Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label MissUniversityMyanmar. Show all posts
Showing posts with label MissUniversityMyanmar. Show all posts

Monday, April 21, 2014

Mister & Miss University ပြိုင်ပွဲဝင် ကောင်းမြတ်ဟိန်းမှ မိခင်ဖြစ်သူအားအိပ်မက်ပေးပြီး သတ်သွားသူ၏ အမည်ပြောပြဟုဆို


Tuesday, March 18, 2014

Mister & Miss University 2014 ပြိုင်ပွဲဝင်ကျောင်းသားတစ်ဦးဖြစ် သူ မောင်ကျော်ဇောဟိန်း၏ နောက်ဆုံးစစ်ဆေးချက်ထွက်ရှိလာ

Tuesday, March 18, 2014


မြန်မာပြည်တစ်နံတစ်လျားမှ အများပြည်သူများ စိတ်အဝင်စားဆုံး သတင်းတစ်ပုဒ်ဖြစ်သည့် Mister & Miss University 2014 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်စခန်းဝင်လေ့ကျင့်နေစဉ် သေဆုံးခဲ့သောပြိုင်ပွဲဝင်ကျောင်းသားတစ်ဦးဖြစ်သူ မောင်ကျော်ဇောဟိန်း၏ သေဆုံးမှုအမှုမှန်ပေါ်ပေါက်လာရေး အတွက်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေရာ နောက်ဆုံး စစ်ဆေးချက်များထွက်ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ ၄င်းကိစ္စနှင့် ပတ်သက်ပြီး သေဆုံးသူမောင်ကျော်ဇောဟိန်း၏ အစ်ကိုရင်းဖြစ်သူ ကိုအောင်ကိုကိုအားဆက်သွယ်မေးမြန်းကြည့်ရာ..

" ပြောချင်တိုင်းတော့ပြောလို့မရဘူး။ အခုလက်ရှိ ရုံးမှာတော့ တစ်ဆင့်ချင်းတစ်ဆင့်ချင်းသွားနေတယ်ဆိုတော့ တချို့စကားတွေပြောလိုက်ရင်ရုံးတော်ကို မထီမဲ့ မြင်ဖြစ်သွားမှာလည်း ဆိုးတယ်။ အစ်ကိုပြောချင်တာလေးတွေလည်း ရှိတယ်။ မနေ့ကဆိုရင် အစ်ကို့မိဘတွေကအစတရားရုံးမှာ ဆေးစာကိုလျှောက်လာခဲ့တယ်။ ရလည်း
ရလာခဲ့တယ်။ ဆေးစာမှာလည်း ပြင်ပဒဏ်ရာလေးတွေ အများကြီးတွေ့ရတယ်။ အနှေးနဲ့ အမြန်ကတော့ တရားခံကိုမိမှာပါ။

အစ်ကိုတို့ဘက်ကတော့တရားရုံးရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အနှောင့်အယှက်ဖြစ်မယ့် ကိစ္စမျိုးမပြောချင်ဘူး။ မလုပ်ချင်ပါဘူး။ မပတ်သက်တဲ့သူတွေကိုလည်း မထိခိုက်စေချင်ပါဘူး။
အခုဆေးစစ်ချက်မှာတွေ့ရှိ တာကတော့ ပြင်ပဒဏ်ရာက ငါးချက်၊ ခြောက်ချက်လောက်တော့ ရေးထားတယ်။ တံတောင်ဆစ်နှစ်ဖက်စလုံး ဒူးနှစ်ဖက်စလုံး၊ ကျောကုန်းတို့
အဲဒီလိုမျိုးရေးထားတယ်။

အစ်ကိုတို့က ဥပဒေနဲ့ဆန့်ကျင်ပြီးတော့ မပြောချင်ဘူး။ တရားရုံးက လက်ရှိလုပ်ဆောင်နေတဲ့အတွက် တရားရုံးကို လွှမ်းမိုးပြီးတော့ မပြောချင်ဘူး။ အစ်ကိုတို့ကတော့အဖြစ်မှန်ကို ပေါ်စေချင်တယ်။ ဘယ်သူ့ကိုမှ မနစ်နာစေချင်ပါဘူး။ တရားရုံးက လုပ်ဆောင်စစ်ဆေးနေတာကိုပဲ အစ်ကိုတို့က ကူညီသွားမှာပါ။
အဖြစ်မှန်လည်းပေါ်မယ်လို့ ယုံကြည်ပါတယ်။
အမှန်တရားပဲဖြစ်စေချင်တယ်။ ရုံးချိန်းက မတ်လ ၁၇ ရက်နေ့မှာ
ဆိုတော့ ထပ်ပြီးစစ်ဆေးမှုတွေ ပြုလုပ်ဖို့တော့ရှိပါတယ်"
ဟု ရှင်းလင်းပြောကြားသွားခဲ့သည်။

Popular Journal

Friday, March 14, 2014

သံသယများ နှင့် Mister University Myanmar ပြိုင်ပွဲဝင် ကျော်ဇောဟိန်း (ခေါ်) ကောင်းမြတ်ဟိန်း သေဆုံးခြင်း အမှု

