Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 16, 2012

သစ်ခြောက်ပင် …. …. …. ( တာရာမင်းဝေ )



လေပွေမလေးက
သူ့ရဲ့ ဆံနွယ်မျှင်တွေကို ဖြန့်ကျဲချလိုက်ပြီ ..
ခြေထောက်အပြာလေးရေ
ငါ့ရဲ့ အတောင်ပံတွေကို
နင်းချေလိုက်ပါတော့  ။ 

ဒေါက် .. ဒေါက်
ရေတစ်ပေါက်လောက် သောက်ခွင့်ပြုကြပါ  ။

ကျွန်တော်ဟာ အရက်မူးလာတဲ့ မီးတောက်ကလေးပါ
အင်္ဂတေတွေ ကွာထားတဲ့ ရင်ဘတ်မှာ
ဖတ်မရတဲ့ ကဗျာတစ်ပုဒ်နဲ့ကောင်ပါ  ။ 

ကျောက်စရစ် နက္ခတ်တွေက
ပက်လက်ကောင်းကင်မှာ အခါခါပွင့်
ယုံကြည်မျှော်လင့်ခဲ့ဖူးတဲ့
နွေရာသီပါးပါး နှင်းဆီဝါများ
ကြေမွစုတ်ပြဲသွားစဉ် ...

ငါ့ဆီလာနေတဲ့ မြားတစ်စင်းကို
ငါငေးကြည့်နေမိဆဲပေါ့ သခင်   ။                 ။

No comments:

Post a Comment