Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 29, 2013

" အနမ်းသမိုင်း"


 
အနမ်းဆိုတာ ကျောက်ခေတ်ကတည်းကရှိတယ်တဲ့…..
ဟိုးကျောင်ခေတ်တုန်းက ဆားဆိုတာ မရှိသေးတော့ လူတွေက
တစ်ယောက်ကို တစ်ယောက် လျက်ကြရတယ်တဲ့…..အဲဒါကိုအခြေခံလို့ 
အနမ်းဆိုတာဖြစ်ပေါ်လာတယ်တဲ့…….ဒါက နည်းနည်းတော့ တစ်မျိုးကြီးဖြစ်နေမယ်နော်….။

ရီဗော်လူးရှင်း သီအိုရီ နဲ့ ပတ်သတ်လို့ တော့…..ငှက်ရယ် အဆင့်မြင့် သတ္တဝါတွေရယ်ဟာ
သူတို့ ရဲ့ ကလေးတွေကို နှုတ်သီးချင်းတေ့ပြီး အစာကျွေးတဲ့ အလေ့အထ ရှိခဲ့တယ်..
အဲဒါဟာ အနမ်း သမိုင်းရဲ့ အစပဲ…..နောက်မှ ပေါ်ပေါက်လာတဲ့ လူသားဟာ ဗီဇမှာ ကတည်းက
အနမ်းဓာတ်တွေပါဝင်နေခဲ့တယ်…။
တကယ်တော့ အနမ်း ဆိုတာဟာ ချစ်သူ သမီးရည်းစားတွေအတွက် အဓိက မဟုတ်ပါဘူး….
ယာဉ်ကျေးမှုအရ…..အရိုအသေပေးတဲ့သဘော….အသိအမှတ်ပြုတဲ့သဘော နဲ့ နမ်းကြတာတွေ
လည်းရှိပါတယ်….သင်တို့ လည်းမြင်ဖူးကြမှာပါ….သမ္မတ အိုဘားမားတောင် အမေစုကို နမ်းသွားသေး
တာပဲ….အဲဒီလိုအနမ်းမျိုးကို SOCIAL KISS လို့ ခေါ်တယ်….။
အနမ်းလေးတွေမှာလည်း သင်္ကေတလေးတွေရှိပါတယ်….
လက်ကိုနမ်းရင် တစ်မျိုး…..နှုတ်ခမ်းကိုနမ်းရင်တစ်မျိုး….ဝတ်ရုံစကိုနမ်းရင်တစ်မျိုး…
ခြေထောက်အောက်ကမြေကြီးကိုနမ်းရင်တစ်မျိုး…အဲလိုမျိုးလေးတွေရှိပါသေးတယ်….
နောက်ထပ် ထပ်လေ့လာပြီး တပ်ပြောပြပါဦးမယ်….။
အနမ်းနဲ့ ပတ်သတ်လို့ …တရုတ်လူမျိုးတွေရဲ့ အယူကတစ်မျိုးပါ….
၁၉ရာစုမတိုင်အထိမှာ နမ်းခြင်းဆိုတာ နိမ့်ကျတဲ့အမူအရာ တစ်ရပ်အဖြစ်မြင်ကြတယ်…
စီးပွားပျက်သူတွေ ၊ ရာထူးကျသူတွေ ၊ အခြေအနေဆိုးနဲ့ ကြုံရသူတွေ အဲဒီလိုလူတွေကသာ
ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့  လုပ်ရတာလို့ ယူဆကြတယ်….။
အဲ ဟိုစကားပုံရှိတယ်လေ…အနမ်းနဲ့ ပတ်သတ်လို့ ပေါ့….ဘာတဲ့…
“ မချစ်သော်လည်း အောင့်ကာနမ်း ”…..အဲ အဲ့လိုအနမ်းမျိုးကြတော့….PSEUDO KISS လို့ 
ခေါ်တယ်…..။
အနမ်းအမျိုးအစားထဲမှာ ချစ်စရာ အကောင်းဆုံး အနမ်းကတော့…..လေဝဲအနမ်းလို့ ခေါ်တဲ့
FLY KISS ပါပဲ…။

ခုလောလော ဆယ်တော့…ကျွန်တော်သေချာ ဖတ်ကြည့် သလောက်ကတော့ဒါပါပဲ….
ဒီထက် ပိုပြီး ရှာကြံ ကြည့်ပါဦးမယ်….။
အားလုံးပျော်ရွှင်ကြပါစေ…..

လင်းဝေ

No comments:

Post a Comment