Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 9, 2013

ကိုယ်အလေးချိန်ချခြင်းနှင့် ပတ်သက်တဲ့ အယူအဆလွဲမှားမှု


ကိုယ်အလေးချိန် ချခြင်းနှင့် ပတ်သက်ပြီး နည်းလမ်း တစ်ခုတည်း နှင့် အားလုံးကို ဖြေရှင်းဖို့ဆိုတာမဖြစ် နိုင်ပါဘူးလို့ အမေရိကန် အမျိုးသား ကျန်းမာရေး အင်စတီကျုမှ သိပ္ပံပညာရှင်တို့က ဆိုပါတယ်။ ရက်သတ္တပတ်မှာ ၃၅၀ဝ Kcals လျှော့ချ နိုင်ရင် ကိုယ်အလေးချိန် ၁ ပေါင်ကျ စေတယ်ဆိုတာကို လက်ခံထားတဲ့ အယူအဆကို စိန်ခေါ်ရာမှာ ယင်းသိပ္ပံ ပညာရှင်တို့က အဲဒီညီမျှခြင်းထဲမှာ ခန္ဓာကိုယ် အလေးချိန် အမျိုးမျိုးရှိတဲ့ သူတွေရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု ခြားနားချက် (Metabolism Differences) ကို ထည့်မတွက် ထားဘူးလို့ ပြောပါတယ်။ ယင်းအချက် ကို ကုစားဖို့အတွက် ယင်းသုတေသီတွေက "အွန်လိုင်း" ကိရိယာ တန်ဆာပလာတစ်ခု (An Online Tool) ကို တီထွင်နေပါတယ်။ ရည်ရွယ်ချက်ကတော့ တချို့သော ဇီဝကမ္မဗေဒ ဆိုင်ရာ အချက်အလက် တွေပေါ် အခြေခံပြီး ဘယ်လို ကိုယ်အလေးချိန် ကျမှု အမျိုးအစားကို မျှော်လင့်နိုင်တယ်ဆိုတာ ကြိုတင် ဟောကိန်း ထုတ်နိုင်ဖို့ဖြစ်တယ်။

ဦးလှမြင့်(ဂန္ဓမာ)

No comments:

Post a Comment