Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 5, 2019

Mobile Photography အကြောင်းသိကောင်းစရာ


Mobile Photographyဆိုတာ mobile ဖုန်းတစ်လုံးနဲ့ရိုက်ထားတဲ့ပုံတွေကိုသာမက Cybershot လို အပျော်တမ်းရိုက်Camera တွေနဲ့ရိုက်ခြင်းဖြစ်တဲ့ Photographyတွေကို ဆိုလိုပါတယ်။ဒီ Articleလေးမှာတော့ Smartphone Photography အကြောင်းကိုအဓိက Share လုပ်ပေးသွားမှာပါ.Smartphone တစ်လုံးမှာ ဓာတ်ပုံအရည်အသွေးကောင်းကောင်းရဖို့ ဘာတွေကအရေးကြီးသလဲ.သူ့မှာပါတဲ့ featuresတွေ က ဘာတွေလဲ.camera တစ်လုံးမှာ ဘာတွေပါသလဲ။

✍Aperture, Focal length,exposure,focus,ISOshutter speed ဆိုတာ ဘာတွေလဲ။ ဘယ်လိုအသုံးဝင်သလဲ..ဘယ်လိုတွေလုပ်ဆောင်ပေးသလဲ.... ကျွန်တော်တို့ နည်းနည်းလောက်..ဆွေးနွေးကြတာပေါ့...။
ပထမဆုံးအရေးကြီးတာက ဒီpost က Beginner တွေအတွက်ပါ DSLRလို pro camera သမား တွေ အတွက်မဟုတ်ပါဘူး။..အဲလောက်မနက်နဲလို့ပါ။

✍Megapixel

ဟုတ်ပါတယ်.. လူတော်တော်များများ ရင်နှီးလေ့ရှိတဲ့အရာလေးပါ. Megapixel များရင် camera ကောင်းမယ် လို့ လူတော်တော်များများထင်တတ်ကြပါတယ်..အဲဒါဟာ 20%လောက်ပဲမှန်ပါတယ်. Camera တစ်လုံးကောင်းဖို့ Aperture, sensor size,sensor,တွေ အစရှိသည်ဖြင့် တွေကလည်းအရမ်းကိုအရေးပါပါတယ်.. Megapixel ဆိုတာက ပုံရိပ်ရဲ့ ချဲ့နိုင်အား ကိုအဓိကပြောချင်တာပါ.Megapixel များများနဲ့ရိုက်ထားတဲ့ပုံဟာ ပုံကြီးပိုချဲ့လို့ကောင်းပါတယ်.ဆိုလိုတာက DPI မြင့်မြင့်နဲ့ ပုံထုတ်လို့ရတာပါ.ဥပမာ 1.3mp ရှိတဲ့camera ကနေ ရိုက်လိုက်တဲ့ပုံဟာ 4*3inch ရှိပီး 300dpi ဓာတိပုံတစ်ပုံကိုထုတ်ပေးနိုင်ပါတယ်. Megapixel နဲလေ ထုတ်နိုင်တဲ့ပုံအရွယ်အစားကသေးလေပါ.ဓာတ်ပုံအရည်အသွေးနဲ့အများကြီးသက်ဆိုင်ခြင်းမရှိပါ.ပြောရမယ်ဆိုရင် Iphone 8plus ရဲ့ 12mp နဲ့ရိုက်ထားတဲ့ ပုံဟာ Nova 3i ရဲ့ 16mp ထက် ပုံထွက်အများကြီးပိုကောင်းပါတယ်. megapixel က Nova 3i က ပိုများတာနော်.DSLRလောကမှာဆိုရင် Canon cameraတွေဟာ 12mp ထက် ပိုထုတ်တာရှားပါတယ်.တစ်ခါတလေ 10mp လောက်နဲ့တောင်ထုတ်ပါတယ်.
Nikon နဲ့ Canonမှာ Nikon က megapixel ပိုများများထုတ်ပေးပါတယ်.ဒါ့ကြောင့် ပုံတစ်ပုံကောင်းမကောင်းက Megapixel နဲ့သိပ်ပီးမသက်ဆိုင်ဘူးဆိုတာ သိသာပါတယ် Sensor အဓိကအားဖြင့် Smartphone camera တွေကောင်းမကောင်းကို ဆုံးဖြတ်ပေးတာက Sensorပါ.Smartphoneတွေအကုန်နီးပါးမှာ တပ်ဆင်ထားတာတွေကတော့ Sony sensorတွေပါပဲ IMX series တွေကို ထည့်သွင်းထားလေ့ရှိပါတယ်.IMX 363,IMX 376,IMX 486 စသည်ဖြင့် ထည့်သွင်းပေးထားပါတယ်. အကြမ်းဖြင်းအားဖြင့်တော့ နံပါတ်ကြီးလေ ပိုကောင်းလေပါပဲ. သို့သော် Sensor ကောင်းတိုင်းလည်း photoအရည်အသွေးပိုမကောင်းသွားသေးပါဘူး။

