Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 25, 2012

တစ်သက်နှစ်ဘ၀ ရှင်သန်ကြသူများ (အပိုင်း ၂)

by Maw Kun Magazine on Tuesday, 23 October 2012 at 08:16 ·

 စောသစ်ထူးရေးသား၍ ဇော်နိုင်ဦးအချက်အလက်ပံ့ပိုးသည်။

ကျားကျားလျားလျားမိန်းမသား
 
          ကိုသက် (၃၈ နှစ်) ငယ်ငယ်တုန်းက သူ့အစ်ကိုရဲ့အ၀တ် အစားတွေ ၀တ်ချင်သလို သူ့အစ်ကိုကလည်း သူ့ အ၀တ်အစားတွေကိုဝတ်ချင်လို့ သူတို့ရဲ့မိခင်နဲ့ ခဏ ခဏ စကားများရလေ့ ရှိတယ်။

          သူ့အစ်ကိုက မိန်းမစိတ်ကိုတိမ်းòတ်ပြီး မိန်းကလေးဖြစ်တဲ့သူက ယောက်ျားစိတ် တိမ်း òတ်တယ်။ သူ့ရဲ့ သက်မာဆိုတဲ့ မိန်းကလေး နာမည်ကနေ ယောက်ျားလေး နာမည် ဖြစ်အောင် ကိုသက်လို့ နာမည်တပ် လိုက်တယ်။ သူ့လိုပဲ ယောက်ျားစိတ် တိမ်းòတ်နေတဲ့ မိန်းကလေးတွေက သူ တို့ နာမည်တွေကို ယောက်ျားလေးနာမည်နဲ့ နီးစပ်အောင် နာမည်ပေးလေ့ရှိကြတယ်။ နာမည်ရင်းခေါ်ရင် မကြိုက်ချင်ကြဘူး။

          ကိုသက်က ရှပ်အင်္ကျီလက်တိုနဲ့ သရီးကွာ တား ဘောင်းဘီဝတ်ထားတယ်။ သူ့ရဲ့ ညာဘက် ခြေသလုံးမှာ T&L ဆိုတဲ့ အင်္ဂလိပ်စာလုံးကို ဆေးမင် ထိုး ထားတယ်။ သူနဲ့ သူ့ကောင်မလေးရဲ့
နာမည်အတိုကောက်လို့ သူက ပြောတယ်။

          ကိုသက် ငါးတန်းအရွယ်လောက်ကစပြီး မိန်းကလေးချော ချောလေးတွေကိုတွေ့ရင် စိတ်ကူးယဉ်တတ်လာတယ်။ ရှစ်တန်း နှစ်အရောက်မှာ မိန်းကလေးတစ်ယောက်နဲ့ မိန်းမချင်းရည်းစား စထားတယ်။ ကောင်းမလေးအိမ်ကိုလည်း ၀င်ထွက်သွားလာ တယ်။ ကောင်မလေးရဲ့ မိဘတွေကလည်း မိန်းကလေးချင်းဆို တော့ ထွေထွေထူးထူး ပြောစရာမရှိဘူးပေါ့။

          လေးနှစ်လောက်အတူတူတွဲခဲ့ကြပြီး ကိုသက်က နောက် ကောင်မလေးတစ်ယောက်နဲ့ ထပ်ပြီးတွဲတယ်။ ကောင်မလေး နှစ်ယောက်ဆုံပြီး ကိုသက်ရှေ့မှာစကားများကြတာပေါ့။ သူ့ကို လည်း ဘယ်သူ့ဘက်ကိုလိုက်မလဲလို့မေးကြတယ်။


© Cybercartel International, Inc.


          “နေတာကြာနေတဲ့သူနောက်ကို ဘယ်လိုက်တော့မလဲ။ အသစ်ကိုရွေးလိုက်တာပေါ့” လို့ ကိုသက်က ရယ်ရယ်မောမော ပြန်ပြောပြတယ်။

          နောက်တစ်ယောက်ကျတော့ ကိုသက်ကို တခြားသူငယ်ချင်း မိန်းကလေးတွေနဲ့အတူတူသွားရင်တောင် စိတ်မချတတ် ဘူး။ သိပ်ချစ်လွန်းပြီး သ၀န်တိုလွန်းတော့လည်း ကိုသက် မနေ တတ်တော့ဘူး။ ငါးနှစ်အကြာမှာပဲ အဲဒီကောင်မလေးနဲ့ ပြတ်စဲ သွားတယ်။

