Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013

"ငိုချင်းသစ်"

 အရင်တခေါက်လိုပါပဲ
လင်နှစ်ယောက်ရခဲ့တယ် အမေ။
သင်္ဘောဆလင်က
နင် လာအိပ်
... မအိပ်ရင် လက်တို.မတဲ့
သူတို.စကား
ဓား အမေ။
အမေ ဒီမှာ
တက်ထရာ
ဂျယ်ရီယာဗစ်
ဟောလစ်လေ အမေ
အို….အမေရဲ.။
မျက်နှာလေးချိုချို
မျက်လုံးလေးတွေငိုလို.
ကြိုလည်း မကြို
ဆေးကိုလည်း မသောက်
သမီးတယောက်တည်း ထားပြီး
သွားပြီလား အမေ
အမေ
အိုး…..အမေရဲ.။ ။
ကိုလေး(အင်းဝဂုဏ်ရည်)
စာမော်ကွန်း ၂၀-၁၂-၁၉၈၄


 

 မှောင်ခိုခေတ်အကြောင်းရေးဖွဲ.ထားတဲ့ဆရာ့ရဲ.ကဗျာလေးပါ။
စိန်ပန်းမှာ ၁၁-၂-၂၀၁၃ နေ.ကလုပ်သွားတဲ့စာပေဟောပြောပွဲမှာလည်းဒီကဗျာလေးရွတ်သွားပါသေးတယ်။

No comments:

Post a Comment