Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 5, 2019

နိုင်ငံတော်နှင့် ပြည်သူလူထုသန်း ၅၀ ကို ချနင်းပြီးမိမိကိုယ်ကျိုးကွက်ကွက်လေးသာ ကြည့်ခဲ့ကြသူများ


ဒီပိုစ့်ကိုရေးမယ်လို့စဉ်းစားနေတာကြာပြီ ။
အကြောင်းအမျိုးမျိုးကြောင့်လက်တွေ့ချမရေး
ဖြစ်သေးတော့အကြွေးတင်နေသလိုစိတ်ထဲမှာ
စနိုးစနှောင့်ခံစားရတယ်။ဒီနေ့တော့မရ ရအောင်
ရေးပြီးအကြွေးဆပ်မှဖြစ်တော့မယ် ။ ရေးချင်တဲ့
အကြောင်းအရာလေးကတစ်ခြားဟာမဟုတ်ပါ
ဘူး ။ နိုင်ငံတော်ကိုလက်ညိုးထိုးရောင်းစားခဲ့တဲ့
စစ်ဗိုလ်ချုပ်တွေနဲ့တရုတ်တို့၏ကိုယ်ကျိုးရှာ
လုပ်ကွက်တွေကိုချပြချင်တာပါ ။

ကျနော့လက်ရှိအလုပ်က စင်္ကာပူရေပြင်တဝိုက်
သွားလာရတာများတော့ စင်္ကာပူကိုဝင်လာတဲ့
သင်္ဘောတွေရဲ့အခြေအနေကိုမှန်းမိပါတယ် ။

ဘယ်နိုင်ငံကဘယ်သင်္ဘောတွေနဲ့ ဘာလူမျိုး
သင်္ဘောသားဆိုတာလဲသိသလို ဒီသင်္ဘောဘယ်
မှာရက်ဂျစ်စတာလုပ်ပြီးဘယ်နိုင်ငံ ဘယ်လူမျိုး
ပိုင်ဆိုတာလဲသိနိုင်ပါတယ် ။ ဒီသင်္ဘောဘာကုန်
တွေဘယ်ပို့ကတင်လာပြီးဘယ်နိုင်ငံဘယ်ပို့မှာ
သွားချမယ်ဆိုတာလဲသိရပါတယ် ။

ဒါကလဲ
ထွေထွေထူးထူးမဟုတ်ပါ ၊ သင်္ဘောတိုင်းမှာပါ
တဲ့ AIS data တွေကသိနိုင်တာပါ ။ သင်္ဘော
တိုင်းမှာအဲ့ဒိအချက်အလက်တွေမဖြစ်မနေ
Update ထည့်သွင်းပေးဘို့အရာရှိတွေကတာ
ဝန်ယူထားရပါတယ်၊မထည့်ထားတော့သင်္ဘော
ကိုရေဒါထဲမှာတွေ့ပေမဲ့အချက်အလက်ရှာလို့
မရအောင် AIS ကိုပိတ်ထားမယ်ဆိုရင် Navy
တို့ Coast guard တို့ကဖမ်းမှာဘဲ ။ ပင်လယ်
ဓမြသို့မဟုတ်ခိုးသင်္ဘောသို့မဟုတ် လူမှောင်
ခို ပစ္စည်းမှောင်ခိုသင်္ဘော ၊ တစ်ခုခုမဟုတ်တာ
လုပ်မဲ့သင်္ဘောအဖြစ်သက်မှတ်မှာဘဲ ။ ဒါကြောင့်
မဖြစ်မနေ data တွေထည့်ပေးထားရတော့အဲ့ဒိ
ကတစ်ဆင့်သင်္ဘောအကြောင်းသိရပါတယ် ။