          “သိပ်ချစ်လွန်းတဲ့ဒဏ်ကို မခံနိုင်ဘူး”

          ကိုသက်က ပြုံးစိစိနဲ့ပြောတယ်။

          နောက်တစ်ယောက်ကျတော့ ဗေဒင်ယတြာအကြောင်းပြ ချက်နဲ့ အတူနေဖြစ်ခဲ့တယ်လို့ဆိုတယ်။ ကောင်မလေးက ကိုသက်အတွက် ဗေဒင်တွက်ထားတာ။ အိပ်ရာပြောင်းအိပ်ဖို့လိုတယ်ဆိုပြီး သူ့အိမ်မှာတစ်ပတ်လောက်လာအိပ်ဖို့ ကိုသက်ကို အကြံပေးတယ်။

          “တစ်ပတ်လောက်အိပ်ရာပြောင်းမယ်ဆိုပြီး သွားလိုက် တာ ရှစ်နှစ်ကြာသွားတယ်”

          ကိုသက်က ပြောပြောဆိုဆိုနဲ့ ရယ်ပါတယ်။

          သူတို့နှစ်ယောက်ကို ကောင်မလေးမိဘတွေက အခန်း သီးသန့်ထားပေးတယ်။ အတူသွားအတူလာလုပ်တာကိုလည်း ကြည်ကြည်ဖြူဖြူပဲ။

          အခုချိန်မှာတော့ ကောင်မလေးကလည်း အိမ်ထောင်ကျ၊  ကိုသက်ကလည်း နောက်ကောင်မလေးတစ်ယောက်နဲ့ပေါ့။

          “ကောင်မလေးတွေ ဘယ်လောက်ထားခဲ့သလဲဆိုတာ အခုချိန်ထိဆိုရင် များလွန်းလို့ အားလုံးကိုမမှတ်မိတော့ဘူး”

          ကိုသက်လိုယောက်ျားလျာတွေကို ယောက်ျားလေး သူငယ်ချင်းတွေက စတတ်နောက်တတ်ကြပေမယ့် ဂေးတွေ လောက်တော့ မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုကို မခံစားရဘူးလို့ဆိုပါတယ်။

ဗီဇနှင့် ပတ်ဝန်းကျင်
 
          လူတစ်ဦးချင်းစီမှာ မွေးရာပါမျိုးဗီဇလွှမ်းမိုးမှုအရသော် လည်းကောင်း၊ မိသားစုပတ်ဝန်းကျင်ရဲ့ ဆက်ဆံမှုအရလည်း ကောင်း ယောက်ျားစိတ်၊ မိန်းမစိတ်လွှမ်းမိုးမှုများ ကွဲပြားလေ့ရှိ တယ်လို့ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန ပါမောက္ခ၊ ဌာနမှူး ဒေါက်တာအောင်မြတ်ကျော်စိန်က ပြောပါတယ်။

          “မွေးရာပါ  gene (မျိုးဗီဇ) အရ၊ ရုပ်ရည်အားဖြင့်လည်း ဖြစ်တတ်ပါတယ်။ တချို့က တော့င်တောင့်မာမာကြီး။ သူသည် စိတ်ပိုင်းဆိုင်ရာက နွဲ့ နွဲ့နှောင်းနှောင်းဖြစ်တတ်တယ်။ တချို့ကျ တော့လည်း အသံကိုက နွဲ့ နွဲ့နှောင်းနှောင်းဖြစ်နေတယ်။ ဒါပေမဲ့ homosexual (လိင်တူဆက်ဆံသူ) မဟုတ်ဘူး။ သူ့ gene (မျိုးဗီဇ) အရဖြစ်နေတာ”

          ယောက်ျားလေးမွေးလာပေမယ့် မိန်းကလေးစိတ် တိမ်း ညွှတ်မှုရှိတတ်သလို မိန်းကလေးဖြစ်ပေမယ့် ယောက်ျားလေး စိတ် တိမ်းညွှတ်မှုမျိုးရှိပြီး တိမ်းညွှတ်မှုအတိုင်းအတာလည်း ကွဲပြားနိုင်တယ်လို့ ဒေါက်တာအောင်မြတ်ကျော်စိန်က ရှင်းပြ ပါတယ်။

