Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 26, 2013

ဝိတ်ချရာတွင်အသုံးဝင်စေမည့် အမျိုးသားသုံးဆေးဝါး



အမျိုးသားစွမ်းဆောင်ရည်မြှင့်ပေးသောဆေးဝါးဖြစ်သည့် Viagra သည် ၀မ်းဗိုက်ပတ်လည်ရှိအဆီများကို ကျဆင်းစေပြီး အ၀လွန်ခြင်းကြောင့်ဖြစ်သော နောက်ဆက်တွဲပြဿနာများကို လျော့ပါးစေသည်ဟုသိရသည်။ Viagra ဟု အသိများသော sildenafil သည် အမျိုးသားများတွင်ဖြစ်ပွားသောအမျိုး သားအင်္ဂါစွမ်းဆောင်ရည် နည်းပါးမှု ကိုကုသသောဆေးဖြစ်ပြီး အမျိုးသား အင်္ဂါကိုသွေးလှည့်ပတ်မှု များစေသော အာနိသင်ရှိသည်။
ဂျာမနီနိုင်ငံ၊ University of Bonn၊ ဆေးဝါးဗေဒဌာနမှူး Dr. Alexander Pfeifer က Viagra သည် cGMP ဟုခေါ်သော ပရိုတင်းအပေါ်တွင် သက်ရောက်မှုရှိကြောင်း၊ အဆိုပါအာနိသင်က အဆီဆဲလ်များ တိုးပွားလာမှုကိုတားဆီးပေးကြောင်းကို ယခုသုတေသနတွင်ပြောကြားထားသည် ။ Dr. Alexander Pfeifer နှင့်အဖွဲ့သည် ကြွက်များတွင် ယခုအာနိသင်ကို စမ်းသပ်ခဲ့ခြင်းဖြစ်ကာ အဆီများသော အစားအစာများကို ကျွေးထားသော ကြွက်များသည် Viagra၏ အာနိသင်ကြောင့် အ၀လွန်လာခြင်း မရှိကြောင်း သက်သေပြနိုင်ခဲ့သည်။ အဆိုပါ အာနိသင်ကိုကြွက်များ၏ အဆီဆဲလ်များကို စစ်ဆေးခြင်းအားဖြင့် သိရှိခဲ့ခြင်းလည်း ဖြစ်သည်။
သုတေသီများသည် ကြွက်များကို Viagra ဆေးထိုးနှံပေးခဲ့ပြီး ခုနှစ်ရက်အကြာတွင် အဖြူရောင်အဆီဆဲလ် (white fat cell) များမှ beige အဆီဆဲလ်အဖြစ်သို့ ပြောင်းသွားကြောင်း၊ အဆိုပါ beige အဆီဆဲလ်သည် ပိုလာသောအဆီများကို လောင်ကျွမ်းစေနိုင်ပြီး အ၀လွန်မှုကို တားဆီးနိုင်သည်ဟု သိရသည်။
Dr. Alexander Pfeifer က Viagra သည်အမျိုးသားစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရုံသာမက အ၀လွန်ခြင်းကိုပါ ကာကွယ်ပေးနိုင်ကြောင်း၊ အမျိုးသားသုံးဆေးဝါးအဖြစ်ကို FDA မှ ခွင့်ပြုချက်ရပြီးဖြစ်သော်လည်း ကိုယ်အလေးချိန်ကျဆင်းစေသော အာနိသင် မှာမူ လူသားများတွင် အသုံးပြုနိုင်ကြောင်းကို ထောက်ခံချက်ရရှိရန် မိမိတို့ ဆက်လက်ကြိုးပမ်းနေကြောင်းရှင်းပြခဲ့သည်။
ယခုလေ့လာမှုကို Journal of federation of US Experimental Biology တွင်ဖော်ပြ ထားခြင်းဖြစ်သည်။

သန့်စင်
Ref: medindia
Health Updates Journal
Vol-2,No-5
 Health Updates Journal

No comments:

Post a Comment