ဟုတ်ပါပြီ ကျနော်ပြောချင်တဲ့အဓိကအကြောင်း
ကိုဒီကစပါမယ် ။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတ
ရုတ်ပြည်စီးပွားရေးကအရှိန်အဟုန်ကြီးကြီးနဲ့
ကြောက်ခမန်းလိလိတိုးပွားလာပါတယ် ။ အဲ့ဒိ
လိုစီးပွားရေးအဆမတန်ဖွံ့ဖြိုးလာမူ့နဲ့အတူ သူ့
နိုင်ငံမှာလောင်စာဆီလိုအပ်ချက်ကလဲအရှိန်အ
ဟုန်နဲ့မြင့်တတ်လာပါတော့တယ် ။ တိုတိုပြောရင်
ဗျာ ဒီပြသနာတွေဖြေရှင်းရဘို့ကတစ်နည်းဘဲရှိ
တယ် ။ အဲ့ဒါကရေနံတွင်းတွေဖင်ခုထိုင်ထားတဲ့
အရှေ့အလယ်ပိုင်းကနေရေနံတွေ‌ဝယ်ဘို့ဘဲ ။
ဝယ်ပြီးရင်သူ့နိုင်ငံဆီရောက်ဘို့ကလဲစူပါတန်
ကာသင်္ဘောကြီးတွေနဲ့သယ်ကြမှရောက်မယ် ။

ဆိုတော့ဆီတင်သင်္ဘောကြီးတွေဝယ်ပေါ့ ။
သွားသယ်ကြပေါ့ ။ ဒီနေရာမှာပြောစရာလေး
နဲနဲရှိလာပြီ ။ တရုတ်ပြည်ကနေ အရှေ့အလယ်
ပိုင်းမှာဆီလာတင်ရင်ပုံမှန်အားဖြစ် တရုတ်က
ထွက်လာတဲ့သင်္ဘောက South China Sea
တောင်တရုတ်ပင်လယ်ကိုအရင်ဖြတ်ရမယ် ။

တောင်တရုတ်ပင်လယ်တောင် ဟောင်ကောင်
မကာအို နဲ့ထိုင်ဝမ်ဘက်ကသာအနီးဆုံဖြတ်ရ
မှာ ။ ဟိုးဘက် ရှန်ဟိုင်းဆိုပိုဝေး ။ ကိုရီးယား
နဲ့ ဂျပန် နဲ့ဆက်စပ်နေတဲ့တရုတ်ပြည် ၊ ရုရှား
ဘက်ကပ်နေတဲ့နေရာဆိုပြောမနေနဲ့တော့ ။
ပို၍ပို၍သာဝေး ။ အဲ့ဒါတွေက တရုတ်ပြည်ရဲ့
ကမ်းရိုးတန်းနဲ့ဆက်နေသောနယ်မြေတွေကို
ပြောတာနော် ။ အတွင်းပိုင်းကျလေ လောင်စာ
ဆီသယ်ယူဘို့ သင်္ဘောတတန် ကားတတန်
အဆင့်ဆင့်သယ်ပို့ပေးရပြန်တယ် ။

ဆိုတော့ပြန်ဆက်ရရင် တရုတ်ကနေအရှေ့အ
လယ်ပိုင်းရေနံနိုင်ငံကို‌လာဘို့ပထမတောင်တရုတ်
ပင်လယ်ကိုဖြတ် ။ နောက်တော့ စင်္ကာပူစထရိတ်။
မလေးမလ္လကာစထရိတ်ကိုပက် ၊ နောက်တော့
အမ်ဒမန်ဆီးကိုကျော်၊နောက်တော့အိန္ဒိယသမုဒ္ဒ
ရာကြီးကိုကူး ။ ဒီရေလမ်းကြောင်းတွေကိုအဆင့်
ဆင့်ဖြတ်ကျော်ပြီးမှရေနံနိုင်ငံပိုင်နက်ထဲကိုရောက်
သွားကြရတာပါ ။ အဲ့ဒိလိုသွားရတဲ့ရေနံတင်စူပါ
တန်ကာကြီးတွေကအသွားဆိုခါလီဘဲ ။ ဘာမှ
မပါဘဲဗြောင်ကြီးသွားရတာ ။ သင်္ဘောလုပ်ငန်း
စီးပွားရေးအရတွက်ရင် အဲ့ဒိအတွက်အထွေထွေ
ကုန်ကျစရိတ်တွေအလွန်ကုန်ကျခံရပါတယ် ။