          မိသားစုအသိုင်းအ၀ိုင်းက မွေးရာပါဗီဇကို ပြင်းပြင်းထန် ထန် ပြုမူဆက်ဆံဖို့မသင့်ဘူးလို့လည်း အကြံပြုတယ်။ ဒီနေရာ မှာ အားပေးအားမြှောက်ပြုဖို့ ဆိုလိုတာမဟုတ်ဘဲ လူတစ် ယောက်ရဲ့ မှန်ကန်တဲ့အသိဉာဏ်နဲ့ အသက်မွေးမှုရရှိအောင် တည့်မတ်ပေးဖို့ကို ဆိုလိုတာဖြစ်ပါတယ်။

          မိန်းမစိတ်တိမ်းòတ်မှုရှိနေတဲ့ ယောက်ျားလေးကို ငယ်စဉ်ကတည်းက မိန်းကလေးတစ်ဦးလို ပြုမူဆက်ဆံမယ်ဆို ရင် မိန်းမလျာဖြစ်စေနိုင်သလို ယောက်ျားစိတ်တိမ်းòတ်မှု များနေတဲ့ မိန်းကလေးငယ်ကို ယောက်ျားလေးလိုပြုမူဆက်ဆံ ခဲ့မယ်ဆိုရင်လည်း ယောက်ျားလျာဖြစ်ဖို့ အလားအလာပိုများ သွားနိုင်ပါတယ်။

          “ယောက်ျားလေးသည် ယောက်ျားလေးဖြစ်တာတော့ အကောင်းဆုံးပေါ့။ သူ့ tendency (တိမ်းညွှတ်မှု) ရှိတာကို အတင်းကြီး ဆိုးဆိုးဝါးဝါးကြီးတော့  treat (ပြုမူဆက်ဆံ) မလုပ် သင့်ဘူး။ ဒါသည် normal (ပုံမှန်) ပေါ့။ ဒါကို လူ့အသိုင်းအ၀ိုင်းက abnormal (မူမှန်မဟုတ်ခြင်း) အဖြစ်မမြင်စေချင်ဘူး”

          လိင်တူကြိုက်သူတွေနဲ့ပတ်သက်ပြီးတော့လည်း “သူတို့ သည်လည်း သာမန်လူတွေပဲ။ ဒါကြီးက လူ့အဖွဲ့အစည်းမှာ မရှိ သင့်တဲ့အရာလို့တော့ မမြင်သင့်ဘူး။ ရှိလည်းရှိနေကြတယ်။ (စိတ်ပိုင်းဆိုင်ရာအားဖြင့်) normal (ပုံမှန်) ပါပဲ” လို့ ဒေါက်တာ အောင်မြတ်ကျော်စိန်က သုံးသပ်ပါတယ်။

          ဒါပေမဲ့ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာ တွေ၊ ဘာသာတရားတွေနဲ့ ဟိုဘက်ဒီဘက်အစွန်းမရောက် အောင် ချိန်ညှိဖို့တော့လိုမယ်လို့ဆိုပါတယ်။

          “အဖွဲ့နဲ့၊ အသိုင်းအ၀ိုင်းနဲ့ မူးယစ်ဆေးဝါးတွေလုပ်မယ် ကျန်တဲ့သူတွေကိုလည်း လိင်တူဆက်ဆံလာအောင် အတင်း အဓမ္မလုပ်မယ်ဆိုရင်တော့ ရောဂါပဲ။ ရိုးရိုးသားသားစီးပွားရှာ မယ်ဆိုရင် ဘာမှထိခိုက်တာမဟုတ်ဘူး normal (ပုံမှန်) ပဲ” လို့ ဒေါက်တာအောင်မြတ်ကျော်စိန်က မှတ်ချက်ပြုပါတယ်။

          ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်လာမယ်ဆိုရင်တော့ ပုံမှန်မဟုတ်တဲ့     အပြုအမူဖြစ်တယ်လို့ ဆိုပါတယ်။

          လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကလည်း      “(လိင်တူချစ်ခြင်းဟာ)မူမမှန်မဟုတ်ပါဘူး။ အသွင်မတူခြင်း တစ်မျိုးပါ။ ချစ်ခြင်းဆိုတာ မူမှန်တဲ့စိတ်၊ ကောင်းတဲ့စိတ်ပဲ မဟုတ်ဘူးလား” လို့မေးခွန်းထုတ်ပါတယ်။

