Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 19, 2013

Like This Page · 17 hours ago


ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ“Web Development Foundation”
သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Web Development Foundation သင်တန်းတစ်ခုကို မတ်လ (၄) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
ပြောင်းလဲနေသောနည်းပညာခေတ်တွင် လိုက်လျောညီထွေမှုဖြစ်စေရန် Web Technology များသည် အရေးပါလှပါသည်။ နည်းပညာခေတ်တွင် တက်လှမ်းကြမည့်သူများအတွက် အခြေခံအုတ်မြစ်သည် အသက်ပမာလိုအပ်ပါသည်။ အုတ်မြစ်ခိုင်မှ ရေရှည်တည်တံ့ခိုင်မြဲမည် တိုးတက်စည်ပင်နိုင်မည်လည်း ဖြစ်ပါသည်။ နည်းပညာခေတ်တွင် Web Developer တစ်ယောက်အနေနှင့် ရပ်တည်နိုင်ရန် ဤသင်တန်းအားအစပြိုးအနေဖြင့် မရှိမဖြစ် တက်ရောက်ရမည် ဖြစ်ပါသည်။
နိုင်ငံခြားသွားရောက်မည့် ကျောင်းသားများ၊ ကွန်ပျူတာကျောင်းဆင်းပြီးများမကြာခင် လုပ်ငန်းခွင်ဝင်မည့်သူများ၊ ဘလော့ခ်များပိုင်ဆိုင်ပြီး ပြင်ဆင်မွမ်းမံလိုသူများ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ မဖြစ်မနေတက်ရောက်သင့်သော သင်တန်းလည်းဖြစ်ပါသည်။ သမာရိုးကျနည်းလမ်းများထက် Problem Solving, Mind mapping and Planning အစရှိသော နည်းလမ်းများဖြင့် အတွေ့အကြုံရှိသော၊ ပြည်တွင်းနှင့် နိုင်ငံတကာပရောဂျက် များလက်တွေ့ရေးသားနေသော ကိုဝိန်း @ ကိုဝေလင်းထွန်း မှ သင်ကြားမည် ဖြစ်ပါသည်။
Web Technology များဖြင့်လုပ်ကိုင်နေပြီး မိမိကိုယ်မိမိအားမရနေသူများလည်း အခြေခံခိုင်မာစေရန် တက်ရောက် နိုင်ပါသည်။ သင်တန်းပြီးဆုံးပါကခေတ်စားနေသော PHP, ASP.Net, J2EE အစရှိသောနည်းပညာများကိုထောက်ကူပေးနိုင်မည် ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန် အလေ့အကျင့်ကောင်းများလည်းရရှိနိုင်မည် ဖြစ်ပါသည်။
ပါဝင်မည့်အကြောင်းအရာများ…..
• Introduction to Web technologies
• HTML
• CSS
• Basic Photoshop
• Introduction to HTML5
• Introduction to PHP Programming


သင်တန်းကာလ - မတ်လ (၄) ရက် မှ မေ (၈) ရက်အထိ
သင်တန်းအချိန် - ညနေ ၃း၃၀ မှ ၅း၃၀ နာရီ (တနင်္လာ၊ အဂါင်္၊ ဗုဒ္စဟူး)
သင်တန်းကြေး - ၁၂၀၀၀၀ (တစ်သိန်းနှစ်သောင်း)၊
MCPA Member ၁၀၀၀၀၀ (တစ်သိန်းကျပ်)
သင်တန်းသားဦးရေ - (15) ဦး
သင်တန်းနေရာ - အဆောင် (၁)၊ MCPA Lab Room၊ လှိုင်မြို့နယ်။
သင်တန်းတက်ရောက်လိုသူများ အနေဖြင့် မတ်လ (၃) ရက်နေ့ ညနေ (၅) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။

https://www.facebook.com/mcpamyanmar

===========
TSJ Tech Team

No comments:

Post a Comment