သင်္ဘောဝန်ထမ်းတွေအတွက်အထွေထွေစရိတ် ၊
သင်္ဘောကြီးရဲ့လောင်စာဆီစရိတ် ၊ စင်္ကာပူမှာ
ခရီးတစ်ထောက်နားဝင်ပြီးရိက္ခာတွေ ရေတွေ
ဆီတွေ ကျောက်ချကွင်းကြေး ပိုက်လော့ကြေး
အေ့ဂျင့်ကြေး ဘာကြေးညာကြေးအားလုံကို
ဗလာအကုန်အကျခံရပါတယ် ။ ဟုတ်ပါပြီ ။ ဒါ
ကအသွား ။ အပြန်ဆီတွေအပြည့်တင်ပြန်လာ
ရင် ကျနော်အပေါ်မှာတင်ပြခဲ့တဲ့လမ်းကြောင်း
ကိုအနောက်ပြန်ဆွဲမြင်ကြည့် ။ အဆင့်ဆင့်ပြန်
ဖြတ်သန်းရင်း အသွားအပြန်ခရီးတစ်ခေါက်ဆို
ရင် အနဲဆုံး ၁၅ ရက်မှ ရက် ၂၀ ဝန်းကျင်ကြာ
ပါတယ် ။ ဒါတောင်ရာသီဥတုကောင်းအုန်းမှ။

တောင်တရုတ်ပင်လယ်ကလဲတစ်နှစ်မှာမုန်တိုင်း
အလုံး ၂၀ လောက်မှမရရင်အယားမပြေတဲ့
ပင်လယ်ကြီး ။ ရာသီဥတုမကောင်းလို့ ကျွန်းခို
ရပြီဆိုအထက်မှာကျနော်ပြောတဲ့ခရီးစဉ်ကြာ
ချိန်က တစ်လဝန်းကျင်ဖြစ်သွားပြီ ။ ‌သင်္ဘော
ဆိုတဲ့သဘောကအချိန်နဲ့အမျှကုန်ကျစရိတ်
တတ်နေတာ ။ အနဲဆုံးသင်္ဘောကြီးတစ်စီးလုံး
လိုအပ်တဲ့လျှပ်စစ်ပေးဘို့ဂျယ်နရေတာမောင်း
ထားရတဲ့စရိတ်တင်တစ်နေ့ဆို ဆိုသလောက် ။
တရိတ်ရိတ်တတ်နေတာ ။

ထားပါတော့ ... အဲ့ဒိလိုကုန်တွေသယ်လာပြီး
တရုတ်ပြည်ပြန်ရောက်လာရင် ပင်လယ်နဲ့နီးတဲ့
ကမ်းရိုးတန်းမြို့တွေကပြသနာမရှိပေမဲ့ ပင်လယ်
နဲ့ဝေးလေလောင်စာဆီတွေထက်သယ်ရတာဝေး
လေဖြစ်ပြန်ရော ။ မြင်သာအောင်ပြောရရင်

ပင်လယ်နဲ့ဆက်စပ်နေတဲ့ မြစ်ကြီးကနေ
မြစ်ကလေးဆီ ။ မြစ်ကလေးကနေ နီးစပ်တဲ့
ဒေသတွေဆီလောင်စာဆီရောက်ဘို့အတွက်
စူပါတန်ကာသင်္ဘောကြီးကတစ်ဆင့်တန်ကာ
သင်္ဘောလေးကိုတစ်ခါပြန်ချ ။ သင်္ဘောလေး
ကမှမြစ်တွေထဲကနေတစ်ဆင့်ပြန်သွား ။ လို
ချင်တဲ့မြို့ကိုရောက်ရင် ဆီတင်ကားဆီပြန်ပေး။

