CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဒါလေထိုးတံ မဟုတ်ဘူး
"လူပြိုဂျီး စိမ်းခက်စိုးအိမ်ထောင်ပြု၏။ ၄၊ ၅လခန့်ရှိသော် မိန်းမက
နံနက်ထလျှင်ပြို့သည်။ လူဖြစ်ပြီဟု ဝမ်းသာလျက် လမ်းထိပ်က ရုရှပြန်ဆြာဟန်ထံ
ခေါ်၍ စမ်းသပ်သည်။ ဆြာဟန်ကစမ်းသပ်ပြီး "စိမ်း...
အစာအိမ်လေထတာပါကွာ။"ဟုပြောပြီး ဆေးလေးဝါးလေးပေးသည်။
တပတ်ခန့်အကြာတွင်
မိန်းမကထပ်ပြို့ပြန်သည်။ ဆေးခန်းပြေးသည်။ ဆြာဟန်က "လေထတာပါ"ဟု
ချွေးသိပ်သည်။ စိမ်းသိပ်မကြည်ချင်တော့။ ၃ရက်ခန့်ရှိသော် မိန်းမထပ်ပြို့ပြီ။
ဆေးခန်းသွားရပြန်ပြီ။ ဆြာဟန်ကလည်း "လေ"ဟု သမုတ်ပြန်သည်။
စိမ်းရဲ့ရင်ထဲက
မခံချင်စိတ်ဒေါသစိတ်တို့ ထိန်းမရတော့ပြီ။ ပုဆိုးကို အသာလှပ်၍
ဆြာဟန့်မျက်နှာကို တည့်တည့်ကြည့်ကာ "ဆြာ... ဒါလေထိုးတံ မဟုတ်ဘူးနော်။" ဟု
အံကြိတ်ပြီး ပြောချလိုက်လေသတည်း။"
(ကို ဒင်္ဂါး)
ဒါလေထိုးတံ မဟုတ်ဘူး
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
April 21, 2013
Rating:
5
No comments:
Post a Comment