထင်တယ်။ မေတ္တာထား တာက ကောင်းပါတယ်။ အချစ်ကျ တော့ အတ္တတွေ ပါမယ်လို့ ကစ်ထင် တယ်။ မေတ္တာကျတော့ ဘာမှ လည်း ရယူလိုမှုမရှိဘူး။ ဘာမျှော် လင့်ချက်မှ မရှိဘူး။ လူတိုင်းကို မေတ္တာထားတာ အေးချမ်းမယ်ထင် ပါတယ်။ သမီးရည်းစား အချစ်မှာလည်း ချစ်တာထက် မေတ္တာထားတာ အေးချမ်းမယ်လို့ ကစ်ထင် တယ်။ ကစ်က အချစ်ကံကောင်း တဲ့သူလားဆိုတော့ ကစ်က အချစ် ကံမကောင်းဘူးလို့ ထင်တာပဲ။ ကံ ကောင်းတဲ့ အထဲမှာ မပါဘူး။  

No comments:

Post a Comment