Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 15, 2012

အာလာဒင်ဖက်ရှင်

အာလာဒင်ဖက်ရှင်ဟာဆိုရင် ၂၁ရာစု ဖက်ရှင်လောက ထဲအထိ ထိုးဖောက် ဝင်ရောက်နေပါတယ်။ ဝတ်ရတာ သက်သောင့်သက်သာ ရှိတဲ့အတွက် နိစ္စဓူဝ ထသွားထလာ အနေနဲ့ ဝတ်ဆင်ကြပါတယ်။ ဒီ ဘောင်းဘီဟာ အရှေ့အလယ်ပိုင်းက အကသမားတွေ ဗိုက်လှုပ်အက ကတဲ့ အခါမှာဝတ်တဲ့ ဘောင်းဘီ လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဘောလိဝုဒ်က မော်ဒန်ဒန့်စ်ဆာတွေ လည်းဝတ်ကြတယ်။ ဝတ်ရတာ သက်သောင့်သက်သာရှိပြီး အဆင်ဆန်းတဲ့ အတွက်လည်း လက်ရှိဖက် ရှင်ရေစီးကြောင်းထဲမှာ အာလာဒင် ဘောင်းဘီဟာ တစ်ဖန်ပြန်ကြော့ပြီး စန်းထလာတဲ့အတွက် ဒီတစ်ပတ်မှာ အာလာဒင် ဘောင်းဘီအကြောင်း မိတ်ဆက်လိုက်ရပါတယ်။

ဘယ်သူတွေဝတ်သင့်သလဲ

အာလာဒင်ဘောင်းဘီဖက်ရှင် ဟာ နောက်ဆုံးပေါ် အမျိုးသမီး ဝတ်ဖက်ရှင်ပုံစံတစ်မျိုးပါ။ တခြား တွဲဖက်ဖက်ရှင်ပစ္စည်းတွေနဲ့ လိုက် ဖက်ညီအောင် ဝတ်ဆင်မယ်ဆိုရင် ခန္ဓာကိုယ်အချိုးအစားကို ပြေပြစ် သွားစေပြီး လှပဆွဲဆောင်မှုလည်း ထွက်လာပါတယ်။ ဒါပေမဲ့ ခန္ဓာ ကိုယ်အမျိုးအစား အားလုံးအ တွက်တော့ ဒီဖက်ရှင်ဟာ သင့်တော် ခြင်းမရှိပါဘူး။ တင်ပါးနဲ့ပေါင်နေ ရာဟာ ပွယောင်းယောင်းဖြစ်နေတဲ့ အတွက် တချို့ဘော်ဒီအမျိုးအစား ပိုင်ရှင်တွေဝတ်ရင် ပိုပြီးတော့ကြီး မားသွားသလိုဖြစ်စေပါတယ်။ သာမန်အားဖြင့် ဒီဘောင်းဘီ ဖက်ရှင် ဟာ ခန္ဓာကိုယ်အချိုးအစား သေးသွယ်ပြီး အရပ်အမောင်း ရှည်တဲ့ ပျိုမေတွေဝတ်သင့်ပါတယ်။ အရပ် အမောင်းလှပြီး ခန္ဓာကိုယ်သေး သွယ်ပြေပြစ်တဲ့သူတွေဝတ်တဲ့အခါ မှာ ဘောင်းဘီကို အကွက်တွေ၊ ဒီဇိုင်းတွေဆင်ထားတဲ့ဘောင်းဘီ ထက် ဒီအတိုင်းရိုးရိုးရှင်းရှင်းနဲ့ ဝတ်တာ ပိုပြီးတော့ဆွဲဆောင်မှု ရှိစေပါတယ်။ ပိန်ချပ်ချပ်ဘော်ဒီပိုင်ရှင်တွေနဲ့ လည်း လိုက်ဖက်ပါတယ်။ ဒါပေမဲ့ ဘောင်းဘီအရောင် ရွေးတဲ့အခါမှာ အရောင်ဖျော့ဖျော့နဲ့ အကွက်သေး သေးတွေပါတဲ့ ဘောင်းဘီကိုသာ ရွေးချယ်သင့်ပါတယ်။ ငှက်ပျောသီး ပုံစံဘော်ဒီပိုင်ရှင်တွေအတွက်က တော့ ခန္ဓာကိုယ်အလှ ပိုပြီးတော့ မြုပ်သွားနိုင်ပါတယ်။ ဝတဲ့သူတွေ အတွက်ကတော့ အနက်ရောင်နဲ့ အကွက်ကြီးကြီးဒီဇိုင်းတွေ ဝတ်သင့်ပါတယ်။

ဘယ်အချိန်ဝတ်သင့်သလဲ

ဒီဖက်ရှင်ဟာ အမှန်တော့ နွေရာသီအတွက် အကောင်းဆုံး ဖက်ရှင်ပါ။ ဒါပေမဲ့ အခါမရွေး ဝတ်ဆင်နိုင်ပါသေးတယ်။ ရှော့ပင်း ထွက်တဲ့အခါပဲဖြစ်ဖြစ်၊ ခရီးသွား တဲ့အခါပဲဖြစ်ဖြစ်၊ အိမ်မှာနေရင်းပဲ ဖြစ်ဖြစ် ဝတ်ဆင်နိုင်ပါတယ်။

