Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 18, 2013

ကိုယ်ဝန်ဆောင်စဉ် အတွင်း ARV ဆေးသောက်သုံး ထားပါက မိခင်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားရန် အခွင့်အလမ်း နည်းပါး

 
Friday 18th January 2013

သထုံခရိုင် အတွင်းရှိ အိပ်ခ်ျအိုင်ဗွီ ပိုးရှိ ကိုယ်ဝန်ဆောင် မိခင်များမှာ ငှက်ဖျား ရောဂါ ယှဉ်တွဲ ဖြစ်ပွားနှုန်း လေ့လာ ထားတဲ့ သုတေသန တွေ့ရှိချက် အရ

ကိုယ်ဝန်ဆောင် မိခင်တွေဟာ ကိုယ်ဝန် ဆောင်နေစဉ် အတွင်း ARV ဆေးသောက်သုံး ထားပါက မိခင်မှာ ငှက်ဖျားရောဂါ ဖြစ်ပွားဖို့ အခွင့်အလမ်း နည်းပါး တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်စဉ် ကာလ အတွင်း ငှက်ဖျား ရောဂါနဲ့ အိပ်ခ်ျအိုင်ဗွီ ရောဂါ ယှဉ်တွဲ ဖြစ်ပွားခြင်းဟာ မိခင်နဲ့ သန္ဓေသားအပေါ် ဆိုးကျိုးများ သက်ရောက်စေ နိုင်တယ်လို့ သိရပါတယ်။



ဒါကြောင့် ငှက်ဖျားရောဂါပိုး ဖြစ်ပွားနိုင်တဲ့ ဒေသများရှိ HIV ပိုးရှိ ကိုယ်ဝန်ဆောင် မိခင်များမှာ ငှက်ဖျား ပြဿနာကို ရှာဖွေ ဖော်ထုတ် နိုင်ဖို့ အတွက် ၂၀၁၁-၂၀၁၂ နှစ် အတွင်းက သထုံခရိုင်တွင်းမှာ သုတေသန ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သုတေသနမှာ စုစုပေါင်း HIV ပိုးတွေ့ လူနာ ၄၇ ဦး ပါဝင်ခဲ့ပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ ကိုယ်ဝန်ဆောင် ငှက်ဖျားရောဂါ တိုင်းတာရေး နည်းစနစ်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။



အဲ့ဒီလို သုတေသန ပြုလုပ်ချက် အရ HIV ပိုးတွေ့ ကိုယ်ဝန်ဆောင် မိခင်များမှာ ငှက်ဖျား ရောဂါပိုး မိခင်သွေး နမူနာများမှာ ၂၃.၄ ရာခိုင်နှုန်း၊ အချင်းသွေး နမူနာ များမှာ ၂၉.၈ ရာခိုင်နှုန်း တွေ့ရှိရပြီး ကလေးရဲ့ သွေးနမူနာများ မှာတော့ မတွေ့ရှိ ရဘူးလို့ သိရပါတယ်။ ဒီလို ငှက်ဖျားရောဂါနဲ့ အိပ်ခ်ျအိုင်ဗွီ ယှဉ်တွဲပြီး ကိုယ်ဝန် ဆောင်ချိန်မှာ ဖြစ်ပွားတာ ဟာလည်း သွေးတွင်း ဟေမိုဂလိုဘင် သွေးအားနည်းမှုနဲ့ ဆက်စပ် နေတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

MRTV-4

No comments:

Post a Comment