Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 25, 2012

ခြေရှုပ်သူရဲ့ ဇနီးမယားတို့ သိစေဖို့အချက်(၁၄)ချက်


၁ .။ လင်ယောင်္ကျား အပေါ် အတတ်နိုင်ဆုံးစကားကိုချိုသာစွာ ပြောဆိုပါ..။

၂..။နို့ စို့ ကလေး အရွယ်မှလွဲ၍ အိပ်ရာသီးခြားခွဲသိပ်ပါ. ။( ဖြစ်နိုင်ရင် လင်မယား ၂ ယောက် ထဲသာသီးသန့်အိပ်စက်သင့်ပါတယ် )

၃..။ အချိန်ရလျင်ရသလို စာဖတ်ပါ.။( စာဖတ်ခြင်းကြောင့် ဗဟုသုတ တိုးပြီး စိတ်ခွန်အားရစေပါတယ်)

၎..။ လတ်တလောခြေလှမ်းပျက်နေသောလင်ယောင်္ကျားအား မေးမြန်းစုံစမ်းခြင်းမပြု ပဲ အသာစောင့်ကြည့်ပါ.။( လင်ယောင်္ကျားဘက်က မည်သည့်အကြောင်းအရာမှ ဖွင့်ဟခြင်းမရှိသေးသရွေ့ မိမိသိနေ ရိပ်မိနေကြောင်းမပြပါနှင့် )
၅..။ ယခင်ကထက်ပို၍ လေးလေးစားစားဆက်ဆံပါ.။ ဂရုတစို်က် ကြင်နာယုယပါ.။

၆..။ မိမိကိုယ်ကို မိမိ ငယ်စဉ်က ကဲ့သို့ သပ်ရပ်စွာ ဝတ်စားပြင်ဆင်ပါ.။ ( အလွန်အကျွံ အလှအပ ခြယ်သခြင်းကိုမဆိုလို ပါ .။ သပ်သပ်ရပ်ရပ်နှင့်သန့် ရှင်းသောအဝတ်အစားများကိုဝတ်ဆင်ပါ)

၇..။ အလွန်ပူလောင်သောပရိဒေဝ မီးတစ်မျီုးလောင်မြိုက်နေ မည်ကို ငြိမ်းသတ်ရန် တစ်နေ့ အနည်းဆုံးတရားဓမ္မ တစ်ပုဒ် နာပေးပါ..။

၈..။ သားငယ် သမီးငယ်များကို ယခင်ကထက်ပို၍နွေးထွေးကြင်နာစွာ ပြောဆိုဆက်ဆံ ဂရုစိုက်ပေးပါ.။ ( မိမိဘဝတွင်လင်ယောင်္ကျားထက်အရေးကြီးသော သားငယ်သမီးငယ်များအား လင်ပူကြောင့်လစ်လျုရှုမိသလိုမဖြစ်ပါစေနှင့်)

၉..။ အချိန်အနည်းငယ်ရ လျင် လှလှပပဝတ်စားပြင်ဆင်၍ သားသမီးများနှင့်ဖြစ်စေ..သူငယ်ချင်းအဖော်နှင့်ဖြစ်စေ အပြင်ထွက်လည်ပတ်ခြင်းစကားပြောခြင်း ပြုလုပ်ပေးပါ..။ အလုပ် လုပ် ကိုင်ရန်အခွင့်အလမ်းရှိပါက လုပ်ငန်းခွင်ဝင်ပါ .။

၁၀..။လင်ယောင်္ကျားနှင့်လတ်တလောပက်သက်နေသောမိန်းကလေး ၏သတင်းကို အစရှာဖွေ စုံစမ်းခြင်း ကိုအထူးရှောင်ကြဉ်ပါ.။ ( အကျိုးမရှိပါ..တကယ်ကျူးလွန်သူမှာ မိမိလင်ယောင်္ကျားသာဖြစ်ပါသည်။ သင့်ခင်ပွန်းစိတ်နှလုံးကိုသင့်ဆီပြန်လည်လာအောင်လုပ်ဆောင်ရာတွင် ကြီးစွာသောအနှောင့်အယှက်မှာ တစ်ဖက်မိန်းကလေးအားအမျိုးမျိုးစုံစမ်းဆက်သွယ်ခြင်းပင် ဖြစ်ပါသည်.။)

၁၁ ..။ သင်နှင့် သင့်ခင်ပွန်းနှစ်ယောက်ထဲ ရှိနေချိန်မျိုး ရအောင်ဖန်တီးယူပါ.။ သာယာသောအခြေအနေ မျိုးဖြစ်ပါစေ.။

၁၂..။ သင် ဘယ်လောက် ခင်ပွန်းလင်အပေါ်ချစ်ကြောင်း ..သိအောင် အပြုအမှု အပြောအဆိုအားဖြင့် အသိပေးပါ.။

၁၃..။ သင့်ခင်ပွန်းဂုဏ်သိက္ခာ ကို သင့်အသက်လိုကာကွယ်ပေးပါ.။ ( ဖောက်ပြန်မှု သတင်းကိုသင်ယုံကြည်စိတ်ချရသူ အနည်းငယ်မှတစ်ပါး မည်သူ့ ကိုမျှ လိုက်လံမပြောကြားသင့်ပါ )

၁၄ ..။ မည်သည့်အကြောင်းကိစ္စ ကိုမဆို စိတ်ကိုတည်ငြိမ်စွာထားတတ်အောင် တရား ထိုင်ခြင်း.. အိမ်မှုကိစ္စ အဝအဝ ပြုလုပ်နေစဉ် သတိလေးကပ်၍ တရားမှတ်ခြင်း မကြာခဏ ပြုပေးပါ.။ ( တည်ငြိမ် သော မိန်းမသားတိုင်းကိုယောင်္ကျားတိုင်းလန့် လဲလန့်တယ်လေးလဲလေးစားမှု ရှိတယ်.. တစ်ခွန်းဆိုတစ်ခွန်းဆိုသလောက်စကားအရာမှာအောင်နိုင်မှု ရနိုင်ပါတယ်)

မနတ်သမီး

No comments:

Post a Comment