Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 2, 2013

ကမ္ဘာ့တင်အကြီးဆုံးအမျိုးသမီး




လော့စ်အိန်ဂျလိစ်မှ Mikel Ruffinelli ဟာ သူမမှာ ကမ္ဘာ့ အကြီးဆုံးတင် ရှိကြောင်းကြွားဝါး လိုက်ပါတယ်။ သူမရဲ့တင်ဟာ ပတ်ပတ် လည် ၈ ပေကျော် ရှိပါတယ်။ ကလေး ၄ ယောက်မိခင်ဖြစ်သူ သူမဟာ တံခါးပေါက် များကို အဝင်၊ အထွက်လုပ်တဲ့အခါ အခက်အခဲ တွေ့ရပါတယ်။ လေယာဉ်စီးရင် လည်း ခုံနှစ်ခုံဆက် ဝယ်ပြီး ထိုင်ရ ပါတယ်။ အသက် ၃၉ နှစ်အရွယ် ရှိသော သူမဟာ သူမအတွက် အထူးပြုလုပ်ထားတဲ့ ထိုင်ခုံတပ်ဆင် ထားတဲ့ ထရပ်ကားကို မောင်းနှင် ရတာဖြစ်ပါတယ်။ ဒီလိုအခက်အခဲတွေ တွေ့နေပေမယ့် သူမကတော့ လုံးဝ၀ိတ်လျှော့မှာ မဟုတ်ပါဘူးတဲ့။ ဘာလို့လဲဆိုတော့ သူမရဲ့ ကြီး လူအများရဲ့စိတ်ဝင်စားမှု ခံရခြင်းကို သူမက သဘောကျ နှစ် သက်ပါတယ်။ သူမဟာ အသက် ၂၀ နှစ်အရွယ်ခန့်အထိ ပေါင် ၁၈၀ သာရှိခဲ့ပြီး ကလေး မွေးပြီးနောက်မှ တဖြည်းဖြည်း ကိုယ်အလေးချိန် တက်လာကာ ယခုသူမရဲ့တင်ပါး ကြီး ပူဖောင်းကြီးလို တဖြည်းဖြည်း ဖောင်းကားလာတာဖြစ်ပါတယ်။

ဇင်မာမြင့်

No comments:

Post a Comment