          ယနေ့ခေတ်ရုပ်ရှင်ဇာတ်လမ်းတွေမှာ ယောက်ျားလျာ၊ မိန်းမလျာဇာတ်ရုပ်တွေဟာ အပြင်မှာတကယ်ရှိနေတဲ့ လိင်တူ ချစ်သူတွေရဲ့ဘ၀ကို ကိုယ်စားမပြုဘဲ ရယ်စရာပေါ ကြောင် ကြောင်လုပ်နေတာတွေဟာလည်း နှိမ်ချဆက်ဆံမှုတစ်မျိုးပဲဖြစ်တယ်လို့ ဂေးတွေကပြောကြပါတယ်။

          ဇာတ်လမ်းသရုပ်ဖော်ပုံတွေနဲ့ပတ်သက်ပြီး ဦးအောင်မျိုး မင်းက အခုလိုသုံးသပ်တယ်။

          “သဘာဝလွန်ဇာတ်လမ်းတွေ၊ ရယ်စရာဟာသ ပေါကြောင်ကြောင်ပုံစံဇာတ်ရုပ်တွေနဲ့ ရိုက်ပြနေတာဟာ တကယ် တော့ မှားယွင်းတဲ့သတင်းစကားကို  ပြည်သူထံပေးနေတဲ့အတွက် တော်တော်လေးဆိုးပါတယ်။ လိင်တူချစ်သူတိုင်း သဘာဝလွန် ပုံစံမျိုးရှိတဲ့ ပေါကြောင်ကြောင် လူသားတွေမဟုတ်ပါဘူး”

          ဒေါက်တာအောင်မြတ်ကျော်စိန်က “သူတို့လည်း လူဖြစ် တဲ့အတွက် လူတစ်ယောက်ရဲ့အခွင့်အရေးအနေနဲ့ရှိတာတော့ မှန်သွားတယ်။ နိမ့်ကျတဲ့အမြင်နဲ့တော့မမြင်သင့်ဘူး။ သုံးနှုန်းတဲ့ စကားလုံးပဲဖြစ်ဖြစ်၊ မြင်တဲ့အမြင်ပဲဖြစ်ဖြစ် သူတို့ကို အထင်သေး အမြင်သေးတော့ မြင်ဖို့တော့မကောင်းဘူး” လို့ ပြောပါတယ်။


အလှဖန်တီးရှင် ငယ်ငယ်


          လိင်တူချစ်သူတွေနဲ့ပတ်သက်ပြီး ထားရှိတဲ့သဘောထား တွေကို လှည်းတန်းလမ်းဆုံမှာ အသေးစားစစ်တမ်းလေးတစ်ခု ပြုလုပ်ခဲ့ရာမှာ တစ်ဦးနဲ့တစ်ဦး အမြင်မတူတာတွေ တွေ့ရပါ တယ်။ အဲဒီထဲက အချို့ရဲ့ ထင်မြင်ချက်ကို နားထောင်ကြည့်ပါဦး။

          အသက် ၄၇ အရွယ် အမျိုးသမီးတစ်ဦးက “အန်တီ့သား၊ သမီး တစ်ယောက်ယောက်က မိန်းမလျာ၊ ယောက်ျားလျာ ဖြစ် လို့ကတော့ မူလဘ၀ကိုပြန်ရအောင် ချက်ချင်းလုပ်မှာပဲ” လို့ ဖြေပါတယ်။

          အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ အခုလိုပြောတယ်။

          “မိန်းမလျာဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ် လူဟာလူပဲ။ အရွယ်ရောက်လာရင်တော့ ဘ၀ရပ်တည်ချက်အတွက် အလုပ်လုပ် ရမှာပါပဲ။ သူတို့ဒီလိုဖြစ်လာတာကတော့ ကံအကျိုးပေးပါပဲ”

          အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ သဘာဝ အတိုင်းပဲဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

          “ကျွန်မကတော့ မိသားစုထဲက တစ်ယောက်ယောက် အဲဒီလိုဖြစ်ရင် ချက်ချင်းတားမှာပဲ။ သဘာဝကိုကျော်လွန်တာ မှန်သမျှ ဘာမှမကောင်းပါဘူး။ သဘာဝအတိုင်းပဲ ဖြစ်စေ ချင်တယ်”

