Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 18, 2012

အသက်ကြီးသည့်တိုင် အိမ်ထောင်မှုသုခ ရရှိနေအောင်



အိမ်ထောင်ကျတဲ့ နှစ်ကာလ ကြာရှည်ပြီး အသက်အရွယ် ကြီးလာတဲ့ အခါ အိမ်ထောင်ရေးသုခ ပျောက်ဆုံး လာတတ်ကြပါတယ်။ ပျင်းရိငြီးငွေ့မှု၊ နာမကျန်းမှု၊ ဆေးကုသမှု ခံယူရတာ စတဲ့အကြောင်း ပြချက်တွေကြောင့် တစ်ဦးနဲ့တစ်ဦး ထိတွေ့ချင်စိတ်တွေ လျော့နည်း သွားတတ်ပါတယ်။ ကျန်းမာတဲ့သူတွေက အသက်ကြီးလာတဲ့အထိ ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝကို ရရှိတယ်လို့ လေ့လာသူတွေက ဆို ထားတာကြောင့် သင်တို့ ဇနီးမောင်နှံရဲ့ ချစ်ခရီးလမ်း အမြဲအဆင်ပြေ စေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

၁။ ကျန်းမာအောင် နေထိုင်ခြင်း

အသက်ကြီးတဲ့အထိ ကျန်းမာနေဖို့ အခုကတည်းက နေ့စဉ်မှန်မှန် လိုက်နာသင့်တဲ့အချက် တွေကတော့

- လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပါ

ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှု ကောင်းမွန်နေရင် sex ကိစ္စမှာ ပိုမို အဆင်ပြေတတ်ပါတယ်။ ပုံမှန် အေရိုးဗစ် လေ့ကျင့်ခန်းပြုလုပ်တာက နှလုံးရဲ့ သွေးညှစ်အား ကောင်းမွန်ပြီး သွေးစီးဆင်းအား ကောင်းမွန်စေပါ တယ်။

- အာဟာရမျှတစွာ စားသောက်ပါ

အဆီနဲ့ သကြားဓာတ်နည်းတဲ့ အစာကို စားပြီး အမျှင်ဓာတ်များတဲ့အစာကို စားပေးပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များများ၊ အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတို့ ကို များများစားပေးပါ။ ငါး၊ အဆီနည်းတဲ့ အသား တို့ကို စားပြီး ပရိုတင်းဓာတ်ကို ရယူပါ။

- အိပ်ရေးဝ၀ အိပ်စက်ပါ

အိပ်ရေးဝ၀ အိပ်စက်အနားယူတာက ခန္ဓာ ကိုယ်ရဲ့ ပင်ပန်းနွမ်းနယ်မှုတို့ ပပျောက်ပြီး ခွန်အား ရရှိစေပါတယ်။

- အကျင့်ဆိုးများကို စွန့်လွှတ်ပါ

ဆေးလိပ်နဲ့ အယ်လ်ကိုဟောဟာ လိင်ပိုင်းဆိုင် ရာ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပြီး Sex ကိစ္စအပါအဝင် အထွေထွေကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၂။ ကြည်နူးဖွယ်ရာ စကားများ ပြောဆိုခြင်း

သင့်အိမ်ထောင်ဖက်နဲ့ သာယာနှစ်လိုဖွယ် ကောင်းတဲ့ စကားတွေကို ပြောဆိုတာက ပိုမိုပျော်ရွှင် ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို ဖြစ်စေပါတယ်။

- နှစ်သိမ့်စကား ဆိုပါ

သင့်အိမ်ထောင်ဖက်က သူ့ခန္ဓာကိုယ်အနေ အထား၊ ရုပ်ရည်တို့နဲ့ ပတ်သက်ပြီး စိတ်ပူပင်သောက ရှိနေရင် အားပေးနှစ်သိမ့်ပေးပါ။

- ချီးကျူးပါ

သင့်ဘဝအဖော်ရဲ့ ကောင်းတဲ့ လုပ်ဆောင်မှု တိုင်းအတွက် ချီးကျူးစကားပြောပေးပါ။ သူ့ကို ပိုကောင်းအောင် လုပ်ဆောင်ဖို့ လှုံ့ဆော်ရာရောက် ပါတယ်။

- ပြစ်တင်ရှုတ်ချမှု မပြုလုပ်ပါနှင့်

လူတိုင်း မှားတတ်ကြပါတယ်။ သင်လည်း တစ်ကြိမ်မဟုတ် တစ်ကြိမ်မှာ အမှားကို လုပ်မိချင်လုပ်မိ နိုင်တာပါပဲ။ သင့်အဖော်က သူ့အမှားကို သတိမမူ မိရင် ညွှန်ပြတာမျိုးပဲ ပြုလုပ်သင့်ပါတယ်။ ပြစ်တင် ရှုတ်ချမှု မလုပ်သင့်ပါဘူး။

- သင့်တော်သောအချိန်တွင် ပြောပါ

ချစ်ခင်နေတဲ့ အချိန်မျိုးမှာ စိတ်ပူပင်သောက တွေ၊ အဆိုးမြင်တဲ့ ခံစားချက်တွေနဲ့ စိတ်ဖိစီးစရာ ကိစ္စတွေကို မပြောဆိုပါနဲ့။

၃။ ပျော်ရွှင်ဖွယ်ရာ အပြုအမူများ ဖန်တီးခြင်း

အသက်ကြီးတဲ့အထိ အိမ်ထောင်မှု သုခပြည့်ဝ နေဖို့ရာအတွက်

- ပွေ့ဖက်ပါ

သင့်ဇနီးကို တစ်နေ့အနည်းဆုံး တစ်ကြိမ် ပွေ့ဖက်တာမျိုး ပြုလုပ်ပေးပါ။ ပွေ့ဖက်တာ၊ နမ်းရှုပ်တာ၊ လက်ချင်းဆုပ်ကိုင်တာတွေက အိမ်ထောင် ရေးကို ပိုမိုပျော်ရွှင်ကျေနပ်မှု ရရှိစေပါတယ်။

- ထိတွေ့ပါ

အသက်ကြီးလာပြီဆိုပြီး ချစ်ရေးချစ်ရာကိစ္စ တွေက အရေးမပါတော့ဘူးလို့ မယူဆသင့်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ငယ်ငယ်တုန်းက အကြောင်းတွေ နောက်ပြောင်ကျီစယ်ရင်း ထိတွေ့သင့်ပါတယ်။

ကေအမ်

No comments:

Post a Comment