Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013

low dose CT Scan က အဆုတ်ကင်ဆာကြောင့်



ပုံမှန်ရောဂါစစ်ဆေးမှုတွင်အသုံးပြုသောပမာဏထက်နည်းပါးသောပမာဏ ဖြစ်သော low dose CT Scan သည် အဆုတ်ကင်ဆာကို Screening လုပ်သောနည်းပညာတစ်ရပ်ဖြစ်လာပြီး အဆုတ်ကင်ဆာကြောင့်သေဆုံးရှုံးမှုကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရှိ ရသည်၊၊ထိုအခါကာလကြာရှည်ဆေးလိပ် သောက်သူများကဲ့သို့သော အဆုတ် ကင်ဆာဖြစ်နိုင်ချေများသူများတွင်အဆုတ် ကင်ဆာဖြစ်ပွားမှုကိုစောလျင်စွာသိရှိစေ နိုင်သဖြင့်သေဆုံးမှုနှုန်းကို လျော့ကျ စေမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၊အမျိုး သားအဆုတ်ကင်ဆာသုတေသနဌာနသည် အဆုတ်ကင်ဆာဖြစ်ပွားမှုကိုကာကွယ် ရန်နှင့်ရောဂါကိုစောလျင်စွာသိရှိနိုင်ရန် အစဉ်တစိုက်ကြိုးပမ်းခဲ့သောဌာနဖြစ် သည်။ အဆုတ်ကင်ဆာကိုရှာဖွေတွေ့ ရှိ၍ရောဂါအမည်တပ်နိုင်ချိန်တွင်လူနာ မှာရောဂါကျွမ်းနေပြီဖြစ်သည်။အမေရိကန် ပြည်ထောင်စုတွင်ကင်ဆာကြောင့်အသက်ဆုံးရှုံးရမှုတွင် အဆုတ်ကင်ဆာ သည် ရင်သားကင်ဆာ၊ အူမကြီး ကင်ဆာနှင့်ဆီးကျိတ်ကင်ဆာများထက်ပို များသည်။သို့သော်လည်းရောဂါရှိ မရှိ ကိုကြိုတင်စစ်ဆေးနိုင်သော Screening test ပြုလုပ်နိုင်ပါက အဆုတ်ကင်ဆာ ကြောင့်သေဆုံးရမှုကို ၂ဝ% အထိလျှော့ချ ပေးနိုင်မည်ဖြစ်ကြောင်း National Lung Screening Trial(NLST) ၏ သုတေသနစာတမ်းအရသိရှိရသည်။
low dose CT Scan သည် အဆုတ်ကင်ဆာဖြစ်နိုင်ချေများသော သူများတွင်ပြုလုပ်နိုင်ပါက ပိုပြီးအကျိုးများစေမည်ဖြစ်ကြောင်း၊သို့သော်လည်း လက်ရှိအချိန်တွင် အဆုတ်ကင်ဆာ Screening test သည်လူထု ကျန်းမာရေးကာကွယ်မှု(ဥပမာ-အမေရိကန်တွင်အမျိုးသမီးများရင်သားကင်ဆာ ရှိမရှိကို Mammography ဖြင့် Screening လုပ်ခြင်း) ကဲ့သို့ လုပ်ငန်းစဉ်များတွင် ပါဝင်မှုမရှိသေး ကြောင်း၊ယခုတွေ့ရှိမှုကလက်ရှိကျန်းမာ ရေးမူဝါဒများကိုပြောင်းလဲစေနိုင်မည်ဖြစ် ကြောင်းယခုလေ့လာမှုကို ဦးဆောင် သူ ဝါရှင်တန်တက္ကသိုလ်၊ရင်ခေါင်းခွဲ စိတ်ကုဌာနမှ ပါမောက္ခ Dr.Douglas Wood ကပြောကြားခဲ့သည်။
ယခုလေ့လာမှုကို(National Lung Screening Trial(NLST) ၏နှစ်ပတ်လည်ညီလာခံတွင် စာတမ်း တင်သွင်းခဲ့ခြင်းဖြစ်သည်။
သန့်စင် Ref:AN
Health Updates Journal
Vol-1,No-42

No comments:

Post a Comment