1896928_555183137912855_1513548061_n
Mister University Myanmar ပြိုင်ပွဲဝင် ကျော်ဇောဟိန်း သေဆုံး သွားခြင်းနှင့် ပါတ်သတ်ပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မှုခင်း ရဲ တပ်ဖွဲ့များမှ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ယခုလက်ရှိ အချိန် တွင် အင်းစိန်မြို့နယ် တရားရုံးတွင် ရုံးတင် စစ်ဆေးဆောင် ရွက်လျက် ရှိပါသည်။
ထွက်ဆိုချက်များ ပေးခြင်း
အဆိုပါ အမှုမှန် ဖြစ်စဉ် မှန်ကန်စွာပေါ်ပေါက်ရေးအတွက် ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများနှင့် အဖွဲ့အစည်းမှ လိုအပ်သော သက်သေထွက်ဆိုချက်များကို
၁. အခင်းဖြစ်ပွားသည့် ညမှ စတင်ကာ အဆိုပါ ဟိုတယ်တွင် နာရီပေါင်း ၂၀ကျော် ထွက်ဆိုပေးခဲ့ခြင်း ၁ကြိမ်၊
၂. ထပ်မံ လိုအပ်သဖြင့် ရဲတပ်ဖွဲ့၏ ဆင့်ခေါ်မှုအရ ကျောင်းသားကျောင်းသူ ၁၀ဦးကျော်အား ရန်ကင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ၁ကြိမ်၊
၃. ၃ရက် ၂လတွင် မှူခင်း ရဲတပ်ဖွဲ့မှ လွှဲပြောင်းကိုင်တွယ်ပြီးနောက် ထပ်မံခေါ်ယူ စစ်ဆေးသည့်အချိန်တွင် အင်းစိန် CID ၀င်းအတွင်း ကျောင်းသားကျောင်းသူများနှင့် အဖွဲ့အစည်းမှ တာဝန်ရှိသူများမှ ၂ရက်တိုင်တိုင် သက်သေထွက်ဆိုခြင်း ၁ကြိမ်၊
၎. မန္တလေးရှိ မှုခင်းရဲတပ်ဖွဲ့မှ နယ်ရှိပြိုင်ပွဲဝင်အချို့အား ဆွေးနွေးမေးမြန်းခြင်း ၁ကြိမ်
အစရှိသဖြင့် အကြိမ်ကြိမ် ထွက်ဆိုချက်များ ပေးအပ်ထားခဲ့ပြီးဖြစ်ပါသည်။
———————-
စစ်ဆေးဆောင်ရွက်ခြင်း
အဆိုပါ အမှုအား အင်းစိန်ရဲစခန်းမှ ( သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၄ ) ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ပြီး၊ ၃ရက် ၂လ ၂၀၁၄ ခုနှစ်မှ စတင်ကာမှုခင်းရဲတပ်ဖွဲ့မှ လွှဲပြောင်းလက်ခံ စစ်ဆေးပေးခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။
အဆိုပါ အမှုအား ၁၈ရက် ၂လ ၂၀၁၄ခုနှစ် တွင် တရားရုံးသို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ အင်းစိန် တရားရုံးတွင် (ပြစ်မှုထွေမှု အမှတ် ၄၁/၂၀၁၄) ဖြင့် လက်ခံပြီး တွဲဘက်မြို့နယ် တရားသူကြီး (၂)ဦးမှစစ်ဆေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း သိရှိရ ပါသည်။
အဆိုပါ စစ်ဆေးမှုများတွင် ပြိုင်ပွဲဝင်များအား မေးမြန်းသည့် အချက်များအရ ပြိုင်ပွဲဝင် ကျော်ဇောဟိန်း သေဆုံးသည့် အကြောင်းအရင်းအချို့အား သိရှိထားပြီး ဖြစ်သော်လည်း တရားရုံး၏ တရားဝင် စစ်ဆေးဖော်ထုတ်ချက်များ မထွက်ပေါ်လာသေးသဖြင့်၊ မည်သူတဦးတယောက်ကိုမှ ထိခိုက်နစ်နာမှု မရှိစေရန် အဖွဲ့အစည်းမှ မည်သည့် ထင်မြင်ချက်၊ ဖြေရှင်းချက်မျှကိုမှ ဖော်ပြခဲ့ခြင်း မရှိပါ။
သို့ရာတွင် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၏ တဖက်သက် စွပ်စွဲချက်များ၊ မီဒီယာအချို့၏ တိကျခိုင်မာမှု မရှိသည့် အကြောင်းအချက် ဖော်ပြနေမှုများကို ယခု ရက်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာရသဖြင့် ယခု အချက်အလက် အချို့အား ဖော်ပြအပ်ပါသည်။
ပြိုင်ပွဲကျင်းပသည့် အဖွဲ့အစည်းမှ သက်ဆိုင်ရာ မိသားစု၏ ဆုံးရှူံးမှုနှင့် ခံစားချက်ကို များစွာ ငဲ့ကွက် စာနာ ထောက်ထားပြီး ပြိုင်ပွဲအားလည်း အကန့်အသတ်မရှိ ၂ကြိမ်တိုင်တိုင်
ရွှေ့ဆိုင်းပေးထားခဲ့ပြီးလည်း ဖြစ်ပါသည်။
သို့ရာတွင် အဆိုပါ သက်ဆိုင်သူ အချို့မှ ပြိုင်ပွဲဝင် ကျောင်းသားများအားယခုအချိန်ထိတိုင် စွပ်စွဲပြောဆို လျှက်ရှိပြီး၊ မီဒီယာများမှလည်း မည်သည့် အရင်းအမြစ်မှ ရရှိသည့် အချက်များကို ကိုးကားပြီး ဖော်ပြသည်မသိ၊ ပြိုင်ပွဲဝင် ကျောင်းသားများအား တရားခံများအဖြစ် စွပ်စွဲရေးသား
လျက်ရှိသည်ကို များစွာစိတ်မကောင်းဖြစ်ဖွယ် တွေ့မြင်နေရပါသည်။
————————–
ဓာတ်ပုံအချို့
ကျောင်းသားကျောင်းသူ အချို့ ရိုက်ကူးထားသည့် မှတ်တမ်း ဓာတ်ပုံများအရ သေဆုံးသူသည်
ရေကူးကန်တွင် ပါဝင် ကူးနေခဲ့သည်ကို တွေ့ရှိရပြီး သေဆုံးပြီး ၀တ်ဆင်ထားသည့်
ဘောင်းဘီနှင့် ရေကန်အတွင်းသို့ မဆင်းမီ ၀တ်ဆင်ထားသည့် ဘောင်းဘီမှာ တူညီနေသည်ကို တွေ့ရှိရပါသည်။
ရေဆင်းကူးနေစဉ်
ပြန်လည် ဆယ်ယူပြီးသည့် အချိန်
—————————
ရင်ခွဲစစ်ဆေးခြင်း
ရင်ခွဲစစ်ဆေးရာတွင်လည်း တစ်ဦးတစ်ယောက်ထဲ စစ်ဆေးခြင်း မဟုတ်ဘဲမှုခင်းဆရာဝန်ကြီးအပါအ၀င် ဆရာဝင်ကြီး (၄)ဦး ပါဝင်သည့် အထူးအဖွဲ့ကို ဖွဲ့စည်းပြီးမှသာ စစ်ဆေးခဲ့ကြသည်ဟု သိရှိရပါသည်။