လူထဲကလူ
 
          ခွဲခြားခံရတဲ့နေရာမှာ မိသားစုနဲ့ပတ်ဝန်းကျင်တင်မကဘဲ ဥပဒေကြောင်းအရလည်း ဂေးတွေကိုနှိပ်ကွပ်သလိုဖြစ်နေတယ်လို့ ဂေးအခွင့်အရေးတက်ကြွသူတွေက ပြောကြတယ်။

          “လိင်တူချစ်သူတွေအပေါ် ခွဲခြားဖိနှိပ်တဲ့ ရာဇ၀တ်ဆိုင်ရာ ဥပဒေတစ်ခု မြန်မာပြည်မှာ အခုအချိန်ထိ တည်ရှိနေတာ စိတ်မ ကောင်းစရာပါပဲ။ ဒီဥပဒေကတော့ ဗြိတိသျှကိုလိုနီခေတ်ကထဲ က ကျန်နေခဲ့တဲ့ ရာဇ၀တ်မှုဆိုင်ရာဥပဒေ (၃၇၇) ဖြစ်ပါတယ်” လို့ အောင်မျိုးမင်းကပြောတယ်။

          ၎င်းင်းဥပဒေကို ၁၈၆၁ မှာအင်္ဂလိပ်ဘာသာနဲ့ပြဋ္ဌာန်းခဲ့ပြီး ၁၉၅၃ မှာ မြန်မာဘာသာနဲ့ ပုံနှိပ်ထုတ်ဝေခဲ့တယ်။ ပြစ်မှုဆိုင်ရာ ဥပဒေဖြစ်ပြီး ရဲအရေးပိုင်တဲ့အမှုဖြစ်တယ်လို့ ဥပဒေပညာရှင် ဦးကျော်မင်းစံကရှင်းပြတယ်။

          ပြစ်မှုထင်ရှားခဲ့ရင် ထောင်ဒဏ် ၁၀ နှစ်အထိဖြစ်စေ၊ တစ် သက်တစ်ကျွန်းဖြစ်စေ ချမှတ်နိုင်တယ်လို့ဆိုပါတယ်။

          “ဓမ္မတာနှင့်ဆန့်ကျင်သော ကာမဆက်ဆံရင်၊ ဓမ္မတာနဲ့ဆန့်ကျင်သောဆိုတဲ့နေရာမှာ ကျင်ကြီးစွန့်တဲ့အပေါက်ကို အဓိ ကဆိုလိုတာပေါ့။ ပါးစပ်တွေဘာတွေနဲ့ oral sex လုပ်တယ်ဆို လည်း ဓမ္မတာနဲ့ဆန့်ကျင်တာပဲ” လို့ ဦးကျော်မင်းစံက ပုဒ်မ ၃၇၇ ကို ဖွင့်ဆိုပြပါတယ်။

          ၎င်းင်းပုဒ်မ ၃၇၇ ဟာ ဂေးတွေကို သီးခြားဦးတည်တာမဟုတ် သော်လည်း ဂေးတွေအနေနဲ့ မလုံမခြုံခံစားနေရတယ်လို့ ဂေး တွေက ပြောကြပါတယ်။

          “(ယောက်ျားရောမိန်းမပါ)ခန္ဓာကိုယ်အင်္ဂါတွေကို အဆင် ပြေသလိုအသုံးချပြီး သာယာမှုရှာနေကြတဲ့အချိန်မှာ ဘာကိစ္စနဲ့ MSM ကိုမှ ထူးပြီးတာ့ ဓမ္မတာနဲ့မညီဘူးဖြစ်ရတာလဲ” လို့ သက်မွန်ဖြိုးကဆိုပါတယ်။

          ကမ္ဘာပေါ်မှာ လိင်တူချင်းလက်ထပ်ခွင့်ပြုထားတဲ့နိုင်ငံ ၁၁ နိုင်ငံရှိပြီး ၁၉၉၆ မှာ နယ်သာလန်နိုင်ငံက စတင်ခွင့်ပြုခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကပဲ လိင်တူ လက်ထပ်ခွင့်ဥပဒေ ပြဋ္ဌာန်းပေးဖို့ဆုံးဖြတ်ခဲ့တာကြောင့် ၁၂     နိုင်ငံဖြစ်လာတော့မှာပါ။