ဆီတင်ကားပေါင်းရာထောင်ကနေတစ်ဆင့်ဟိုး
အတွင်းပိုင်းမြို့နယ်ကျေးရွာ‌တွေဆီသို့ ။ အဲ့ဒိလို
အဆင့်ဆင့်သယ်ကြရတယ် ။ တစ်ဆင်ခံတိုင်း
သယ်ယူပို့ဆောင်ရေးစရိတ်တစ်ခါမြင့်နဲ့နောက်
ဆုံးသုံးစွဲသူတွေလက်ထဲကိုရောက်ချိန်မှာ ဈေး
ရောအချိန်ကာလပါ အတော်‌စားသွားပြီ ။
ဒါတောင်နေ့ ည မနားစတန်းလုပ်ကြမှ ။

တစ်ဖက်မှာလဲစီးပွားရေးကတရိတ်ရိတ်အရမ်း
ဖွံ့ဖြိုးနေတော့ လောင်စာဆီဖူလုံမူ့ပြသနာကလဲ
ဘယ်လိုအခက်အခဲမျိုးစုံကိုရင်ဆိုင်ရ ရင်ဆိုင်ရ
မဖြစ်မနေဖြည့်တင်းပေးနေရမယ်ဆိုတာတရုတ်
အစိုးရအနေနဲ့နားလည်နေကြတယ် ။ လောင်စာ
ဆီအခက်အခဲကြီးမားသွားရင် သို့မဟုတ် လောင်
စာဆီပြက်တောက်သွားရင်ဖွံ့ဖြိုးနေတဲ့သူ့စီးပွား
ရေးကိုခါးကရိုတ်ချိုးသလိုဖြစ်သွားလိမ့်မယ်
ဆိုတာသူတို့လက်ခံထားကြတယ် ။

ဒါကြောင့် ဘယ်လောက်ဝေးဝေး ဘယ်လောက်
ကုန်ကုန် ရအောင်သွား ၊ ရသမျှဆီယူ ၊ သူ့နိုင်ငံ
အတွင်းလောင်စာဆီမပြက်သွားရေးသည်
အဓိက နံပါတ်တစ် ။

ဒါပေမဲ့ တရုတ်အစိုးရအတွက်ဒီလောင်စာဆီ
ကိစ္စမှာအရမ်းရင်ပူနေရတာတွေရှိတယ် ။ လက်
တလောအခြေအနေမှာအကုန်အကျများစွာခံ
ပြီးပြည်တွင်းလိုအပ်ချက်တွေပြည့်မှီအောင်အ
ကုန်အကျများစွာခံဖြည့်ဆည်းပေးနေရပေမဲ့
အနာဂါတ်တရုတ်ပြည်အတွက်လောင်စာဆီ
စိတ်ချရရေး ။ ဒါကအရမ်းအရေးကြီးတယ် ။

တစ်ခြားတိုးတတ်ပြီးနိုင်ငံတွေက သူတို့နိုင်ငံ
တွေအတွက်အနာဂါတ်စွမ်းအင်စိတ်ချရဘို့
ပလန်တွေကိုယ်ဆီရှိပေမဲ့ သူ့ဆီမှာမရှိဘူး ။
အဲ့ဒါ ရင်ပူစရာ ။ သူတို့နည်းလမ်းရှာပြီ။

ဒန်တန်တန် ...အဲ့ဒိမှာ
ခွေးကျိုးနဲ့ချီးပုံအသိုး သွားတွေ့တာဘဲ။
ဒီမှာကလဲ မိမိအာဏာတည်မြဲဘို့ဆိုရင် ရဟန်း
သံဃာ ကျောင်းသားကျောင်းသူ ပြည်သူလူထု
လည်ပင်းသွေးနဲ့ခြေဆေးဘို့ဝန်မလေးတဲ့အပြင်
မိမိ မိသားစုအတွက်ဆို ရသမျှအကုန်အိတ်ထဲ
ထည့်မယ်ဆိုတဲ့ စစ်အာဏာရှင်ယူနီဖောင်းဝတ်
နဲ့ယူနီဖောင်းချွတ်တွေက နိုင်ငံအတွင်းမှာ သေ
နက်ပြအတင်းအဓမ္မအာဏာယူထားချိန် ...