ဓါတုဗေဒ၀န်ရုံးသို့ ထပ်မံ ပေးပို့ စစ်ဆေးရာတွင် သေဆုံးသူ၏ သွေးအတွင်း အရက် ပမာဏအချို့ ရှိနေသည်ကိုတွေ့ရှိရသည့်အတွက် အဆိုပါ အကြောင်းအရာနှင့် ပါတ်သက်ပြီး ပြိုင်ပွဲဝင်များအား မေးမြန်းစုံးစမ်းခဲ့ခြင်းများ ရှိခဲ့ပါသည်။
—————————
တရားရုံးသို့ ပေးပို့ခြင်း
မှုခင်း ရဲတပ်ဖွဲ့မှ ကောင်းမွန်စွာ စစ်ဆေးခဲ့ပြီး ဖြစ်သည့်အတွက် ယခုအခါတွင် မြို့နယ် ရဲတပ်ဖွဲ့သို့ ပြန်လည် ပေးပို့ကာ အမှုဖွင့် စစ်ဆေး နေခြင်း ဖြစ်ပါသည်။
ယခုအမှုသည် လက်ရှိတရားရုံးတွင် သေမှုသေခင်း အမှုအဖြစ်နှင့်သာအမှုဖွင့် ဆောင်ရွက်ထားခြင်းဖြစ်ပြီး၊ ယခု အချိန်အထိ သံသယရှိသည်ဟု မည်သည့် ကျောင်းသား ကျောင်းသူ တစ်ဦး တစ်ယောက်ကိုမှ ခေါ်ယူစစ်ဆေးထားခဲ့ခြင်းလည်း မရှိပါ။ တရားရုံးတွင် ၄ရက်နေ့ ပထမအကြိမ် ချိန်းဆို စစ်ဆေးသည့် ပွဲသို့လည်း ပြိုင်ပွဲဝင်များနှင့် အဖွဲ့အစည်းရှိ မည်သူ့ကိုမှလည်း အကြောင်းကြား ခေါ်ဆိုခဲ့ခြင်း မရှိပါ။
ယခုဖြစ်စဉ်သည် သတင်းဂျာနယ် အချို့တွင် ရေးသားဖော်ပြနေသကဲ့သို့ မဟုတ်ဘဲ သေမှုသေခင်း ကိစ္စသာ ဖြစ်ပါက ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူ များအတွက် များစွာ ထိခိုက်နစ်နာစေမည့် အပြင်၊ မှားယွင်းသော ထင်မြင်ယူဆချက် အလွဲများ ပြောဆိုချက်များကြောင့် အဆိုပါ မီဒီယာများ၏ အမည်နှင့် ဂုဏ်သိက္ခာအား ထိခိုက်လာမည်ကို တွေ့မြင်မိပါသည်။
ယခုကဲ့သို့ တိကျခိုင်မာမှု မရှိသည့် အချက်များကို ကိုးကားပြီး၊ တစ်ဖက်သက် ထင်မြင်ချက်၊ စွပ်စွဲချက်များနှင့် ပြိုင်ပွဲဝင်များ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ဆောင်ရွက်နေမှုများအား လက်ရှိ ဖော်ပြလျက်ရှိသည့် ဂျာနယ် သတင်းမီဒီယာများမှ ဆက်လက်ရေးသားခြင်း မပြုလုပ်ဘဲ၊ သက်ဆိုင်ရာ တရားရုံး၏ တရားဝင် အဖြေထွက်ပေါ်လာသည့် အချိန်မှသာ အဖြစ်မှန်ကို ရေးသားဖော်ပြနိုင်ကြပါရန် အသိပေး ဖော်ပြလိုက်ရပါသည်။
August Myanmar Media Group
Comment:
သက်သေထွက်ဆိုချက်များသည် ခိုင်မာသော မှတ်တမ်းများ မပါဝင်ပါက အနည်ငယ် ကွဲလွဲနိုင်ပါသည်။
အပြင်လူ သက်သေစကားများမဆိုနှင့် မိသားစုဝင် အချင်းချင်း ပြောဆိုသည်များပင် လွဲမှားနေသည်ကို တွေ့မြင်ရပါသည်။
ယင်းပြိုင်ပွဲဝင်၏ မိဘနှစ်ပါးစလုံးမှ “သူသည် ရေကောင်းကောင်း မကူးတက်သေးပါ. စတင်သင်နေဆဲဖြစ်တယ်. သို့အတွက်ကြောင့် ရေကူးဝတ်စုံကိုပင် သိမ်းထားပြီး ရေမကူးစေရန် ထည့်ပင်မပေးထားပါ”ဟု (*ယခု ဘောင်းဘီသည် အခြားပြိုင်ပွဲဝင်ထံမှ ငှား၍ ဝတ်ပြီး ရေဆင်းကူးခြင်း ဖြစ်ပါသည်။ * Beach Fashion Challenge နေ့၊ အဆိုပါ ရေကူးကန်တွင် ကျင်းပသည့် အမျိုးသား ရေကူးပြိုင်ပွဲတွင်လည်း သေဆုံးသူ ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါ။) ပြောသည်ကို ပြိုင်ပွဲဝင်များ ကြားရပြီး၊ မောင်နှမများမှ သူသည် “ရေကူးအထူးကျွမ်းကျင်ပြီး ဆုများပင်ရဖူးသူ တစ်ယောက်” ဖြစ်သည်ဟု ပြောပြန်သည်ကိုလည်း ကြားသိရပြန် ပါသည်။
မိသားစုဝင်များ ပြောသည်ပင်ကွဲလွဲ နိုင်သည့်အတွက် တရားရုံးမှ တရားဝင် ထုတ်ပြန်သည့်အချက်များ မဟုတ်ဘဲ ထင်မြင်ယူဆချက်များဖြင့် ပြောဆိုခြင်းသည် အခြားသူများအား နစ်နာမှုများ ရှိနိုင်သည့်အတွက် အထူးပင်ဂရုပြုပြောကြားရမည် ဖြစ်ပါသည်။
ယခုဓာတ်ပုံအချို့အား ပြိုင်ပွဲဝင်များ၏ ဖုန်းများမှ သက်ဆိုင်ရာသို့ စုစည်းပေးပို့ခဲ့ရသဖြင့် (မှားယွင်းစွာ ပြောကြားနေသည်များ ကြားသိနေသဖြင့်) ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။ အရက်ပမာဏတွေ့သည့်အချက်သည် ပြိုင်ပွဲဝင်များအား CID မှ အထူးမေးမြန်းသည့် အချက်ဖြစ်သည့်အတွက် ယခုဖော်ပြနိုင်ခြင်းဖြစ်ပြီး၊ အဆိုပါအချက်အား CID မှ မေးမြန်းထားသည့်အတွက် မိသားစုဝင်များမှလည်း သိရှိပြီးသား ဖြစ်ပါမည်။ တရားဝင်ဆေးစစ်ချက်အား တရားရုံးတွင် ဖော်ပြလာသည့်
အချိန်တွင်မှ ပိုမိုတိကျသည့် အချက်များကို ရရှိကာ၊ အမှန်တရားကို တွေမြင်နိုင်မည်ဖြစ်ပါသည်။
ယင်းမတိုင်မီ ပြောဆိုနေမှုများသည် မှားယွင်းခြင်းများ ရှိနိုင်ပြီး၊ အဆိုပါ စကားများကြောင့် ထိခိုက်နစ်နာမှုများ ၂ဦး၂ဘက်လုံး ရှိနိုင်သည့်အတွက် သတိပြုနိုင်ပါရန် ဖော်ပြထားခြင်းဖြစ်ပါသည်။
Credit: Myawady