          လိင်တူကြိုက်နှစ်သက်ခြင်းကို “ယောက်ျားနဲ့မိန်းမ ချစ် ခင်နှစ်သက်သလို လိင်တူချစ်တယ်ဆိုတာ လိင်ချင်းတူသူနှစ် ယောက်က မတူတဲ့ပုံစံမျိုးနဲ့ ချစ်ခင်မြတ်နိုးနှစ်သက်ခြင်းသာဖြစ်တာပါ” လို့ ဦးအောင်မျိုးမင်းက မှတ်ချက်ပြုတယ်။

          နောက်ထပ်ခွဲခြားဆက်ဆံမှုဖြစ်တဲ့ ဂေးတွေဟာ HIV အပါအ၀င် ကူးစက်ရောဂါပိုးသယ်ဆောင်သူတွေဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း ဂေးတွေက အပြည့်အ၀လက်မခံကြပါဘူး။

          ဂေးတွေဟာ လူတန်းစာအလွှာအသီးသီးမှာ အပုန်းတွေ၊ အပွင့်တွေအဖြစ် ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ရှိနေတာကြောင့် ဂေး အရေအတွက်ကိုသိဖို့ ခက်ခဲပါတယ်။ သို့ပေမယ့် ဘ၀တူသူ တွေပေါင်းစုပြီး ဦးတည်အုပ်စုတွေနဲ့ ကူးစက်ရောဂါ ကာကွယ် တားဆီးရေးတွေကို လုပ်ဆောင်နေတယ်လို့ The Help အဖွဲ့ရဲ့ ပရိုဂရမ်မန်နေဂျာလည်းဖြစ်တဲ့ သက်မွန်ဖြိုးကပြောတယ်။

          HIV ဟာ လူတန်းစားမရွေး၊ လူမျိုးဘာသာမရွေး ကူး စက်နိုင်သောရောဂါဖြစ်တာကြောင့် “ဘယ်သူမို့လို့ ကူးတယ်ဆို တာထက် သူတို့ရဲ့ အပြုအမူတွေပေါ်မှာပဲမူတည်ပါတယ်” လို့ သက်မွန်ဖြိုးကသုံးသပ်တယ်။

          အ္တရာယ်ရှိတဲ့လိင်ဆက်ဆံမှုမျိုးပြုသူ ယောက်ျား၊ မိန်းမအားလုံးကူးစက်နိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့လို့ဂေးတွေကိုပဲတစ်ဖက်သက်အပြစ်တင်နေတာဟာလည်း ခွဲခြားမှုတစ်ခုပဲ လို့ ဂေးတွေကထောက်ပြကြတယ်။

          လိင်တူချစ်သူတွေဟာလည်း လူထဲကလူပဲမို့လို့ LGBT အခွင့်အရေးဆိုတာလည်း လူတစ်ယောက်ရဲ့အခွင့်အရေးထက် ဘာမှပိုတောင်းဆိုတာမရှိဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကပြောကြတယ်။

          “ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေထဲမှာ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးအားလုံးထုတ်ပြန်ထားတယ်။ MSM ဆိုတာလည်း နိုင်ငံသားပဲဖြစ်တာကြောင့် သူတို့လည်း ဒီအခွင့်အရေးတွေရှိကိုရှိ ရမယ်” လို့သက်မွန်ဖြိုးကမှတ်ချက်ပြုတယ်။

          ဂေးတွေကို ပုံမှန်မဟုတ်သလိုဆက်ဆံတာ၊ ရယ်စရာ အဖြစ် သဘောထားတာတွေကြောင့် စိတ်ဓာတ်ရေးရာအရ     ထိခိုက်ခံစားကြရပြီး အသက်မွေးဝမ်းကျောင်းအတွက် အလုပ်      အကိုင် ရှာဖွေရာမှာလည်း အခက်အခဲတွေနဲ့ရင်ဆိုင်ရတယ်လို့ ဂေးတွေ ကပြောပါတယ်။

          သတ်မှတ်ထားတဲ့ ပညာအရည်အချင်းပြည့်မီပေမယ့် ဂေး ဖြစ်နေတာကြောင့် လူရှေ့သူရှေ့မထွက်ရတဲ့ back office လို တာဝန်တွေကိုပဲပေးတာ၊ စိတ်တိုင်းကျဝတ်စုံ ပေးမ၀တ်တာ စသ ဖြင့် ခွဲခြားမှုမျိုးတွေဟာ လူတစ်ယောက်ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကိုဆုံးရှုံးသွားစေတယ်လို့ ထောက်ပြကြပါတယ်။