သူ့ နိုင်ငံအတွက်ဆို စစ်ဖိနပ်နဲ့အနင်းခံထားရတဲ့
သန်း ၅၀ သောမြန်မာနိုင်ငံသားတွေကိုမကြည့် ။
မိမိကိုယ်ကျိုးသာကြည့်သော တရုတ်ကွန်မြူနစ်
အစိုးရတို့ သွားတွေ့သောအခါ ...

အခုလို နိုင်ငံကိုခါးလည်ကပိုင်းပြီးပိုက်လိုင်း
ကြီးတွေသွယ်တန်းမယ်ဆိုသောမဟာပရောဂျက်
ကြီးကအကောင်အထည်ပေါ်လာပါလေရော ။

အဲ့ဒိပေါ်လာတဲ့အကောင်အထည်ကြီးမှာတရုတ်
ပြည်အတွက်ဘယ်လောက်အမြတ်ပေါ်သွားသ
လဲဆိုရင် ကျနော်အပေါ်မှာတင်ပြခဲ့တဲ့ တရုတ်မှ
အရှေ့အလယ်ပိုင်းအထိသင်္ဘောလမ်းကြောင်း
ကိုပြန်ကြည့် ။ တောင်တရုတ်ပင်လယ်ကို ဖြတ်
စရာမလိုတော့ဘူး ။ စင်္ကာပူနဲ့မလ္လကာကိုပက်စ
ရာမလိုတော့ဘူး ။ အိန္ဒိယသမုဒ္ဒရာကိုကူးဘို့
တဝက်လောက်သက်သာသွားတယ် ။ အဲ့ဒါတွေ
က သူတို့ခရီးလမ်းတစ်လျှောက်လုံးကိုပြန်ကြည့်
ရင် သုံးပုံနှစ်ပုံလောက်လျော့ကျသွားတယ်လို့
ဆိုလိုချင်တာ ။ အဲ့ဒိအတွက်သူတို့
ဘယ်လောက်အထိကုန်ကျငွေ
သက်သာသွားသလဲ ။

အချိန်ရော ဘယ်လောက်တောင်သက်သာသွား
သလဲ ။ သင်္ဘောအကြီးကနေ သင်္ဘောအသေး ။
မြစ်ထဲတဆင့်ပြန်ဝင် ၊ ဟိုး တရုတ်ပြည်မအတွင်း
ထဲအဆင့်ဆင့်သွားရတဲ့ခရီးတွေဆင့်ကာဆင့်
ကာရယ်လေ ။ နိုးပါ အခုမလိုတော့ဘူး ။

ကျေးဇူးရှင်မြန်မာစစ်အာဏာရှင်အဆိုးရရော
စစ်ယူနီဖောင်းချွတ်ဦးသိန်းစိန်အစိုးရက ရော
သူတို့လက်ထက်မှာ ဆွေမျိုးပေါက်ဖော်တရုတ်
ပြည်သူ့သမ္မတနိုင်ငံတော်ကြီးအနာဂါတ်သာယာ
ရေးအတွက် စွမ်းစွမ်းတမံအကောင်အထည်
ဖော်ပေးခဲ့လေသတည်းပေါ့ ။

အဲ့ဒါကရခိုင်ပြည်နယ်
ကျောက်ဖြူရေနက်ဆိပ်ကမ်းကနေတစ်ဆင့်
တရုတ်ပြည်ကုန်းတွင်းပိတ်ဒေသယူနန်ပြည်နယ်
သို့ ။ ၎င်း မှတစ်ဆင့်တရုတ်ပြည်မကုန်းတွင်းပိတ်
နေရာဒေသအသီးသီးသို့ လောင်စာဆီနဲ့တကွ
ရခိုင်မှထွက်သော သဘာဝဓာတ်ငွေ့များ ကို
မြန်မာပြည်အလယ်တည့်တည့်ကမြေကိုရောင်း
ဖြတ်ပိုင်းစေပြီး ဧရာမပိုက်လိုင်းကြီးမှတစ်ဆင့်
တစ်နှစ်ကိုရေနံတန်ချီန်သန်းပေါင်းများစွာ ။
သဘာဝဓာတ်ငွေ့အရည်ကုဗပေကုဋေကုဋာ
နဲ့ချီ၍ တရုတ်ပြည်ကြီးသို့ပို့ပေးနိုင်လေပြီ ။