ထားရမယ့် စတိုင်ပုံစံ

ဒီအာလာဒင် ဖက်ရှင်ဝတ်ဆင်တဲ့အခါမှာ စနိုးဝှိုက်လေးလိုဟန် ဖမ်းနေရင် သူ့ရဲ့ပင်ကိုအရသာနဲ့ဆီ လျော်ခြင်းမရှိဘဲ ထော်လော်ကန့် လန့်ဖြစ်သွားနိုင်ပါတယ်။ ဒီဘိုဟီး မီးယန်းဖက်ရှင်ဟာ ရဲရဲရင့်ရင့်၊ ညှို့အားပြင်းပြင်း၊ ပျော့ပျော့ပျောင်း ပျောင်းနဲ့ အဆိပ်ပြင်းတဲ့ပုံစံမျိုး ဖမ်းရမှာဖြစ်ပါတယ်။Cuty အဝတ်အစားဝတ်ပြီး Sexy ပုံစံဖမ်း နေရင် နှစ်ဖက်အရသာပျက်သလို သူ့ဖက်ရှင်အလိုက် သူ့ Taste ကို အရဖမ်းသင့်ပါတယ်။

တွဲဖက်ဝတ်ဆင်သင့်သည်များ

အာလာဒင်ဘောင်းဘီဝတ်တဲ့ အခါမှာ အပေါ်ပိုင်းအဝတ်အစားကို ချပ်ချပ်ရပ်ရပ်လေး ဝတ်ပေးရပါမယ်။ တီရှပ်ပဲဖြစ်ဖြစ်၊ တခြားအဝတ်အစား ပဲဖြစ်ဖြစ် ခန္ဓာကိုယ် ချပ်ချပ်ရပ်ရပ် လေးဖြစ်စေတဲ့ အဝတ်အစားကိုပဲ ရွေးချယ်ဝတ်ဆင် သင့်ပါတယ်။ အပေါ်ပိုင်း အဝတ်အစားဟာ ချပ်ချပ် ရပ်ရပ်ဖြစ်နေ သင့်သလို တိုတိုကပ်ကပ်လည်း ဖြစ်နေရင် ပိုပြီးတော့ကောင်းပါ တယ်။ လက်မောင်းလှရင် လက် ပြတ်အတိုဝတ်ပေးပါ။ ဖိနပ်ကိုတော့ ကြိုးသိုင်း ဒေါက်ဖိနပ်လေးဝတ်ပေးပါ။ လူကို ပိုပြီးတော့ သွယ်လျစေပြီး အရပ် လည်း ပိုမြင့်သွားသလိုဖြစ်စေပါ တယ်။ ဒီဖက်ရှင်နဲ့ ဖိနပ်အပြား တွေဟာ မလိုက်ဖက်ပါဘူး။ အရပ်တအားမြင့်နေရင်တော့ ဖိနပ်အပြား ဝတ်နိုင်ပါတယ်။ အာလာဒင်ဘောင်းဘီ ဝတ်တဲ့အခါ လည်ဆွဲနဲ့ လက်ကောက်ပါတွဲ ဝတ်ပေးရင် ပိုပြီးတော့ဆွဲဆောင် မှုရှိပါတယ်။ လည်ဆွဲနဲ့လက် ကောက်ကို ဒီဇိုင်းကြီးကြီးလေးဝတ် ပေးပါ။ ခါးနေရာမှာလည်း တွဲဖက် ဖက်ရှင်ပစ္စည်းတွေ ဝတ်ဆင်နိုင် ပါတယ်။ ဦးထုပ်ပါ တွဲဝတ်ပေးရင်ပိုပြီး တော့ကောင်းပါတယ်။ အထူးသဖြင့် ကမ်းခြေနဲ့ခရီးသွားတဲ့အခါမျိုးမှာ ဦးထုပ်လေးပါ ဝတ်ဆင်ထားသင့်ပါတယ်။ အာလာဒင်ဘောင်းဘီ ဝတ်တဲ့အခါမှာ ခန္ဓာကိုယ်အချိုးအစား အလိုက် ဘောင်းဘီအသားကို ရွေး ချယ်ပေးသင့်ပါတယ်။ ဘောင်းဘီအ သား မရွေးတတ်ရင် အဆင်ခက်နိုင် ပါတယ်။ ဝတဲ့သူတွေအနေနဲ့ ပိုး သားလိုဟာမျိုးနဲ့လိုက်ပါတယ်။ ပိန် တဲ့သူတွေအနေနဲ့ ဖျင်ကြမ်းလိုဟာ မျိုးနဲ့လိုက်ဖက်ကြောင်းတင်ပြရင်း ဒီတစ်ပတ် ဒီမျှနဲ့သာ....။

နွေဦးအိမ်

No comments:

Post a Comment