Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 23, 2013

ကိုယ်ဝန်ဆောင်ကာလတွင် ပန်းဝတ်မှုန်နှင့် ထိတွေ့မှုရှိပါက မွေးဖွားလာမည့် ကလေးတွင် ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေ မြင့်မား



ကိုယ်ဝန်လရင့်စဉ်ကာလမှာ ပန်းဝတ်မှုန်နဲ့ များစွာထိတွေ့မှုရှိရင် မွေးဖွားလာမယ့် ကလေးမှာ ရင်ကျပ်ပန်းနာ ရောဂါဖြစ်နိုင်ခြေ မြင့်မားတယ်လို့ အမေရိကန်မှ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ လေ့လာမှု အများအပြားအရ ပန်းဝတ်မှုန်ထတဲ့ရာသီမှာ မွေးဖွားလာတဲ့ ကလေးတွေဟာ ဓာတ်မတည့်မှု ဖြစ်နိုင်ခြေ မြင့်မားကြောင်း တွေ့ရှိထားပါတယ်။ လရင့်ကိုယ်ဝန် (မွေးမဖွားမီ ၁၂ပတ်အလို)မှာ ပန်းဝတ်မှုန်ပမာဏ များစွာနဲ့ ထိတွေ့သူတွေရဲ့ မွေးဖွားလာတဲ့ ကလေးငယ်ဟာ အသက်တစ်နှစ်အတွင်း ရင်ကျပ်ပန်းနာ လက္ခဏာနဲ့ ဆေးရုံတက်ရနိုင်ခြေ မြင့်မားတယ်လို့ ဆိုပါတယ်။ မွေးဖွားလာတဲ့ကလေးရဲ့ ခုခံအားစနစ် ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။ ပန်းဝတ်မှုန်နဲ့ တုံ့ပြန်မှု အများအပြားရရှိတဲ့ ကိုယ်ဝန်ဆောင်တွေဟာ ကလေးစောမွေးနိုင်ပြီး ကလေးမှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာ ဖြစ်နိုင်ခြေလည်း များတယ်လို့ သိရပါသည်။
ပြည်မြန်မာ ဂျာနယ်


No comments:

Post a Comment