စဉ်းစားကြည့်လေ ။ သင်္ဘောနဲ့သယ်မယ်ဆို
သင်္ဘောတစ်စီးမှာအကြီးအသေး အလိုက်
တန်ချိန်နှစ်သိန်းသုံးသိန်း VLCC ကြီးကသယ်
ရင်တောင်ခေါက်ရေထောင်နဲ့ချီရမယ် ။ သင်္ဘော
တစ်စီးတစ်လကို ၂ ခေါက်ထား ။ တစ်နှစ်မှ ၂၄
ခေါက် ။ သင်္ဘောဆယ်စီးဆိုခေါက်ရေ၂၄၀ ။

ဆိုတော့ ...
သင်္ဘောကြီးပေါင်း ၁၀၀ ၊ ၁၀၀၀ တပြိုင်တည်း
အပြိုင်ဆွဲရမဲ့အလုပ်ကို ဒီပိုက်လိုင်းကြီးက
အချိန်တိုတို ကုန်ကျစရိတ်သက်သက်သာသာ
နဲ့တာဝန်ယူပေးလိုက်တဲ့သဘောပါဘဲ။ ဒါတောင်
ရာသီဥတုမ မပါ ၊ သင်္ဘောတွေမပျက်ဘဲထည့်
တွက်ထားတဲ့နူန်းနော် ။ သင်္ဘောတစ်စီးစာရဲ့ အ
ထွေထွေကုန်ကျစရိတ်လုံးဝမလိုတော့ပါ ။
ဟားဟား ပိုင်လိုက်တာနော် ။

ကောင်းလိုက်တဲ့ပရောဂျက်ကြီးကွာ ။ ဒါတွေ
မြင်တော့ တစ်ခြားနိုင်ငံတွေက ကိုယ်တွေနိုင်ငံ
ကိုအထင်တကြီးနဲ့မေးကြမှာဘဲ ။

ဟေ့ မြန်မာပြည်သားကြီးရေ ၊
ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ
ကြီးဖြစ်တဲ့တရုတ်ပြည်ကြီးအတွက်အခုလိုအင်
မတန်ကောင်းမွန်သောအစီအမံကြီးကိုမင်းတို့နိုင်
ငံကိုနှစ်ပိုင်းကွဲခံ အနစ်နာခံလက်ခံပေးလိုက်တဲ့
အကျိုးကျေးဇူးကဆင်းရဲမွဲတေပြီးနိုင်ငံသူနိုင်ငံ
သားတွေကျွန်ထွက်ခံနေရသောမြန်မာပြည်နဲ့
ပြည်သူလူထုအားလုံးအတွက်အင်မတန်အကျိုး
ဖြစ်ထွန်းမှာဘဲနော် လို့ အထင်ကြီးစွာ
မေးလာကြတော့ ...

ဟုတ်ကဲ့ အခုလိုဘဲပြန်ဖြေရပါမယ် ။
အဲ့ဒိအကျိုးကျေးဇူးကရတဲ့ငွေ ဘယ်မှာလဲမသိ
ဘူး ။ လောလောဆယ်ကျုပ်တို့နိုင်ငံကိုနှစ်ပိုင်း
ခွဲဖြတ်ထားသောပိုက်လိုင်းကြီးတွေအတွက်ဒေါ်
လာ သန်း ၂၀၀ ကိုတရုတ်ကြီးအားအကြွေးဆပ်
ရအုန်းမယ်တဲ့ဗျာ ။ အရင်းမဆပ်နိုင်သေးတော့
လက်ရှိအစိုးရက အတိုးထိုင်ပေးနေရသတဲ့ကွာ
လို့သာ ဖြေစရာရှိတော့တယ် ။

ဟာ ဒါဆိုအဲ့ဒိကရတဲ့ဝင်ငွေတွေကမင်းတို့
အတွက်မဟုတ်ဘူးလားထက်မေးလာခဲ့ရင် ..

