Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, December 9, 2019
အစိုးရကြီးကြပ်မှုအောက် တပ်မတော်ရှိဟုဆို
၁။ အခန်း(၁) အခြေခံမူ (၆)အရ တပ်မတော်က
နိုင်ငံရေးမှာ ဦးဆောင်ရမယ်၊
၂။ အခန်း(၁) ပုဒ်မ (၃၄)အရ ပြည်ထောင်စု၊ တိုင်းနဲ့ ပြည်နယ်အဆင့်ဆင့်မှာ ပါဝင်သွားမယ်၊
၃။ ပုဒ်မ (၂၀)အရ တပ်မတော်တစ်ခုထဲ ရှိရမယ်၊ တပ်ကိစ္စကို တပ်ပဲ စီမံမယ်၊ ဖွဲ့စည်းပုံကို တပ်ပဲ ကာကွယ်မယ်၊
၄။ ပုဒ်မ (၆၀) (ခ) (၃)အရ တိုင်းပြည်အုပ်ချုပ်ရေးအဆင့်ဆင့်မှာ ပါမယ်၊
၅။ အခန်း(၇) ပုဒ်မ (၃၃၈)အရ အခြား
ဘယ်လက်နက်ကိုင်မှ ခွင့်မပြု၊
၆။ ပုဒ်မ (၃၄၁)၊ (၄၁၂)၊ (၄၁၃)၊ (၄၁၈)၊ (၄၁၉)အရ အရေးပေါ်အချိန်မှာ အာဏာသိမ်းခွင့် ပေးထားရုံမျှသာမက ပုဒ်မ (၄၁၇)အရ တစ်နှစ် (သို့) အကန့်အသတ်မရှိ အာဏာသိမ်းထားလို့ ရအောင် ပြဌာန်းထားတယ်၊
၇။ ပုဒ်မ (၂၀)အရ တပ်မတော်ရေးရာဟူသမျှကို တပ်မတော်ကပဲ လုပ်မယ်၊
၈။ အခန်း(၄) ပုဒ်မ (၇၄)၊ (၁၀၉)၊ (၁၄၁)၊ (၁၆၁)တို့အရ ဥပဒေပြုရေးအဆင့်ဆင့်မှာ (၂၅)ရာခိုင်နှုန်း ပါဝင်ခွင့် ရထားတယ်၊
၉။ ပုဒ်မ (၁၁၅)၊ (၁၄၇) (ခ)တို့အရ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စများ၊ တပ်မတော်ရေးရာများနဲ့ပတ်သက်ရင် တပ်မတော်သားတွေကပဲ ဆောင်ရွက်မယ်၊
၁၀။ ပုဒ်မ (၁၂၁) (ည)အရ တပ်မတော်အား
အခွင့်ထူးခံ ပေးရမယ်၊
၁၁။ ပုဒ်မ (၂၁၀)အရ ကာကွယ်ရေးနဲ့လုံခြုံရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးတို့မှာ၊ ပုဒ်မ (၂၃၂)၊ (၂၃၄)တို့အရ ဒုဝန်ကြီးများကို ခန့်အပ်ရင် တပ်မတော်သားများကို အဓိကထားဦးစားပေးရမယ်၊
၁၂။ ပုဒ်မ (၂၆၂)အရ တိုင်းနဲ့ပြည်နယ် ကာကွယ်ရေးနဲ့နယ်စပ်ရေးရာကို ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ကိုင်ထားမယ်၊
၁၃။ တပ်ကိုယ်စားလှယ်များ နုတ်ထွက်၊ ရပ်စဲ၊ ခန့်အပ်ခြင်းကို တပ်ကပဲ လုပ်ခွင့်ရှိတယ်၊
၁၄။ ပုဒ်မ (၂၅၈)အရ တပ်ကြီးစိုးတဲ့ နေပြည်တော်ကောင်စီမှာ အဆင့်မြင့်ဆုံးအာဏာကို ပေးထားမယ်၊
၁၅။ အရေးပေါ်ကာလများမှာ အခန်း(၁၁) ပုဒ်မ (၄၁၂)၊ (၄၁၃)၊ (၄၁၈)ကနေ (၄၃၂)အထိအရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးတို့မှာ တပ်က တာဝန်ယူနိုင်တယ်၊ အကန့်အသတ်မရှိ အာဏာသိမ်းထားနိုင်တယ်၊
၁၆။ အခန်း (၁၄) ပုဒ်မ (၄၄၃)၊ (၄၄၅)ကနေ (၄၄၇)အထိအရ စစ်အစိုးရအမွေကို ဆက်ခံတယ်၊ စစ်အစိုးရသုံးခဲ့တဲ့ ဥပဒေတွေကို ပြန်သုံးလို့ ရတယ်။
ဒါတွေကို ကြည့်ရင် တရားမဝင် စစ်အုပ်ချုပ်ရေးကနေ တရားဝင်စစ်အုပ်ချုပ်ရေး ဖြစ်အောင် ရေးဆွဲထားပြီး အာဏာသိမ်းစရာမလိုလောက်အောင် စစ်တပ်ကို အခွင့်အာဏာ ပေးထားပါတယ်။
▪ K K M
........
အခွင့်ထူးခံ ပေးရမယ်၊
▪ K K M
No comments:
Post a Comment