Thursday, March 6, 2014

CID ပြောင်းလဲတာဝန်ယူသည့် ကောင်းမြတ်ဟိန်းအမှု စတင်စစ်ဆေး


မော်ဒယ်သရုပ်ဆောင် ကောင်းမြတ်ဟိန်း သေဆုံးမှုနှင့်ပတ်သက်၍ CID မှ တာဝန်ယူ၍ တရားရုံးသို့တင်ခဲ့ရာ မတ်လ(၄)ရက်နေ့ အင်းစိန်မြို့နယ် တရားရုံးရှိ တွဲဖက်တရားသူကြီး(၂) ဦးမောင်လွင်ရုံးခန်း၌ သက်သေ သုံးဦးကို စစ်ဆေးရန် ခေါ်ဆောင်ခဲ့ရာ သက်သေတစ်ဦးသာ အစစ်ဆေးခံ၍ ကျန်နှစ်ဦးမှာ ရုံးချိန်းပျက်ကွက်ခဲ့သည်ဟု သိရှိရသည်။
အဆိုပါ သက်သေသုံးဦးမှာ အင်းစိန်မြို့နယ် ရဲစခန်းမှ ဒု ရဲအုပ် ကျော်ကျော်ထွန်း၊ အင်းစိန်ရွာမအရှေ့ရပ်ကွက် ဥက္ကဌ ဦးအောင်မိုးနှင့် အင်းစိန်ရွာမအရှေ့ရပ်ကွက်မှ ရာအိမ်မှူး ဦးမြင့်သန်းတို့ သုံးဦးတွင် ဦးမြင့်သန်းတစ်ဦးသာ တရားရုံး၌ အစစ်ဆေး ခံယူခဲ့ခြင်းဖြစ်သည်။
 “ကျွန်တော့်ကို ဇန်န၀ါရီ ၂၂ ရက် ညတစ်နာရီလောက် အင်းစိန်ရဲစခန်းက ရွှေတောင်ကုန်း ဟိုတယ်မှာ လူသေမှုတစ်ခု ဖြစ်တယ်။ သက်သေအဖြစ်လိုက်ခဲ့ပါခေါ်လို့ လိုက်သွားပါတယ်။ ဟိုတယ်ကိုရောက်တဲ့အခါ ရေကူးကန်ထဲမှာ လူတစ် ယောက်သေနေတာကို လက်နှိပ်ဓါတ်မီးနဲ့ ထိုးကြည့်တော့ တစောင်လေး ဖြစ်နေတာကို မြင်ရ တယ်။ အဲဒီအလောင်းကို အပေါ်ကို ဆယ်တင်ပြီးတော့မှ ကောင်းမြတ်ဟိန်းဆိုတာကို သူ့ သူငယ်ချင်းတွေက ပြောလို့ သိလိုက်ရတယ်။ ပြီးတော့ အလောင်းမှာ မသင်္ကာစရာတွေရှိမလားဆိုပြီး စစ်ဆေးတာ မတွေ့ရဘူး။ အပြင်မှာ ဘာဒဏ်ရာမှတော့ မတွေ့ရပါဘူးပြီးတော့ အင်းစိန်ဆေးရုံကို သယ်သွားပါတယ်။”ဟု ရာအိမ်မှုး ဦးမြင့်သန်းမှ ၄င်း၏ တွေ့ရှိချက်များအပေါ် တရားသူကြီးရှေ့၌ ယခုကဲ့သို့ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့စစ်ဆေးခဲ့ရာ၌ တရားသူကြီးမှ တိုက်ရိုက်မေးမြန်းပြီး လက်နှိပ်စက် စာရေးမှသက်သေ၏ ဖြေကြားချက်ကို မှတ်တမ်း တင်ခဲ့ကြောင်းနှင့် ရောက်မလာသည့်ကျန်သက်သေနှစ်ဦးကို မတ်လ (၁၇) ရက်နေ့သို့ ရုံးချိန်းရွေ့ဆိုင်း သတ်မှတ်ခဲ့သည်ဟု သိရှိရသည်။

“ကျွန်တော်တို့ကတော့ သူတို့တွေရဲ့ အဖြေတွေကို စောင့်ကြည့်နေရုံပါပဲ ပြီးတော့ တရားရုံးက ဆုံးဖြတ်တဲ့ အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ဘက်က တရားထပ်ဆွဲသင့်မသင့် စဉ်းစားဆုံးဖြတ်ရမှာပါ။ အခုက CID က တာဝန်ယူပြီး လုပ်ဆောင်နေတာ ဆို တော့ ကျွန်တော်တို့က စောင့်ကြည့်နေဆဲပါပဲ အခုအချိန်မှာတော့ တခြားဘာမှတော့ ပြောလို့ မရသေးပါဘူး။” ဟု ကောင်းမြတ်ဟိန်း၏ ဖခင် ဦးစိုးစိုးမြင့်က ပြောသည်။
ကောင်းမြတ်ဟိန်းမှာ မြို့တော်ဂေါက်ကွင်းဟိုတယ်ရေကူးကန်အတွင်း သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ သာမာန်သွေးရိုးသားရိုး မဟုတ်နိုင်ကြောင်း တစ်ဦးတစ်ယောက်၏ ပယောဂပါမည်ဖြစ်ကြောင်း သူ့မိသားစုများထံမှ သိရှိရသည်။
“သူတို့တွေက သာမာန်သေမှုသေခင်းနဲ့ပဲ အမှုဖွင့်ထားတယ်။ အကိုတို့ဘက်ကလည်း သာမာန်လို့ မထင်ဘူး။ မသင်္ကာစရာတွေ့ ထားတာတွေရှိတယ်။ အဲဒါကြောင့် ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရုံးချုပ် နေပြည်တော်ကို ဒီ အမှုနဲ့ ပတ်သက်ပြီး စစ်ဆေးရေးအဖွဲ့ ပြန်လည်ဖွဲ့ပေးဖို့ကိစ္စတွေနဲ့ ပတ်သက်ပြီး တင်ထားတာပါ။”ဟု ကောင်းမြတ်ဟိန်း၏ အကို ကိုအောင်ကိုကိုက ပြောသည်။
ကောင်းမြတ်ဟိန်းသေဆုံးမှုနှင့် ပတ်သက်၍တရားရုံး၌ စတင်စစ်ဆေးနေပြီဖြစ်သော်လည်း ဘာမှထူးခြားမှု မရှိသေးကြောင်း သိရသည်။

