Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 16, 2012

အချစ်ကဗျာ(နေနွယ်)


Picture

အချစ်ကဗျာ (၁)

အသစ်တဖန် ပြန်လည် ဖန်ဆင်းဖို့
ဦးခေါင်းတို့ သိစေ
အကလေးများလည်း ရှိပါစေ ။    ။
                                                 ၁၉၈၇

အချစ်ကဗျာ (၂)
မောင်ချောနွယ်လို ရှာရှာဖွေဖွေ မချိုရပါပဲ
နယူတန်လို လက်ထဲကြွေကျလာတယ်
ကမ္ဘာကြီးက ဆွဲငင်အား ရှိလို့လား
ပင်မှည့်လေးက ဗဟိုခွာအား ရှိလို့လား
ကြွေကျသွားတာ သီအိုရီတွေ လိုလို့လား
ပင်မှည့်လေးက အလိုလို ချိုနေတယ် ။    ။

အချစ်ကဗျာ (၃)
သူ့မှာ ဥယျာဉ်လေးတခု ရှိတယ်
အဲဒီ့ ဥယျာဉ်ကလေးက ချိုသာတယ်
နှုတ်ခမ်းစူတတ်တယ်
မျက်စောင်းထိုးတတ်တယ်
ရယ်တတ်မောတတ် ပျော်တတ်တယ်
အရိပ်ဝေတယ်
အဲဒီ့ ဥယျာဉ်ကလေးက ပွင့်လင်းမြင်သာတယ်
အဲဒီ့ ဥယျာဉ်ကလေးက ဆံပင်သန်တယ်
အရွက်တွေဆိုတာ ညို့မှောင်သိပ်သည်းနေတာပဲ
ဥယျာဉ်ကလေးက ဥယျာဉ်ပျိုလေးပါ
ရယ်လိုက်ရင်လည်း စံပယ်တွေ ပွင့်ကုန်ရော
လေလို လွတ်လပ်ပြီး ရွက်ကြွေလို လွင့်မျောနေရော
အဲဒီ့ ဥယျာဉ်လေးဆီကို သူ မသွားတတ်ဘူး
ဥယျာဉ်လေးကလည်း သူ့ဆီကို မလာတတ်ဘူး
ဥယျာဉ်ကလေးကတော့ သာသာယာယာပါပဲ
မွှေးနေတာပါပဲလေ။    ။

အချစ်ကဗျာ (၄)
ကြက်ဥက စစ
ကြက်မက စစ
ကမ္ဘာဦးက စစ
စပြီး စကတည်းက စပါလေရော ..
ဟော..
အသီးတွေ
အရွက်တွေ
အဖူးတွေ
အပွင့်တွေ
ဟော ..
လေထဲမှာလည်း အရောင်လှလှ ရနံ့တွေ
ရနံ့တွေ ဝင်းလို့ ။     ။
                         ၂၉ မတ်လ ၂၀၁၁

အချစ်ကဗျာ (၅)
ရှံဆုမ်နဲ့ ဒေလိယ
ဆမ်ဆမ်နဲ့ ဒလိုင်လာ
သမ္မာကျမ်းစာထဲမှာလည်း အချစ်ရှိတယ်
လူစွမ်းကောင်းရှိတယ်
သနားတတ်တဲ့ မိန်းမရှိတယ်
ပက်စက်တဲ့ လူတွေရှိတယ်
သန်မာတဲ့ ကြွက်သားတွေရှိတယ်
ကျောက်သားနန်းတော်ကြီး ပြိုကျသွားပါတယ်
အော် … လူတို့ အကြောင်းပေ တကား
ဇာတ်ပေါင်းခန်းပေ တကား ။    ။
၂၄ မေ ၂၀၁၁
နေ့ သစ်မှကူးယူဖော်ပြသည်။

No comments:

Post a Comment