✍Software Optimization

ဟုတ်ပါတယ် Megapixelတွေ sensorတွေ F တွေ တူနေတဲ့ smartphone နှစ်လုံးဟာ ပုံထွက် မတူနိုင်ပါဘူး. Smartphone companyတွေက ပြန်လည် ထည့်သွင်းပေးထားတဲ့ enhance လုပ်ပေးတဲ့ softwareကလည်းအရေးကြီးပါတယ်.ဥပမာ ဂျာမဏီ camera companyကြီးဖြစ်တဲ့ Leica က co-engineer လုပ်ထားတဲ့ Huaweiရဲ့ P seriesတွေဟာ sensorတူညီတဲ့တခြားဖုန်းတွေထက် ပုံထွက်အများကြီးပိုကောင်းတာကိုတွေ့ရမှာပါ. အကြမ်းဖျင်းအားဖြင့် Vivo Oppoဆိုရင် Beauty effပါတဲ့ဘက်ကိုsoftwareနဲ့လုပ်ယူထားမယ်။Iphone တို့ Samsung တို့ဆိုရင် Natural ဘက်ကို သွားမယ်။ဒါကတော့ manufacturer နဲ့ဆိုင်ပါတယ်။

✍Aperture

တွေ့ဖူးပါသလား F1.9, F2.0 ဆိုပီး Smartphone camera specification တွေမှာ?F ဆိုတာ f-stopပါ။
Aperture ဆိုတာက Lens တစ်ခုရဲ့ အကျယ်ပါ.ပြတင်းပေါက်တစ်ခါဆိုပါစို့။ ကျယ်ကျယ်ဖွင့်ထားရင် အလင်းပိုဝင်မယ်ကျဉ်းကျဉ်းလေးဖွင့်ထားရင် အလင်းနဲနဲပဲဝင်မယ်.Apertureဆိုတာလည်း ဒီသဘောပါပဲ. ကျယ်ရင်အလင့းပိုဝင်ပီး အမှောင်ထဲမှာ ဓာတ်ပုံရိုက်လို့ပိုကောင်းပါလိမ့်မယ်။ သတိထားရမှာက F1.8သည် F2.0ထက်ပိုကျယ်ပါတယ်. ဂဏန်းငယ်လေ ပိုကြီးလေ လို့မှတ်ပါ.. Smartphone မှာ အကျယ်ဆုံးဖြစ်တဲ့ F1.5ကို Samsumg Glaxy S9plusမှာတွေ့ပီးဖြစ်ပါတယ်.Aperture ဟာ Focus လုပ်နိုင်စွမ်းမှာလည်းပါဝင်ပတ်သက်ပါသေးတယ်. Wide ဖြစ်ရင် အနောက်ဘက်ကိုဝါးပေးတဲ့ creamyပုံစံကိုရမှာဖြစ်ပီး ကျဉ်းရင်တော့ နဂိုအကြည်အတိုင်းရမှာဖြစ်ပါတယ်....