Sunday, February 23, 2014

ကောင်းမြတ်ဟိန်း သေဆုံးမှု စီအိုင်ဒီ ပြောင်းကိုင်ပြီ

Mister University ပြိုင်ပွဲဝင် မော်ဒယ်လ် သရုပ်ဆောင်ကောင်းမြတ်ဟိန်း (ခ) ကျော်ဇောဟိန်းသေဆုံးမှု၌ အမှုမှန် ပေါ်ပေါက်ရေး စီအိုင်ဒီနှင့် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့တို့မှပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုအခါ စီအိုင်ဒီမှ သီးသန့်လွှဲ ပြောင်းရယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
ကောင်းမြတ်ဟိန်း(ခ)ကျော်ဇောဟိန်းသည် လွန်ခဲ့သောဇန်န၀ါရီ၂၁ ရက် တွင် မြို့တော်ဂေါက်ကွင်းဟိုတယ်အတွင်းရှိ ရေကူးကန်ထဲ တွင် သေဆုံးခဲ့ခြင်း ဖြစ်ကာမည်ကဲ့သို့ သေဆုံးခြင်းကို အမှုမှန်ပေါ်ပေါက်စေရန် ၀ိုင်းဝန်း ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ စီအိုင်ဒီမှ လွှဲပြောင်း ယူလိုက်ခြင်း ဖြစ်ကြောင်း စီအိုင်ဒီ (စုံစမ်းစစ်ဆေးရေး)အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယခုကဲ့သို့ ပြောဆိုသည်။
‘ အင်းစိန်မြို့နယ် တရားရုံးကို တရားဝင်တင်ထားပြီး မှုခင်းဆရာဝန်ရဲ့  ဆေးစစ်ချက်တွေလည်း အကုန်လုံးထွက်နေပြီ။ ရုံးကို အကုန်ပေါင်း တင်ထားတယ်။ မတ်လ ၄ ရက်မှာ ရုံးချိန်းရှိတယ်။ အဲ့ဒီနေ့ကျမှပဲ တရားဝင်စကားတွေကို ထုတ်ပြောလို့ရမယ် ‘ ဟု စီအိုင်ဒီ (စုံစမ်းစစ်ဆေးရေး)အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရှင်းပြသည်။
Mister University ပြိုင်ပွဲဝင်ရန်အတွက် August Myanmar ကုမ္ပဏီမှ တာဝန်ယူ၍ စခန်းသွင်း လေ့ကျင့်နေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ ” စီအိုင်ဒီကလွှဲပြောင်းကိုင်လိုက်ပြီလို့ အကြောင်းကြားထားတယ် သူတို့ မတ်လ ၄ ရက်ကို ရုံးချိန်းလို့ ပြောပါတယ်။ ဆရာဝန်ဆေးစစ်ချက်ကိုတော့ အကြမ်းဖျင်းပြောထားပြီ။ အသေးစိတ်တော့ မသိရသေးဘူး။ ရုံးချိန်းနေ့မှ သိရမယ်ထင်တယ် ” ဟု မော်ဒယ်လ် ကောင်းမြတ်ဟိန်း၏အစ်ကို ကိုအောင်ကိုကိုက ပြောပြသည်။
အဆိုပါအမှုကို စီအိုင်ဒီမှ လွှဲပြောင်းကိုင်လိုက်ကြောင်းကို August Myanmar ကုမ္ပဏီမှ မသိရှိသေးကြောင်း၊ ရုံးချိန်းရက်ကိုလည်း မသိရှိကြောင်း၊ အဆိုပါ ကိစ္စရပ်နှင့်ပတ်သတ်၍ အကြောင်းကြားခြင်းမရှိသေးကြောင်း August Myanmar ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
Mister University ပြိုင်ပွဲဝင်ရန် ယောက်ျား လေး၁၈ ဦး၊ မိန်းကလေး ၁၈ ဦးတို့ကို မြို့တော် ဂေါက်ကွင်း ဟိုတယ်၌ August Myanmar ကုမ္ပဏီမှ တာဝန်ယူ၍ စခန်းသွင်းလေ့ကျင့်နေရာမှ ဇန်န၀ါရီ ၂၁ ရက်ညနေ ၅ နာရီ ခန့်တွင် ပြိုင်ပွဲဝင်များနှင့်အတူ ရေဆင်းကူးပြီး ၅ နာရီခွဲခန့်တွင် ရေကူးနေသူအားလုံး ရေကူးကန်ထဲမှတက်သွားကြပြီးနောက် နေ့စဉ်ပြုလုပ်သည့် ညနေ ၆ နာရီအစည်းအဝေးသို့ ကောင်းမြတ်ဟိန်းမှာ တက်ရောက်ခြင်းမရှိဘဲ စတင်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါနေ့ ည ၁၂ နာရီ ခန့်တွင်ဟိုတယ် လုံခြုံရေးဝန်ထမ်းက ၎င်း၏အလောင်းအား ရေကူးကန်အတွင်း ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ၎င်းသေဆုံးမှု အမှုမှန် ပေါ်ပေါက်ရေး စီအိုင်ဒီမှ လွှဲပြောင်းကိုင်လိုက်ပြီး အင်းစိန်မြို့နယ်တရားရုံး သို့ရုံးတင်လိုက်ရာ မတ်လ ၄ ရက်၌ ရုံးချိန်းသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
မင်းအောင်မြင် (မြစ်မခ)
စံတော်ချိန် နေ့စဉ်သတင်းစာ

Thursday, February 6, 2014

Mr. University ပြိုင်ပွဲဝင်တစ်ဦး ဟိုတယ်ရေကူးကန်တွင် သေဆုံးခဲ့သည့် ဖြစ်စဉ်အား အင်းစိန်ရဲစခန်းမှ CID သို့ လွှဲပြောင်း

