
ဝမ်းဗိုက်ထဲမှာ ဗိုက်ပြည့်နေတဲ့ ခံစားမှုကို မသက်မသာ ခံစားရခြင်းကို အများက လေပွခြင်း၊ လေခံ ခြင်း ဖြစ်တယ်လို့ ပြောကြတယ်။ Bloating လို့ခေါ်တဲ့ လေပွခြင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာဂက်စ် (Gas) များ ပိတ်မိနေခင်းကြောင့် ခံစားရတာပါ။ လေပွခြင်းကို ဖြစ်စေသော အကြောင်း အချက်များမှာ တစ်ထိုင်တည်း အစားအစာများကို စားလွန်းခြင်း ကြောင့် ဖြစ်နိုင်သလို၊ Irritable Bowel Syndrome လို့ခေါ်တဲ့ ရောဂါကြောင့် လည်း ဖြစ် နိုင်ပါတယ်။ လေပွလို့ ဗိုက်အောင့်နေတဲ့ အချိန်မှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်း ဟာ မလုပ်သင့်တဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် လမ်းလျှောက် ပေးလိုက်ရင် အံ့ဩစရာ ကောင်းစွာ ဝေဒနာသက်သာသွားနိုင် ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့ အခါ အူလမ်းကြောင်းမှာ ကမောက် ကမဖြစ်ကာ ဝမ်းချုပ်ခြင်း၊ လေခံခြင်း တို့ဖြစ်လာနိုင်တာကိုလည်း သတိထား ရပါမယ်။ ချက်ရဲ့အထက် လက်လေးလုံး ခန့် အကွာအဝေးနေရာကို စက်ဝိုင်းပုံ အတိုင်း ၅ မိနစ်ခန့် အသာအယာ နှိပ်နယ်ပေးမယ်ဆိုရင် စိတ်ဖိစီးမှုများ ကို သက်သာစေပြီး ဝမ်းဗိုက်တွင်းက မသက်မသာဖြစ်မှုများကိုလည်း သက် သာသွားစေမှာ ဖြစ်ပါတယ်။
ဇင်မာမြင့်
Credit to :HEALTH DIGEST
No comments:
Post a Comment