Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 25, 2013

သာဓု..သာဓု...သာဓု



“ ရုပ်ကိုလည်းပြင်၊ စိတ်လည်းပြင် ”
••••••••••••••••••••••••••••••••
“ နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမယ်....၊
အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်...။

မျက်နှာသစ်လျှင်၊ ရေကိုမြင်၊ မြင်စဉ်မေတ္တာပွားပါ့မယ်၊
သစ်ရင်းသစ်ရင်း၊ လျော့ယိုယွင်း၊ ရုပ်ဆင်းသတိထားပါ့မယ်။

တန်းတူတွေ့ရင် ၊ မေတ္တာဝင်၊ မ၀င်နိုင်က၊ ပြိုင်တတ်တယ်၊
ပြိုင်မဲ့အစား မေတ္တာပွား၊ စိတ်ထားပြုပြင်ပြောင်းပါမယ်

ကိုယ့်အောက်တွေ့ရင်၊ ကရုဏာဝင် ၊ မ၀င်နိုင်က နိုင်တတ်တယ်၊
နိုင်မဲ့အစား ၊ ကရုဏာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ကိုယ့်ထက်သာရင် မုဒိတာဝင်၊ မ၀င်ဣဿ ယိုင်တတ်တယ်။
ယိုင်မဲ့အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ရုပ်ကိုလည်းပြင် စိတ်လည်းပြင် ပြင်ဆင်တိုင်းရ ပြင်တိုင်းလှ၊
သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။ သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။ ”

- ( မစိုးရိမ် ပဋ္ဌာန်းကျောင်းဆရာတော် အရှင်ဝိသုဒ္ဓါဘိဝံသ )

Dhamma Danã Source ► www.facebook.com/youngbuddhistassociation.mm
Young Buddhist's Association
https://www.facebook.com/excellencemedia

 

No comments:

Post a Comment