          လိင်တူချစ်သူတွေအနေနဲ့ ပထမဆုံးခွဲခြားဆက်ဆံရမှု စတင်တွေ့ရတာက မိသားစုတွင်းမှာဖြစ်ပြီး ၀င်ငွေမရှာပေးနိုင်တဲ့သူတွေဆိုရင် မိသားစုထဲမှာတင်ပဲ ပိုပြီးနှိမ်ချဆက်ဆံခံရလေ့ရှိတတ်တာကြောင့် အသက်မွေးဝမ်းကျောင်းမှုအတွက် အလုပ် ကိုင်ကောင်း ရှာဖွေရခက်ခဲတာဟာ လူတစ်ယောက်ရဲ့အခွင့်အ ရေးဆုံးရှုံးနေရတာဖြစ်တယ်လို့ လိင်တူချစ်သူတွေက ဝေဖန်ကြတယ်။

          ဂေးတွေအနေနဲ့ အခွင့်ရေးတောင်းဆိုတဲ့နေရာမှာလည်း တာဝန်ယူမှုနဲ့တွဲပြီး တောင်းဆိုတတ်ဖို့လိုပါတယ်။ ကိုယ့်ကိုပေး ထားတဲ့နေရာနဲ့ ထိုက်တန်တဲ့ အပြုအမူမျိုးကို ပတ်ဝန်းကျင်က အသိမှတ်ပြုရင်လည်း အသိမှတ်ပြုတာနဲ့တန်တဲ့ အနေအထိုင် မျိုးရှိသင့်တယ်လို့ အောင်ကိုကပြောတယ်။

          မိသားစုရော ပတ်ဝန်းကျင်ကပါလေးစားတဲ့ လိင်တူဆက် ဆံသူမျိုးဖြစ်ဖို့က ငွေ၊ ဒါမှမဟုတ် ပညာတစ်ခုခုရှိပြီး အနေအ ထိုင်ဆင်ခြင်တတ်ဖို့လိုတယ်လို့ မိုးညကခံယူထားတယ်။

          မိတ်ကပ်ပညာကို အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုအဖြစ်လေ့လာထားတဲ့ သူကိုယ်တိုင်လည်း ပတ်ဝန်းကျင်ရဲ့ အထင်သေး၊ အမြင်သေးမှုတွေမရှိအောင်လို့ ကိုယ်တတ်ထားတဲ့ ပညာရပ်ကို အမြဲဖြည့်ဆည်းနေရတယ်လို့ ပြောတယ်။

          “ ဒီခေတ်နဲ့ယှဉ်ရင်တော့ ငွေရှိမှ အခြောက်တွေကသင့် တော်တာ။ ငွေမရှိရင် အနှိမ်ခံရတယ်။ ငွေရှိတာတောင် နှိမ်ချင် နေကြတာ။  အားလုံးကိုလိုက်လျောညီထွေဖြစ်အောင် နေတတ် ဖို့လိုတယ်”

          မိုးညက ပြောရင်းနဲ့ စလင်းဘတ်အိတ်ထဲက လက်ကိုင်မှန် လေးကိုထုတ်လိုက်ပြီး သူ့နှုတ်ခမ်းနီအရောင်ကို ထပ်တင်လိုက် တယ်။ တစ်နာရီကျော်ကျော်စကားပြောခဲ့ပြီးပြီမို့ ထိုင်ခုံကထပြီး အညိုရောင်ကိုယ်ကျပ်အင်္ကျီကိုဆွဲချလိုက်တယ်။

          “ကိုယ်ကမိန်းကလေးမဟုတ်မှန်းသိတယ်။ ဟိုရှေ့ကလာ တဲ့အခြောက် အရမ်းမိုက်တယ်ကွာလို့ ပြောမှကြိုက်တယ်”

          မိုးညက စလင်းဘတ်အိတ်ကိုလွယ်၊ ခေါင်းမော့ရင်ကော့ပြီး လက်ပြနှုတ်ဆက် ထွက်ခွာသွားတော့တယ်။             ။

No comments:

Post a Comment