Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 26, 2012

ကျားမတန်းတူအခွင့်အရေး



အမျိုးသမီးတွေ အတွင်းခံဘရာစီယာမပါပဲ လွတ်လွတ်လပ်လပ်ယောက်ျားတွေလို သွားလာခွင့်တောင်း ဆို နေကြတာပါ။ သေချာတာတော့ ဒီအခွင့်အရေးကတောင်းစရာမလိုပါ ဘူး။ ပေးပြီးသားပဲဟာ။ ဘာ လို့ တောင်းဆိုနေတာလဲ လို့ အမျိုးသမီးများကိုပြန် မေးရမလိုပါပဲနော်။
အောက်မှာရွှေလုံး ၀က်ဆိုက် ကတင်ထားတဲ့သတင်းလေးလည်းဖတ်ကြည့်ကြပါဦး။
ဒီကနေ့ (သြဂုတ်လ ၂၆ ရက်နေ့) ဟာ အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေးနေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ အမျိုးသမီးများ လူထုအတွင်း အမျိုးသားများ နည်းတူ ကိုယ်အပေါ်ပိုင်း ဗလာဖြင့် လွတ်လပ်စွာ သွားလာခွင့် ရရှိရေး လှုပ်ရှားနေတဲ့ GoTopless အဖွဲ့ရဲ့ ၅ နှစ်ပြည့် စီတန်း လှည့်လည်မှုကို ကမ္ဘာ့ မြို့ကြီး ၃၀ မှာ ပြုလုပ်ဖို့ စီစဉ် ထားကြပါသတဲ့။

ဒီလှုပ်ရှားမှုကို ထောက်ခံတဲ့ အမျိုးသမီးတွေဟာ ခန္ဓာကိုယ် အပေါ်ပိုင်း လုံးဝ ဝတ်လစ်စလစ် ဖြစ်စေ၊ သို့မဟုတ် ရင်သားကို တိပ် သို့မဟုတ် တစ်ခုခုဖြင့် ဖုံးအုပ်၍ ဖြစ်စေ ပါဝင် စီတန်း လှည့်လည်နိုင်ပါသတဲ့။ အင်္ကျိဝတ်လျှက်ပဲ ပါဝင်ချင်တယ် ဆိုရင်တော့ ဘေးကပဲ ရပ်ပြီး အားပေးရပါသတဲ့။

ဒီလှုပ်ရှားမှုမှာ အမျိုးသားများလည်း ပါဝင်နိုင်ပါတယ်တဲ့ ခင်ဗျ။ ပါဝင်ချင်တဲ့ အမျိုးသားများကတော့ ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ဘီကီနီ ဝတ်ပြီး လှည့်လည် ရမှာပါတဲ့။ ဘီကီနီ ရှာဝယ်ဖို့ အခက်အခဲ ရှိတဲ့ ကိုကိုများအနေနဲ့ လူချည်းသာ လာခဲ့ပါ ဘီကီနီများ အဆင်သင့် ပြင်ထားပါသတဲ့။

GoTopless အဖွဲ့ရဲ့ ခံယူချက်ကတော့ လူကြားသူကြား ဖြစ်စေ အမျိုးသမီး များဟာလည်း အမျိုးသား များ နည်းတူ ခန္ဓာကိုယ် အပေါ်ပိုင်း ဗလာဖြင့် သွားခွင့် ရှိရပါမည်တဲ့။ မဟုတ်ရင်တော့ အမျိုး သား များ လည်း ကိုယ်အပေါ်ပိုင်း ဗလာဖြင့် လူထုကြားထဲ သွားခွင့် မရှိစေရပါတဲ့ ခင်ဗျာ။

ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့မှာ လုပ်ချင်ရင်လဲ သူတို့ အဖွဲ့နဲ့ ဆက်သွယ် အကူအညီတောင်းပြီး လုပ်လို့ ရတယ်တဲ့နော။ :P လှုပ်ရှားမှု ဓာတ်ပုံများကတော့ ရှာမတွေ့သေးလို့ မတင်ပေးလိုက် နိုင်သေးပါ။
http://gotopless.org/gotopless-day

No comments:

Post a Comment