✍Exposure and shutter speed

Exposure ဆိုတာကတော့ ဓာတ်ပုံတစ်ပုံ ဘယ်လောက်လင်းတယ် ဘယ်လောက်မှောင်တယ်ဆိုတာကိုသတ်မှတ်ပေးတာပါ.အလင်းထဲမှာ အရမ်းမှောင်နေတဲ့ image တစ်ခုကို underexposed ဖြစ်နေတယ်လို့သတ်မှတ်ပါတယ်.သာမန်ထက်အရမ်းလင်းနေတဲ့ imageတစ်ခုကိုတော့overexposed ဖြစ်တယ်လို့သတ်မှတ်ပါတယ်။Exposure ကို Lensရဲ့aperture,ISO,shutter speed တွေနဲ့ ထိန်းချုပ်ပါတယ်. Manual mode ရိုက်လို့ရတဲ့Phone camera တွေမှာ shutter speed ပါပါတယ်. 2s,4s,8s,16s,32sအထိပါလေ့ရှိပါတယ်.Shutter speedဆိုတာ lens ထဲကို အလင်းဝင်တဲ့အချိန်ပမာဏကိုပြောတာပါ.ပြောရမယ်ဆိုရင် shutter speed 4sဆိုရင် အလင်းတွေဟာ 4secလောက် cameraထဲကိုဝင်သွားမယ်လို့ဆိုချင်တာပါ.ကြာလေ လင်းလေပေါ့. Shutter speedကို 2secondထိတင်ရိုက်မယ်ဆိုရင် shutter buttom ကိုနိပ်2secနေမှ Camera က image ကို captureလုပ်မှာဖြစ်ပါတယ် .အလားတူပဲ 32secမှာရိုက်မယ်ဆိုရင်လည်း 32secကြာမှ captureလုပ်မှာဖြစ်ပါတယ်.သတိထားရမှာက Shuuter speed အရမ်းမြင့်မြင့်နဲ့ရိုက်မယ်ဆိုရင်Tripod ကိုသုံးရမှာပါ.လက်ရဲ တည်ငြိမ်မှုနဲ့ရိုက်ဖို့မဖြစ်နိုင်ပါဘူး. ကျနော်တို့သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အမှောင်ထုထဲမှာ လင်းထိန်စွာနဲ့ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် shutter speedကို 32s လောက်ဖြင့်ရိုက်ရင် မြင်ရပါတယ်.DSLRမှာသာမန်အမှောင်ထဲမှာ ISO မြင့်မြင့်နဲ့ရိုက်လို့ရတယ်ဆိုပေမယ့် Noise တွေအရမ်းများလာပါလိမ့်မယ်.Shutter speedက mobile photographyမှာတော်တော်လေးအရေးပါတယ်လို့မြင်ပါတယ်. Manual Modeကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတတ်ရင် ဓာတ်ပုံကောင်းတွေရနိုင်ပါတယ်.ဥပမာ Huawei ရဲ့ Leica cameraတွေဟာ Manual modeနဲ့ရိုက်မယ်ဆိုရင် အရမ်းအဆင်ပြေမှာပါ.... Point and shot အတွက်ကတော့ Google Pixelတွေ Iphone တွေက ပိုအဆင်ပြေပါတယ်.ကျနော် အမှောင်ထဲမှာ auto mode နဲ့ရိုက်ထားတဲ့ပုံနဲ့ shutter speed 32 sec နဲ့ရိုက်ထားတဲ့ပုံနှစ်ပုံကို ယှဉ်ပြထားပါတယ်။အမှောင်ထဲမှာ Still objectတွေကိုရိုက်ဖို့ Exposure ကိုမြင့်မြင့်သုံးနိုင်ပါတယ်.တချို့Pro cameraman တွေကတော့ Landscape တွေရိုက်ဖို့အတွက်လည်း shutter speed မြင့်မြင့်နဲ့LE ရိုက်လေ့ရှိပါတယ်။

