Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 27, 2012

ပရိသတ် အားပေးတဲ့ ဇာတ်လမ်းမျိုး တွေကို သိလာ ပြီဖြစ်ကြောင်း ဝတ်မှုံရွှေရည် ပြော


ဝတ်မှုံရွှေရည်က အခုအချိန် မှာတော့ ဇာတ်ကားတွေကို ပရိသတ်တွေက ဘယ်လို မျိုး ဆိုကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ သဘောပေါက်လာပြီ။ အရင်တုန်း ကတော့ ပရိသတ်က ဘယ်လိုဇာတ်ရုပ်မျိုးကို လက်ခံလဲ ဆိုတာမသိခဲ့ဘူးလို့ ပြောပါတယ်။ "ဒီနှစ်မှာက ဇာတ်လမ်း အစုံ ရိုက်ကြည့် ဖြစ်တယ်။

အိမ်ထောင်ရေး ဇာတ်၊ ဖန်စီ၊ အချစ်ကားတွေရော အကုန်ရိုက်ကြည့်တော့ ဘယ်လိုဇာတ်မျိုး ကို အားပေး တယ်ဆိုတာ သိလာရတယ်။ အခု နောက်ပိုင်းမှာ ပေးလာတဲ့ဇာတ်ကို ဒါရိုက်တာ၊ မင်းသားတွေ နဲ့တိုင်ပင် ပြီး ရွေးချယ်ဖြစ်တယ်။ ကစ်ကတော့ အချိန် ပေးပြီး ဇာတ်ကားတိုင်း ကို အကောင်းဆုံးဖြစ်အောင် လုပ်ပါတယ်။ ဒီနှစ်မှာ အရင်နှစ်တွေထက်ပို အလုပ်လုပ် ဖြစ်တယ်။ နှစ်ဆ၊ သုံးဆလောက် ပိုပြီး အချိန်ပေး ဖြစ်တယ်။ အဲဒီ ကြားထဲမှာမှ ပရိသတ် အကြိုက် နဲ့ တစ်ခုခုလွဲ ချော်သွားတယ် ဆိုရင်အဲဒီ အတွက် နားလည်ပေးပါ။ အမှားရှိရင် လည်း ခွင့်လွှတ် ပေးပါလို့ ကြို တောင်းပန်ပါ တယ်။ တချို့ကားလေးတွေကို ပရိသတ်အကြိုက်နဲ့မကိုက် တာမျိုး ရှိတတ်တယ်လေ။ ပရိသတ် ကြည့်ရကျိုးနပ်တာမျိုးပဲ ရိုက်ချင် တယ်။ ကိုယ့်ကားကို တစ်ဝက်တစ်ပျက်နဲ့ကြည့်ပြီး ရပ်လိုက် တာမျိုး မဖြစ်စေ ချင်ဘူး။ သေချာပြင်ဆင်ပြီး အရင်ကထက် ပိုကြိုးစားပြီး ရိုက်ပါမယ်" လို့ ပြောပြခဲ့ပါတယ်။ ဝတ်မှုံရွှေရည်က "ချစ်သူများအစည်းအရုံး" ရုပ်ရှင် ဇာတ်ကား ရိုက်ကူးတဲ့ ရက်တွေမှာ ၂ ရက်နောက်ကျ ခဲ့တဲ့အတွက် သတ်မှတ်ထားတဲ့ စည်းကမ်း ချက် အတိုင်း ရှုတင်အဖွဲ့သားတွေကို နှစ်ခါမုန့်ဝယ်ကျွေးခဲ့ရတယ် လို့ အမှတ်တရပြောပြပါတယ်။ ဝတ်မှုံရွှေရည်က ဒီဇင်ဘာ တစ်လ လုံး ကြော်ငြာတွေပဲရိုက်ကူးမှာဖြစ်ပြီး ၂ဝ၁၃ ဇန်နဝါရီမှပဲ ဇာတ်ကားတွေကို ရိုက်ကူးဖြစ်တော့မယ်လို့ ပြောပါတယ်။

ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

မေမွန်မောင်

No comments:

Post a Comment