Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 25, 2013

SEXY ဆိုတာ....

SEXY ဆိုတာ....

sexy ဆိုတဲ့စကားလုံးကို တဖက်လိင်ကိုဆွဲဆောင်နိုင်တဲ့ အစွမ်းရှိသူတွေအတွက် သုံးရတဲ့စကားပါ ဘိုဆန်ဆန်ပြောရမယ်ဆိုရင်တော့ sex appeal ရှိတဲ့လူမျိုးတွေအတွက်သုံးတွေပါ ဒီစကားလုံးဟာ မိန်းမတွေအတွက်ချည်းပဲမဟုတ်ပါဘူး ယောင်္ကျားတွေအတွက်လဲ
အသုံးပြုခွင့်ရှိပါတယ် ဥပမာဗျာ အခုခေတ်နာမည်ကြီးနေတဲ့ foreign celebrity - Angelina Jolie ပေါ့ သူမ ဟာဆိုရင် ကမ္ဘာ့ sexy အကျဆုံးအမျိုးသမီးတွေထဲမှာပါဝင်တဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပါ ဒါပေမယ့် သူအဲ့လိုနာမည်ကြီးရတဲ့အကြောင်းရင်းက သူမရဲ့ဖက်ရှင်ကြောင့်မဟုတ်ပဲ သူမရဲ့ညှို့ယူမှု့အားကောင်းလှတဲ့နှုတ်ခမ်းလေးတွေကြောင့်ပါပဲ (အဲ့လိုတော့ပြောကြတာပဲ ကျွန်တော်ကတော့ ဘယ်လိုမှကိုခံစားကြည့်လို့မရဘူး) သူမရဲ့ခင်ပွန်း Brad Pitt ဟာဆိုရင်လဲ မိန်းကလေးထုရဲ့အလယ်မှာ sexy ကျတဲ့ယောကျာင်္းတစ်ယောက်အဖြစ်ရပ်တည်နေပါတယ် နိုင်ငံခြားမှာဆိုရင် sexy ကျတယ်လို့အပြောခံရတဲ့မိန်းကလေးတစ်ယောက်ဟာ သူ့ကိုသူအရမ်းကိုဂုဏ်ယူပါတယ် ဘာလို့လဲဆိုတော့ ဒီ sexy ကျတယ် ဆိုတဲ့စကားဟာ သူမဟာတဖက်သားအားအရမ်းကိုညှို့ယူနိုင်တဲ့အစွမ်းရှိသူလို့ပြောတာနဲ့အတူတူပါပဲ ဒီနေရာမှာ ကျွန်တော်အဓိကပြောချင်တာက sexy ကျတယ်ဆိုတာ အ၀တ်အစားကို လျပ်ပေါ်လော်လီစွာ ၀တ်စားတာ (provocative style) ကိုဆိုလိုတာမဟုတ်တာကိုပါပဲ ဒါပေမယ့် အခုခေတ်မှာ လူတော်တော်များများဟာ sexy ဆိုတဲ့စကားလုံးကို အဓိပ္ပာယ်မှားယွင်းစွာသုံးနေကျတာ တွေ့မြင်နေရပါတယ် ထားပါတော့ဗျာ ဥပမာအနေနဲ့ပေါ့ မြန်မာမိန်းကလေးတယောက်က မြန်မာဆန်ဆန်ဝတ် ထားပြီးအရမ်းလှနေတယ်ပေါ့ဗျာ အဲ့မှာသူမရဲ့အပြုံးဟာ မြင်လိုက်ရတဲ့ တဖက်လူယောင်္ကျားသားတွေရဲ့ဘ၀င်ကိုခွေ့သွားစေတယ်ဆိုရင် သူမကို sexy ကျတယ်လို့ပြောလို့ရပါတယ် ဘာလို့လဲဆိုတော့ သူမရဲ့အပြုံးဟာ တဖက်လိင်ဖြစ်တဲ့ယောင်္ကျားတွေကိုဆွဲဆောင်နိုင်တာကိုး ဒါကြောင့် sexy ကျခြင်းနှင့် လူမြင်မကောင်းအောင် ဟိုပေါ်ဒီဖော်ဝတ်စားခြင်း(Provocative Style)ကိုခွဲခြားနိုင်ကြပါစေလို့ ..........(MMG)

No comments:

Post a Comment