Written by: 
ကျော်ထင်
Mr. University ပြိုင်ပွဲဝင် ကျောင်းသားတစ်ဦးဖြစ်သူ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ကောင်းမြတ်ဟိန်း (ခ) ကျော်ဇောဟိန်း ဟိုတယ်ရေကူးကန်တွင် သေဆုံးခဲ့သည့် ဖြစ်စဉ်အား စစ်ဆေးရန် အင်းစိန်ရဲစခန်းမှ CID သို့ ဖေဖော်ဝါရီ ၃ ရက်တွင် လွှဲပြောင်းခဲ့ကြောင်း သေဆုံးသူ၏ အစ်ကိုတော်စပ်သူ ကိုအောင်ကိုကိုက ဖေဖော်ဝါရီ ၆ ရက်က ပြောကြားသည်။
Mr. University ပြိုင်ပွဲဝင် ကျောင်းသား ကောင်းမြတ်ဟိန်း (ခ) ကျော်ဇောဟိန်းမှာ  နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်နေစဉ် ပြိုင်ပွဲကျင်းပရန် သုံးရက်အလို ဇန်န၀ါရီ ၂၁ ရက် ည ၁၂ နာရီခန့်က စခန်းသွင်းလေ့ကျင့်သည့် အင်းစိန်မြို့နယ်ရှိ City Hall Resort  ဟိုတယ်ရှိ အနက် ၁၀ ပေခန့် ရေကူးကန်၌ သေဆုံးခဲ့ခြင်းဖြစ်သည်။
“အစ်ကို့ညီလေးက ရေကူးတတ်တယ်။ ရေကူးကန်ထဲမှာ ရေနစ်ပြီးသေဆုံးတာ ပုံမှန်လို့ မယူဆဘူး။ ပြီးတော့ ည ၁၂ နာရီ ဖြစ်နေတယ်။ ပြီးတော့ သူက အရက်သေစာလည်း မသောက်စားတတ်ဘူး။ ဒါကြောင့် သွေးရိုးသားရိုး မဟုတ်ဘူးလို့ ယူဆတဲ့အတွက် CID ကပါ ရင်ခွဲကတည်းက စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အခုတော့ နေပြည်တော်ကနေ ရဲစခန်းကနေတစ်ဆင့် CID ကို လွှဲခိုင်းလိုက်တယ်လို့ ပြောတယ်”ဟု ကိုအောင်ကိုကိုက ပြောကြားသည်။
ထို့ပြင် ကောင်းမြတ်ဟိန်း (ခ) ကျော်ဇောဟိန်း၏ အသားစများ၊ ရင်တွင်းကလီစာများကိုပါ ဓာတ်ခွဲခန်းပို့ စစ်ဆေးထားပြီး တရားဝင်စစ်ဆေးချက် အဖြေမသိရသေးဘဲ CID ကလည်း ဆက်လက်စစ်ဆေးနေကြောင်း၊ မိသားစုအနေဖြင့်လည်း အမှုမှန်အမြန်ဆုံး ပေါ်ပေါက်စေရန် ဆန္ဒရှိကြောင်း ကိုအောင်ကိုကိုက ဆက်လက်ပြောကြားသည်။
အင်းစိန်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကမူ “ဒီအမှုကို CID ကို လွှဲပေးလိုက်ပါပြီ”ဟု ဖေဖော်ဝါရီ ၆ ရက်က ပြောကြားသည်။
ယင်းသို့  Mr. University ပြိုင်ပွဲဝင် ကျောင်းသား သေဆုံးသွားခဲ့ခြင်းကြောင့် Mr & Miss University နောက်ဆုံးအဆင့် ပြိုင်ပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားသည်။                  
Go to Source

Thursday, January 23, 2014

Mister And Miss University ပြိုင်ပွဲဝင် ကောင်းမြတ်ဟိန်း ရေကူးကန်တွင် ရုတ်တရက်သေဆုံး


ရန်ကုန်၊ ဇန်နဝါရီ ၂၂

မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ် အသီးသီးမှ စံပြမောင်မယ်များ ပေါ်ထွက်လာစေရေးကို ရည်ရွယ်၍ စီစဉ်ပြုလုပ်မည့် Mister And Miss University ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသည့် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ကိုယ်စားပြု ဒုတိယနှစ် တက္ကသိုလ် ကျောင်းသား ကောင်းမြတ်ဟိန်းသည် ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်နေသည့် City Golf Resort ဟိုတယ်၏ ရေကူးကန်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း August Myanmar Media Group မှ CEO ဦးရဲမြန်မာအောင်က The Voice သို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၂ ရက် ည ၁၂ နာရီကျော်အချိန်၌ ကောင်းမြတ်ဟိန်း၏ အလောင်းကို City Golf Resort ဟိုတယ်၏ ရေကူးကန်တွင် ဟိုတယ် လုံခြုံရေးများက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနေ့ညမှာ စခန်းသွင်း လေ့ကျင့်သည့် နောက်ဆုံးည ဖြစ်သည့်အတွက် ပြိုင်ပွဲဝင်များကို ပါတီတစ်ခု ကျင်းပပေးခဲ့ပြီး ယင်းပါတီသို့လည်း ကောင်းမြတ်ဟိန်း ပါမလာခဲ့ကြောင်း၊ ယခင်နေ့များတွင်မူ ညစဉ် ၁၀ နာရီတွင် ပြိုင်ပွဲဝင်များကို စစ်ဆေးလေ့ ရှိသော်လည်း ယင်းနေ့တွင်မူ ပါတီပွဲမှာ ညဥ့်နက်မှ ပြီးဆုံးသည့်အတွက် မစစ်ဆေးဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကောင်းမြတ်ဟိန်း သေဆုံးမှုကို CID မှ တာဝန်ရှိသူများက စစ်ဆေးနေဆဲ ဖြစ်သည့်အတွက် သေဆုံးရသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ကောင်းမြတ်တဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပမယ့် ပြိုင်ပွဲတစ်ခုမှာ မမျှော်လင့်တဲ့ ကံကြမ္မာဆိုး တစ်ခုကြောင့် ဒီလိုအဖြစ်အပျက် မျိုးဖြစ်ပွားလာတဲ့အတွက် ပြိုင်ပွဲဝင် ကောင်းမြတ်ဟိန်းရဲ့ မိသားစုနဲ့ ထပ်တူ ကျွန်တော်တို့တွေလည်း အရမ်းဝမ်းနည်းရပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံး Final ပွဲစဉ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ပြိုင်ပွဲဝင်တွေ အားလုံးရဲ့ သဘောတူညီချက်နဲ့ ပြိုင်ပွဲကို ရက်ရွှေ့လိုက်ပါတယ်” ဟု ဦးရဲမြန်မာအောင်က ဆိုသည်။

အနောက်ပိုင်း တက္ကသိုလ်တွင်၊ ဒုတိယနှစ် အင်္ဂလိပ်စာမေဂျာ အထူးပြုနှင့် ပညာသင်ကြားနေသူ Mister And Miss University ပြိုင်ပွဲဝင် ကောင်းမြတ်ဟိန်း (အမည်ရင်း ကျော်ဇောဟိန်း) သည် အသက် ၂၀ အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့၊ မွန်းလွဲ၂ နာရီအချိန်တွင် ရေဝေး သုသာန်၌ မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း၊ ကောင်းမြတ်ဟိန်းသည် တက္ကသိုလ်ဝင်တန်း အောင်ပြီးကတည်းက မော်ဒယ်လ်လောကသို့ ဝင်ရောက်ပြီး အနုပညာ အလုပ်များကို လုပ်ကိုင်ခဲ့ကြောင်း ကောင်းမြတ်ဟိန်း၏ အစ်မဖြစ်သူ မစိုးယုမော်က ပြောကြားသည်။

The Voice Weekly
 -------------------------------------------------
အောက်မှ Follow ကိုနှိပ်ထားရုံဖြင့် (သတိပြုရန် - Follow ပေါ်တွင် အမှန်ခြစ်ရှိနေပါက မနှိပ်ရပါ။) facebook သုံးရင်း သတင်းများကို ဖတ်နိုင်ပါမည်။

