Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 5, 2013

သားအိမ် ထုတ်ရသည့် အခါ၌ သားဥအိမ် ချန်ထားခဲ့ခြင်းသည် အမျိုးသမီးများအတွက် ပို၍အကျိုးရှိနိုင်




ယခင် လေ့လာချက်များအရ ပုံမှန်အားဖြင့် ဆိုလျှင် အမျိုးသမီးရောဂါ များကြောင့် သားအိမ် ထုတ်ပစ်ရသည့် အခါ၌ သားဥအိမ်ကို ထုတ်ပစ်လျှင် ပို၍ ကောင်းမွန်ကြောင်း ညွှန်းဆိုခဲ့ သော်လည်း ယခုလေ့လာချက် အသစ်၌မူ သားဥအိမ်အား မူလအတိုင်း ထားရှိခြင်းသည် ပို၍ အကျိုးသက်ရောက်မှု ရှိကြောင်း သိရှိရသည်။

သားဥအိမ် ထုတ်ပစ် လိုက်သည့် အတွက် အမျ...ိုးသမီး၌ နောင်တစ်ချိန် တွင် သားဥအိမ်ကင်ဆာဖြစ်ပွားခြင်း အတွက် ပူပန်ရတော့မည် မဟုတ်သော်လည်း ထိုသို့ဟော်မုန်း ထုတ်ပေးနိုင်စွမ်းရှိသည့် မျိုးဥများအား ထုတ်ပစ် လိုက်ခြင်းကြောင့် အခြားရောဂါများ ဖြစ်သော နှလုံးရောဂါ၊ ကင်ဆာရောဂါ တို့ ပိုမိုဖြစ်ပွားနိုင်သည်။ နှစ်စဉ် အမျိုးသမီး ၁ ထောင်လျှင် ၁ဝ ယောက် နှုန်းဖြင့် သားအိမ်ထုတ်ရင်း သားဥအိမ်ပါ ထုတ်ပစ်ကြရသည်။ အဓိက ရည်ရွယ်ချက်မှာ ထိုအမျိုးသမီးများ၌ သားဥအိမ်ကင်ဆာ မဖြစ်ပွားစေလို၍ ဖြစ်ပြီး၊ အကယ်၍ အမျိုးသမီး၌ ပြည့်စုံသော မိသားစုဘဝရှိပြီးလျှင် သို့ မဟုတ် အသက်ကြီးလျှင် သားဥအိမ် ၏ အခန်းကဏ္ဍမှာ သိပ် အရေးမပါ တော့ဟု ယူဆကြသည်။

City of Hope Cancer Center ၏ ပါမောက္ခဖြစ်သူ Leslie Bernstein က အမျိုးသမီးများ၌ ရင်သားကင်ဆာ ပြီးလျှင် ဒုတိယ အဖြစ်အများဆုံး ကင် ဆာမှာ သားဥအိမ် ကင်ဆာဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စု၌ နှစ်စဉ်အမျိုးသမီး ၂၂ဝဝဝ ခန့်မှာ သားဥအိမ် ကင်ဆာခံစားနေရ ပြီး၊ ထိုထဲမှ ၁၄ဝဝဝ ခန့်မှာ နှစ်စဉ် သေဆုံးလျက် ရှိကြောင်း သိရသည်။ သို့ရာ၌ မီးယပ်ရောဂါတစ်ခုခုကြောင့် သားအိမ်ထုတ်ရပြီး၊ သားဥအိမ်ပါ ထုတ်ထားသော အမျိုးသမီးများ၏ ၉၈ ရာခိုင်နှုန်းမှာမူ အထက်ပါ အန္တရာယ် အုပ်စု၌ မပါဝင်တော့ ကြောင်း သိရသည်။

University of California, LA School of medicine မှ ဆေးကုသပိုင်း ဆိုင်ရာ သားဖွားမီးယပ် ပါမောက္ခ ဖြစ်သူ ဒေါက်တာ Parker သည် အမျိုးသမီးများ၌ ယင်းတို့၏ မျိုးပွားချိန် ကျော်လွန်ပြီးသော်လည်း သားဥ အိမ် ၏ ကဏ္ဍကရှိနေဆဲဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အထူးသဖြင့် သွေး ဆုံးကာလရောက်နေစဉ်တွင်ပင် သားဥအိမ် မှ ဟော်မုန်း အထွက်နည်း နေသော်လည်း အဆိုပါ ဟော်မုန်းများသည် အမျိုးသမီးများအတွက် အကျိုး ရှိနေဆဲ ဖြစ်သည်ဟု ယင်းကဆိုသည်။

လေ့လာမှုအရ သားအိမ်ထုတ်ရာ၌ သားဥအိမ်ပါ ထုတ်ပစ်သော အမျိုးသမီးများ၌ သားဥအိမ် ကင်ဆာဖြစ်မှု မရှိတော့ဟု ဆိုသော်လည်း၊ အခြား ရောဂါ များဖြင့် သေဆုံးနှုန်းမှာ သားဥအိမ် ရှိသော အမျိုးသမီးများနှင့် ယှဉ်လျှင် ၁၃ ရာခိုင်နှုန်းရှိကြောင်း Parker မှ ပြောကြားခဲ့သည်။ ထိုသို့ သားဥအိမ် မရှိတော့သော အမျိုးသမီးများ သည် နှလုံးရောဂါဖြင့် သေဆုံးနှုန်းမှာ ၂၃ ရာခိုင်နှုန်း၊ အဆုတ် ကင်ဆာဖြစ် နှုန်း ၂၉ ရာခိုင်နှုန်းနှင့် အူမကြီး ကင်ဆာဖြစ်နှုန်း ၄၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

 https://www.facebook.com/?ref=logo#!/photo.php?fbid=437325806358958&set=a.329330483825158.78075.322396224518584&type=1&theater

No comments:

Post a Comment