Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 3, 2013

လူသားတဦး၏ ရင်သားအတွင်း ဆီလီကွန် ထည့်ခြင်း .....( ကျန်းမာရေး အသိ )



တိုးတက်လာသော လူအဖွဲ့ အစည်းတွင် ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ အမျိုးသမီးတွေအတွက် အလှအပရေးရာဆိုင်ရာ ကုထုံးအဖြစ် အတော်လေး ရေပန်း စားလို့လာ ပါပြီ ။ မြန်မာနိုင်ငံမှာသာ ယဉ်ကျေးမှုအရ ဓလေ့ထုံးတမ်းစဉ်လာတွေအရ ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ သိပ်ပြီးခေတ်မစားပေမယ့် တဖြေးဖြေးနဲ့ လုပ်လာနေကြပါပြီ အခုနောက်ပိုင်းတွင် များပြားလာကြောင်းသိရပါသည် အနောက်နိုင် ငံတွေ မှာခေတ်ကာလ အတော်လေးကြာခေတ်စားလာခဲ့သော လုပ်ဆောင်ချက်များဖြစ်ပါသည်

အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ရင်သားခွဲစိတ်ပြုပြင်တယ်ဆိုတာ အမျိုးသမီး တစ်ယောက်ရဲ့ရင်သားအရွယ်အစား ၊ ပုံသဏ္ဍာန် ၊ အလုံးအကြိတ်တွေခွဲထုတ်ပြီးလို့ ရင်သားကို ပြန်လည် ပြုပြင်ခြင်း အတွက် ခွဲစိတ်ပြုပြင်ခြင်းတစ်မျိုးဖြစ်ပါတယ် ။ ကျားကနေ မလို ပုံစံပြောင်းလွဲဖန်းတည်းရန်အတွက်လည်း လုပ်ဆောင်လာနေကြပါသည် ။

ရင်သားအတွင်း ထည့်သွင်းတဲ့နေရာမှာ အမျိုးအစား သုံးမျိုးရှိပါသည် ။
(၁)saline ၊
(၂)silicon့
(၃)silicon+saline ဆိုပြီး သုံးမျိုးရှိပါတယ် ။

Saline implant ဟာ elastomer silicone အခွံ ပါဝင်ပြီး saline အရည် တွေဖြည့်ထားခြင်းဖြစ်ပြီး Silicon implant ကတော့ အခွံခြင်းတူပေမယ့်အထဲမှာ silicon gel ထည့်သွင်းထားခြင်းဖြစ်ပါတယ်
ပေါင်းစပ်ထည့်သွင်းခြင်းဖြစ်တဲ့ Alternative composition မှာတော့ များစွာသောအရာတွေဖြစ်တဲ့ soy အဆီ ၊ polypropylene ကြိုး ၊ et cetera စသည်တို့ ပါဝင်ပါတယ် ။

Pectoral implant လို့ခေါ်တဲ့ ရင်ဘတ်တစ်ခုလုံး ခွဲစိတ်ပြုပြင်ခြင်းဟာ ယောင်္ကျားလေးတွေမှာ အလှအပရေး ရာအတွက် ( ကျားမှ မပြောင်းခြင်း) ဖြစ်စေ ၊ ရောဂါတစ်ခုခုကြောင့်ဖြစ်စေ ( gynecomastia - အမျိုးသားတွင် ရင်သားကြီးခြင်း ) စသည်တို့ကြောင့်ခွဲစိတ်ပြုပြင်ခြင်းဖြစ်ပါတယ် ။ ရင်သားခွဲစိတ်ပြုခြင်ခြင်းမှာ ရင်သားတစ် ရှူးတွေ ကြီးအောင် လုပ်တဲ့ breast tissue expander ဟာ ရင်သားခွဲစိတ်ပြုပြင်ခြင်းအဆင့်မှာ ယာယီသုံးတဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ် ။

breast implant device တွေကို ရင်သားရဲ့ အရွယ်အစား ၊ ပုံသဏ္ဍာန်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်သား အာရုံခံစားမှု ( feel) ဖြစ်ပေါ်စေရန်အတွက်ကို ပြုပြင်ပြောင်း လဲရန် အသုံးပြုခဲ့ကြပါတော့သည် ။

အခုတောင် ကိုယ့်လူမျိုး တော်တော်များများက ကိုယ့်ပိုင်ယဉ်ကျေးမှု့ နဲ့  ဝတ်စားမှု့ တွေတောင် အားနည်းလာပြီ....... ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အခုလို မျိုးကို လူနည်းစု ၊အသိုင်းအဝန်းတခုမှ လုပ်ဆောင်လာပေမဲ့  နောင်နှစ်မကြာခင်တွင် လုပ်ဆောင်လာကြသည်မှာပါ လို့ မောင်မန္တလေးမှ့ တွေးမိနေပါတော့သည် ။

No comments:

Post a Comment