Wednesday, January 22, 2014

တက္ကသိုလ်များ Mister & Miss ပြိုင်ပွဲဝင်တစ်ဦး စခန်းသွင်းလေ့ကျင့်လျက်ရှိသော ဟိုတယ်တွင် သေဆုံးမှုအားစစ်ဆေး


Thursday, January 23, 2014

Published on: January 23, 2014
တက္ကသိုလ်များမှ Mister & Miss Universities 2014 နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်တစ်ဦးမှာ စခန်းသွင်းလေ့ကျင့်လျက်ရှိသော Yangon City Golf Resort ဟိုတယ်တွင် သေဆုံးမှုအား ဇန်န၀ါရီ ၂၂ ရက်က စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ပြိုင်ပွဲဝင်ခါးနံပါတ် (၅) မောင်ကျော်ဇောဟိန်း(ခ) ကောင်းမြတ်ဟိန်းဖြစ်ပြီး သေဆုံးချိန်တွင် အသက်(၂၀) ရှိပြီဖြစ်ကြောင်း၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်တွင် ပညာသင်ကြားနေသူဖြစ်ကြောင်း သိရသည်။

သေဆုံးသူအား စခန်းသွင်းလေ့ကျင့်လျက်ရှိသော ဟိုတယ်၏ ရေကူးကန်အနက် ၁၀ ပေတွင် ယမန်နေ့ သန်းခေါင်ယံအချိန်ခန့်က အသက်ကင်းမဲ့စွာ တွေ့ရှိခဲ့ရကြောင်း Mister & Miss Universities ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ အင်းစိန်မြို့မ ရဲစခန်းမှ ဒုရဲမှူးမောင်မောင်ဦးက “သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်နေဆဲပဲ ဖြစ်ပါတယ်” ဟု ဇန်န၀ါရီ ၂၂ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။

အဆိုပါ နောက်ဆုံးရွေးချယ်ထားသော ပြိုင်ပွဲဝင် ၃၀ ကျော်ကို Yangon City Golf တွင် စခန်းသွင်းလေ့ကျင့်နေကြောင်း သိရသည်။ ယခုကဲ့သို့ “ပြိုင်ပွဲဝင်တစ်ဦး သေဆုံးသွားတဲ့ အတွက်ကြောင့် ပြိုင်ပွဲကျင်းပမယ့် အစီအစဉ်တွေ လွဲချော်သွားပါတယ်။ အဲဒါကြောင့် နောက်ဆုံးပြိုင်ပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းသွားမှာ ဖြစ်ပါတယ်” ဟု ပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Eleven Media Group

Mister University Myanmar 2014 ပြိုင်ပွဲFinalist စာရင်းဝင် မောင်ကျော်ဇောဟိန်း (ခ) ကောင်းမြတ်ဟိန်းကို ဟိုတယ် ရေကူးကန်တွင် အသက်ကင်းမဲ့ လျက်တွေ့ ရှိ


R.I.P Kaung Myat Hein

Mister University Myanmar 2014 ပြိုင်ပွဲအတွက် Finalist စာရင်း ၀င် မောင်ကျော်ဇောဟိန်း (ခ) ကောင်းမြတ်ဟိန်း အသက် ၂၀နှစ်ကို
စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် ဟိုတယ် ရေကူးကန် အနက် ၁၀ ပေခန့် တွင် ယမန်နေ့ည သန်းခေါင်ကျော် အချိန်ခန့်၌ အသက်ကင်းမဲ့ နေသည်ကို
ရှာဖွေတွေ ရှိခဲ့ရကြောင်း Miss University Myanmar စီစဉ်ဆောင်ရွက်နေ သူတွေက ထုတ်ပြန်ခဲ့ပါသည်။
၎င်းသေဆုံးခဲ့မှု အတွက် Miss University Myanmar စီစဉ်သူများအနေဖြင့် ဖြစ်စဉ် ရင်းမြစ်အား စုံစမ်း စစ်ဆေးလျက် ရှိပါကြောင်း အသိပေး တင်ပြအပ် ပါသည်ဟု ၄င်းတို့၏ ဖေ့(စ်)ဘုတ် စာမျက်နှာ ထက်တွင် ဖော်ပြထားသည်။

နိုင်ငံသားကောင်း လူတော်လူကောင်းလေးတစ်ယောက် ဆုံးရှုံးခဲ့ရတဲ့အတွက် Miss Golden Land MyanmarOrganization မှ မောင်ကောင်းမြတ်ဟိန်း၏ မိသားစု မိတ်ဆွေများနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲမိပါကြောင်း....

Friday, January 10, 2014

Miss University Myanmar ပြိုင်ပွဲတွင် ပထမရသည့် တက္ကသိုလ်ကျောင်းသူလေးကို ဆုချီးမြှင့်ရန် ကျပ် သိန်း ၁၅၀ တန်သရဖူပြုလုပ်မည်


တက္ကသိုလ်မောင်မယ်ပြိုင်ပွဲတွင် Miss University Myanmar အား ချီး မြှင့်မည့် သရဖူကို ကျပ်သိန်း ၁၅ဝ ဝန်းကျင် အကုန်အကျခံ အသုံးပြုမည် ဖြစ်ကြောင်း August Myanmar Media Group မှ သိရသည်။

အဆိုပါ သရဖူတွင် စိန် ၂၅ ရတီ၊ နီလာ ခရမ်း ၁၉၇ ဒသမ ၇ ကာရက်နှင့် ရွှေ ၆ ကျပ်သားခန့် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သရဖူကို ပြုလုပ်နေဆဲ ဖြစ်ပြီး လက်ရှိအချိန် အထိ ကျသင့်ငွေ တန်ဖိုးမှာ ငွေကျပ်သိန်း ၁၃ဝ ကျော်ရှိ ပြီဖြစ်သည်။

Mister and Miss University Myanmar 2014 ကို ဝင်ရောက် ယှဉ်ပြိုင်သော လူတစ်ရာကျော်မှ ပထမအဆင့် ပဏာမ လူရွေးချယ်ခြင်းကို ဇန်နဝါရီ ၄ ရက်က Gandamar Wholesale တွင် ပြုလုပ်ခဲ့ပြီး ဆန်ခါတင် ပြိုင်ပွဲဝင် ကျား ၂၈ ဦးနှင့် မ ၂၈ ဦးကို ရွေးချယ်ခဲ့သည်။

