Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013

အော်စကာဆုရဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု ဘယ်သူရမလဲ”


“ဝေဖန်ရေးသမားတွေ အဖြေရှားနေတဲ့ အော်စကာဆုရဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု ဘယ်သူရမလဲ”

ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျင်းပမယ့် ၈၅ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ဒယ်နီရယ်ဒေးလူးဝစ် ရမယ်လို့ ဝေဖန်ရေးသမားတွေက တွက်ဆထားခဲ့ပြီး အမျိုးသမီးဇာတ်ဆောင်ဆုကို ဘယ်သူရမလဲဆိုတာကိုလည်း သုံးသပ်နေကြ ပါတယ်။

ယခုနှစ် အော်စကာဆုပေးပွဲရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆန်ခါတင်စာရင်းမှာ အော်စကာဆုနှစ်ကြိမ် လျာထားခံရတဲ့ ဂျက်ဆီကာ ချက်စတိန်း၊ ဂျနီဖာလောရန့်(စ်)၊ နာအိုမီဂပ်၊ အသက် ၈၅ နှစ်အရွယ် မင်းသမီးကြီး အီမန်နျူလီရီဗာနဲ့ ကိုးနှစ်အရွယ်ကလေးသရုပ်ဆောင် Quvenzahne Wallisစတဲ့သရုပ်ဆောင်တွေ ပါဝင်ပါတယ်။

ယခုနှစ်ကျင်းပတဲ့ ဆုပေးပွဲတွေမှာ ဂျက်ဆီကာ ချက်စတိန်းနဲ့ ဂျနီဖာလောရန့်(စ်)က ဆုတွေအများကြီးရရှိထားပါတယ်။ ချက်စတိန်းက အိုစမာဘင်လာဒင်ကို ရှာဖွေရာမှာ စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့တဲ့ CIAအေးဂျင့်အမျိုးသမီးတစ်ဦးနေရာက သရုပ်ဆောင်ထားတဲ့ Zero Dark Thirty ရုပ်ရှင်နဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲနဲ့ Critice' Choice ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

ဂျနီဖာလောရန့်(စ်)ကလည်း Screen Actors Guild ဆုပေးပွဲနဲ့ ရွှေကမ္ဘလုံးဆုပေးပွဲမှာ Silver Linings Playbook ဇာတ်ကားနဲ့ ဆုရရှိခဲ့ပါတယ်။

၈၅ကြိမ်မြောက် အော်စကာဆုပေးပွဲစတိတ်စင် ဒီဇိုင်းကို ၂ဝဝ၉ ခုနှစ် Tony Award ဆုရှင် ဒီဖိုင်နာ ဒီရက်မက်လိန်းက ဖန်တီးတည်ဆောက်ခဲ့ တယ်လို့ သိရပြီး ၄င်းက ''ပြီးခဲ့တဲ့နှစ်တွေကဆောက်ခဲ့တဲ့ အော်စကာဆုပေးပွဲ စတိတ်စင်ဒီဇိုင်းတွေကို အချိန်အတော်ပေးပြီးလေ့လာခဲ့တယ်။ စတိတ်စင်တိုင်းက အရမ်းမိုက်တယ်။ ကျွန်တော်သေချာအတုယူပြီး ကိုယ်ပိုင် ဒီဇိုင်းတစ်ခု ဖန်တီးခဲ့ပါတယ်''လို့ ပြောပါတယ်။

Popular Journal Facebook

No comments:

Post a Comment