Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 4, 2013

လေလံဈေးကွက်ရောက်လာသော ၁၉၅၃ မော်ဒယ် Ferrari



ကားအဟောင်းတွေ ခပ်များများ ဝယ်စုနိုင်လေ ဂုဏ်ရှိန်ဝါကြီးဝါးလေး ဆိုတော့ အနောက်တိုင်း နိုင်ငံရဲ့  အလေ့အထပဲ ဖြစ်ပါတယ်။ ဘာမှ လုပ်စရာ မရှိရင်ကို သူဌေးတွေက ကားဝယ်စုပါတယ်။

ဒီအကြောကို သိတဲ့ စီးပွားရေးသမားများကလည်း ပိုင်ဆိုင်သမျှ၊ ရှိသမျှ ကား အဟောင်းတွေကို ထုတ်ထုတ်ရောင်းပါတော့တယ်။ ဘယ်လို နာမည်ကြီးတဲ့ ဘယ် ပုဂ္ဂိုလ်က စီးခဲ့ပါတယ်။ သုံးခဲ့ပါတယ်။ ဘယ်နှစ်ခုက ထုတ်တဲ့ ကုမ္မဏီရဲ့  ပထမဆုံးမော်ဒယ်ဖြစ်ပါတယ်လို့ ခေါင်းစဉ်တတ်လိုက်တာနဲ့ ပိုက်ဆံထုတ် ပြေးပေးမယ့် သူချည်း ဖြစ်ပါတယ်။

ယခု ဒါကို သိလို့ Ferrari က ရန်ပုံငွေအနေနဲ့ တစ်စီးထုတ်ရောင်း ပါတော့မယ်။ ၁၀၅၃ မော်ဒယ် 340/375 MM Berlinetta ဖြစ်ပြီး ၂၄ နာရီ မနားတမ်းမောင်းရတဲ့ 24 Hours of Le Mans မှာ အောင်မြင်မှုများ ဆွတ်ခူးခဲ့ တဲ့ ကားဖြစ်ပါတယ်။ အဲ့ကတည်းက ယင်း ကားဟာ တစ်နာရီ မိုင် ၁၄၀ အထက်ကို ပွဲကြမ်းခဲ့ပါတယ်။

ယနေ့အထိ သူ့သမိုင်း ကျန်ရှိနေဆဲ ပါပဲ။ ယခု ယင်းကား ကို လေလံတင် ရောင်းချတော့မယ်လို့ ကြေညာလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: autoblog
ColayOnline:Automobile

No comments:

Post a Comment