ငါတို့အတွက်တော့မသိဘူး ။ အဲ့ဒိစီမံကိန်းမှာ
ပါဝင်ပက်သက်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးတွေမှန်
သမျှကတော့ ကမ္ဘာ့အဆင့်ဘီလီယံနာကြီးတွေ
ဖြစ်ကုန်တဲ့အပြင် နိုင်ငံခြားဘဏ်မှာအကောင့်
ခွဲတွေဘီလီယံပေါင်းများစွာအပ်ထားနိုင်ကြ
တယ် ။ အဲ့ဒိအပ်ထားတဲ့ပမာဏကဘယ်လောက်
ရှိသလဲဆိုရင်လက်ရှိငါတို့နိုင်ငံမှာတင်နေသော
နိုင်ငံခြားကြွေးမှီထက်များတဲ့ငွေပမာဏရှိပြီး
အဲ့ဒါတွေအားလုံး သူတို့အမည်ပေါက် သူတို့
မိသားစုကိုယ်ကျိုးအတွက် အပ်ထားကြသတဲ့
ကွာလို့သာ ဖြေနေရပါတော့မယ် ။

ဒါကြောင့် ဒီပိုစ့်အပေါ်ဆုံးမှာကျနော်ပြောခဲ့
သော ကျနော်ကျင်လည်နေတဲ့စင်္ကာပူရေပိုင်
နက်မှအတွေ့အကြုံအရပြောရမယ်ဆိုရင် ယခု
ချိန်မှာ တရုတ်ပြည်မှထွက်လာလေ့ရှိပြီးအရှေ့
အလယ်ပိုင်းကိုသွားနေကျ VCC VLCC ရေနံ
တင်သင်္ဘောကြီးတစ်ဝက်လောက်က စင်္ကာပူ
ဆီမဝင်နိုင်တော့ဘူး ။ သူတို့လာစရာလဲမလို
တော့ဘူး ။ အဲ့ဒိသင်္ဘောကြီးတွေက အခုဆိုရင်
ကျောက်ဖြူရေနက်ဆိပ်ကမ်းဆီမှာ ဝင်လိုက်
ထွက်လိုက် ထွက်လိုက်ဝင်လိုက် ...

ကိုယ့်သွေးချင်းရခိုင်တွေကတော့ ရန်ဖြစ်လိုက်
မီးခွက်ထွန်းလိုက် ပြည်တွင်း ပြည်ပကိုထွက်ခွာ
ပြီးအလုပ်ရှာလိုက် ။ မြန်မာပြည်သူလူထုကတော့
ဒင်းတို့အိတ်ထဲထည့်သွားတဲ့အပြင်ဒင်းတို့ချန်ထား
ခဲ့သောအကြွေးတွေအတွက် အတိုးအရင်း
မှန်သမျှထိုင်ဆပ်ကြပေတော့ ။

ဒါကြောင့် ...
ကျနော်တို့ စစ်အာဏာရှင်လုပ်ခဲ့သူမှန်သမျှကို
အရိုးထဲအထိ ခါးခါးသီးသီးမုန်းနေမိတာ
လွန်သလား ဗျာ ...

အဲ့ဒိလူတွေနဲ့ အဲ့ဒိလူတွေရဲ့
လက်အောက်ခံဝေစားမျှစားတွေ အားလုံး
ဒီနိုင်ငံကိုနောက်တကြိမ်ဖျက်ဆီးဘို့ ၂၀၂၀
မှာ မရမကကျိုးစားနေကြတာ ကျနော့ရဲ့
ချစ်မိတ်ဆွေများက ထိုင်ကြည့်နေကြမှာလား ။

ဖြေပါ ... ။

Sua Sponte .

ကျနော်တင်ထားတဲ့
အာရှရေပုံကိုကြည့်ဖြစ်အောင်ကြည့်ပါ ။

ပြီးရင် ...

ကြိုက်သလောက်ရှယ် ရသလောက်ကော်
အေးဆေးဘဲ ။ 😎

No comments:

Post a Comment