ဆန်ခါတင် ပြိုင်ပွဲဝင်များမှ ကျား အဖွဲ့နှစ်ဖွဲ့နှင့် မအဖွဲ့နှစ်ဖွဲ့ ခွဲ၍ ရန်ပုံငွေ ရှာဖွေရမည် ဖြစ်သည်။ ရန်ပုံငွေ ရှာဖွေရန်အတွက် တစ်ဖွဲ့လျှင် ငွေကျပ် နှစ်သိန်းစီ အရင်းအနှီး ထုတ်ပေးထားပြီးရန် ပုံငွေ ရှာဖွေ သည့် ဈေးရောင်းပွဲတော်ကို ဇန်နဝါရီ ၈ ရက်တွင် Gandamar Wholesale ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အထက်ပါပြိုင်ပွဲကြီးကို August Myanmar Media Group မှ ကြီးမှူး ကျင်းပခြင်း ဖြစ်သည်။
Popular Journal

Sunday, January 5, 2014

Mister and Miss University Myanmar အတွက် ထပ်ပေါင်း စကာတင် ကျား ၁ဦးနှင့် မ ၁ဦး ပေါင်း ၂ဦး ထပ်မံရွေးချယ်

Mister and Miss University Myanmar 2014 ကို ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမ ၆ဝ ဦး ရွေးချယ်ခြင်းကို ဇန်နဝါရီ ၄ ရက်နေ့က ဂန္ဓမာ Whole Sale စင်တာတွင် ပြုလုပ်ရွေးချယ်ပေးခဲ့ သည်။ ပဏာမ လူရွေးချယ်ပွဲတွင် ကျန်ရှိသော ကျောင်းသား ကျောင်းသူများထဲမှ ကျောင်းသား ကျောင်းသူ တစ်ဦးစီအား ဒုတိယအဆင့် ပြိုင်ပွဲတွင် ထပ်မံ ယှဉ်ပြိုင်ခွင့် ပြုလိုက်ပါသည်။
ပဏာမ ရွေးချယ်ခံရသူမှာအမျိုးသား
(၅၀) မောင် ခန့်ငြားဇင် နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)နှင့် အမျိုးသမီး
(၈) မ သဲငုံဖူး၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် တို့ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- Mister and Miss University Myanmar 2014
 

Saturday, December 28, 2013

"Mister and Miss University Myanmar ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် အတွက် နည်းပညာ တက္ကသိုလ် (မှော်ဘီ) က ကျောင်းသားကျောင်းသူ ၁၀ဦးကို ကနဦး ရွေးချယ်"

ဒီဇင်ဘာ ၂၇ ရက်နေ့က နည်းပညာတက္ကသိုလ် မှော်ဘီမှာ Fresher Welcome King Queen ရွေးချယ်ပွဲ၊ Mister and Miss TU Hmawbi ရွေးချယ်ပွဲကို ကျင်းပခဲ့သည်။

ထိုနေ့က ကျောင်းသားကျောင်းသူများ၏ ဖျော်ဖြေပွဲများ၊ ပြဇာတ်အစီအစဉ် များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ယင်းပွဲကြီးမှ Mister and Miss University Myanmar ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် ကျောင်း သားကျောင်းသူ ၁၀ဦးကို ကနဦး ရွေးချယ်ခဲ့ကြောင်း သိရသည်။

အဆိုပါရွေးချယ်ပွဲတွင် Mister and Miss University Myanmar Organization မှ ယင်းပွဲအတွက် အလှူငွေ စုစုပေါင်း ကျပ် ၅သိန်းကို လည်း ပေးအပ် လှူဒါန်းခဲ့သည်။

ဓာတ်ပုံ- Mister and Miss University Myanmar

Tuesday, December 10, 2013

"Mister and Miss University Myanmar 2014 ၀င်ခွင့်"


ယခု တက္ကသိုလ်ပေါင်းစုံ မောင်မယ် ပြိုင်ပွဲကြီးကို ၀င်ရောက် ယှဉ်ပြိုင် ကြမဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန် မိမိလက်ရှိ သင်ကြားလျှက်ရှိတဲ့ တက္ကသိုလ် ပါမောက္ခချုပ် များ၊ မော်ကွန်း ထိန်းများ ပြိုင်ပွဲကျင်းပရေး ဆရာ ဆရာမများနှင့် ပထမဦးစွာ ဆက်သွယ်ပြီး တက္ကသိုလ် ကိုယ်စားပြု တရားဝင် ပြိုင်ပွဲဝင်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်နိုင် မှာ ဖြစ်ပါတယ်..

Organizer အဖွဲ့မှလည်း တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်အသီးသီးကို ဆက်သွယ်ပြီး ပူးပေါင်းပါဝင်မှုရှိအောင် ချိတ်ဆက်လျက်ရှိပါတယ်..

အကြောင်းကြောင်းကြောင့် တက္ကသိုလ်အချို့မှ တရားဝင်မပါဝင်နိုင်တဲ့ အခြေအနေများ ရှိခဲ့တယ်ဆိုရင်တော့ ယင်းကျောင်း မှ ကျောင်းသား ကျောင်းသူများကို အလွတ်တမ်း ထပ်မံဖိတ်ခေါ်ပြီး ပါဝင်ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်..

ယခုပြိုင်ပွဲကြီးကို စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်လိုသူများ အနေဖြင့် အောက်ပါ နည်းလမ်း နှစ်မျိုးဖြင့် လျှောက်လွှာများ ရယူနိုင်မှာ ဖြစ်ပါတယ်..

နည်းလမ်း (၁). သက်ဆိုင်ရာ တက္ကသိုလ်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် ကာ တက္ကသိုလ်၏ အစီအစဉ်ဖြင့် လျှောက်လွှာများ ရယူ ယှဉ်ပြိုင်ရန်

(မှတ်ချက်။ ။ တက္ကသိုလ်မှ ရွေးချယ်စေလွှတ်သူများသည် ဇန်န၀ါရီ ၁ရက်၊ ၂ရက်နေ့များတွင် Organizer ရုံးခန်းသို့ ဆက်သွယ်အကြောင်းကြားရန် ဖြစ်ပါသည်..)

နည်းလမ်း (၂). သက်ဆိုင်ရာ တက္ကသိုလ်မှ ရွေးချယ်စေလွှတ်ရန် မအားလပ် သဖြင့် စီစဉ်ပေးနိုင်ခြင်း မရှိပါက Organizer ရုံးခန်းတွင် မိမိ အစီအစဉ်ဖြင့် လျှောက်လွှာများ လာရောက် ရယူ ယှဉ်ပြိုင်ရန်

(မှတ်ချက်။ ။ မိမိအစီအစဉ်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်သူများကို Organizer အဖွဲ့မှ လျှောက်လွှာပါ အကြောင်းအရာများကို ကြည့်ရှုပြီး အကြို စိစစ် ရွေး ချယ်မှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူများကိုသာ ဇန်န၀ါရီ ၁ရက်၊ ၂ရက်နေ့များတွင် ပြန်လည်ဆက်သွယ်ပြီး ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင် ခွင့် ပြုမှာ ဖြစ်ပါတယ်..)


Miss University Myanmar
Popular Journal