Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013


 
ရန်ကုန်၊ဖေဖော်ဝါရီ၊ ၂၃။

စတုတ္ထအကြိမ်မြောက် Job fair Yangon 2013 ကို ဖေဖော်ဝါရီ
၂၃မှ ၂၄အထိ MICT parkတွင် နှစ်ရက်တာ ကျင်းပပြုလုပ်မည်
ြ့ဖစ်ကြောင်း သိရသည်။

ယင်းပြပွဲတွင် ပြည်တွင်းပြည်ပ အလုပ်သမား အေဂျင်စီပေါင်း
၃၅ခုမှ ဆိုင်ခန်းပေါင်း၅၀ကျော်ဖြင့် လာရောက်ပြသထားပြီး
အလုပ်အကိုင် ရှာဖွေသူများ အနေဖြင့် ကုမ္ပဏီများနှင့် တိုက် ရိုက်ဆက်သွယ်၍ အလုပ်ရှောက်ထားနိုင်ပြီး အလုပ်သမားကဒ်
များကိုလည်း အလုပ်သမားဦးစီဌာနက အခမဲ့ ပြုလုပ်ပေး
လျှက်ရှိကြောင်း သိရသည်။

"ဦးတို့ကုမ္ပဏီကတော့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ
ဖြစ်ပါတယ်။ ဦးတို့ရဲ့ ကုမ္ပဏီက ပြည်ပမှာ အလုပ် လုပ်ကိုင်ချင်
သူများ အတွက် နိုင်ငံခြားမှာ အလုပ်ရအောင်ရယ်၊ ပြီးတော့ တရားဝင် ဖြစ်တဲ့အတွက် နိုင်ငံခြားမှာ တစ်ခုခုဖြစ်ရင် ဦးတို့
ကုမ္ပဏီက သွားရောက် ကူညီဖြေရှင်း ပေးပါတယ်။ အဲ့ဒါကြောင့် လူငယ်တွေကို တရားဝင် သွားရောက် လုပ်ကိုင်စေချင်တဲ့အတွက် ဒီပွဲလေးကို ၀င်ရောက်ပြသရခြင်း ဖြစ်ပါတယ်" ဟု May Win ကုမ္ပဏီ
မှ မန်နေဂျင်းဒါရိုက်တာ ဦးနေ၀င်းက ပြောကြားသည်။

ထို့အပြင် "ကျွန်တော်တို့ ဒီပွဲကို လုပ်ခြင်းဖြင့် တိုက်ရိုက် ချိတ်ဆက်နိုင်
တဲ့ အတွက် ကြားထဲကပွဲစားခ သက်သာစေပါတယ်။ ပြီးတော့
ကျွန်တော်တို့ လူမျိုးတွေက နိုင်ငံခြားသွားတာ သူဌေးသွားလုပ်မှာ မဟုတ်ပါဘူး။ အလုပ်သွားလုပ်မှာပါ။ ဒါကြောင့် အလုပ်သမား အခွင့်
အရေးနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ လုပ်သွားသင့်ပါတယ် ။ ဒါမှ အလုပ်သမား ခေါင်းပုံဖြတ် ခံရရင် ဘယ်ပုံဘယ်နည်း ဖြေရှင်းရမယ်
ဆိုတာ သိမှာပါ။ ကျွန်တော်တို့ အနေနဲ့လည်း ပြည်ပမှာ အဖွဲ့တွေ
ရှိတယ်။ အခြားNGO အဖွဲ့တွေလည်း ရှိပါတယ်"ဟု အလုပ်သမား
ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။

ယင်းပြပွဲများ ကျင်းပလျက်ရှိသည်မှာ မန္တလေးတွင်(၂)ကြိမ် ရန်ကုန်တွင် ယခုပြပွဲအပါအ၀င်(၄)ကြိမ်မြောက် ရှိသွားပြီဖြစ်သည်။

ပိုင်လေး

The Myanma Age Facebook

No comments:

Post a Comment