✍Digital vs Optical

smartphone တွေမှာ optical zoom ရဖို့နောက်ထပ် tele lens တွေတပ်ပီး 2x zoomဆိုတာကို Iphone 7 plusမှာပထမဆုံးချပြခဲ့ပါတယ်...(ဟာ သားရီး အရင်ကလည်း ဖုန်းတွေမှာ zoomရပါတယ်ဟ..) မဟုတ်ပါဘူး။အရင်ကရတာက image ကို crop လုပ်လိုက်ပီး zoom သဘောမျိုးလုပ်တာပါ။တကယ်zooming လုပ်တာမဟုတ်တဲ့အတွက် blur ဖြစ်သွားတာတွေ ကိုတွေ့ရမှာပါ.Optical zoom lensတွေကို တပ်ထားတဲ့အတွက် 2x zoomကို ကြည်ကြည်လင်လင်ရလာပါတယ်။အခုနောက်ဆုံးထွက်ထားတဲ့ Mate 20 proမှာဆိုရင် 3x optical zoom lens တွေကို ထည့်သွင်းပေးထားပါတယ်။ Digital zoom နဲ့ optical zoomကတော့ Cybershot camera လေးတွေမှာပဲ သိသိသာသာထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်. Optical 5x zoomတို့ Digital 50x zoom တို့ဆိုပီးထည့်သွင်းပေးထားတာကိုမြင်ဖူးကြမှာပါ။.ပြောရမယ်ဆိုရင် Digital zoomက software နဲ့လုပ်တာဖြစ်ပီး။ optical zoomကတော့ Hardware zoom lens တွေနဲ့လုပ်ဆောင်ပေးတာပါ။ဒါ့ကြောင့် optical zoomတွေကပိုကောင်းရခြင်းဖြစ်ပါတယ်။

✍ISO

Manual modeမှာ ISO ဆိုတာလည်းပါပါတယ်။ISOဆိုတာကတော့ Camera ကဘယ်လောက် Light ထဲမှာ sensitive ဖြစ်လည်း ဆိုတာ ကို တိုင်းတာတာပါ.ဥပမာ ISO 100ဆိုတာ သိပ် sensitive မဖြစ်ပါဘူး.Normal ISOလို့သတ်မှတ်ထားပါတယ်။ဖုန်းတွေမှာ ISO 3200ထိ အမြင့်ဆုံးပါပါတယ်။.သူကလည်းအမှောင်ထဲမှာရိုက်ဖို့အတွက်အသုံးပြုတာပါ.သူကတော့အချိန်ယူစရာမလိုပါဘူး။ဒါပေမယ့် ISO မြင့်လေ Noise လို့ခေါ်တဲ့အနီစက်လေးတွေများလေပါ.Detailတွေလည်းပျောက်ကုန်လေ့ရှိပါတယ်.ဒါ့ကြောင့် Phone နဲ့ရိုက်မယ်ဆိုရင် ISO တင်ဖို့ထက် Exposure time ကိုမြင့်ပီးရိုက်ဖို့အကြံပေးချင်ပါတယ်။ISOကိုလည်း apertureနဲ့shutter speed က ထိန်းချုပ်ထားပါတယ်။

✍Focal length(F)

ဆယ်တန်း Chap (5) Lens အခန်းမှာ သင်ခဲ့ဖူးကြမှာပါ။Focal length ဆိုတာက Lens နဲ့Objectနဲ့အကွာအဝေးပါ။focal length ကို camera app မှာ F အကြီးနဲ့ပြထားပါတယ်၊mm နဲ့ တိုင်းတာပါတယ်။ 10mm,40mm,400mm စသည်ဖြင့်တိုင်းတာပါတယ်။ဥပမာ Focal length 10mm ဆိုရင် camera နဲ့ 10mm အဝေးမှာရှိတဲ့ objectကိုပဲfocus လုပ်ပေးမှာပါ။အဲထက်ဝေးတဲ့မေရာက အရာဝတ္ထုမှန်သမျှကို blur လုပ်ပေးမှာပါ။Focal lenghth 400mm ဆိုရင်တော့ camera lens နဲ့ 400mm အဝေးကobjကို focus လုပ်ပေးမှာပါ. Focal lengthဆိုတာ focus လုပ်တဲ့အကွာအဝေးကိုပြောတာပါ။

✍White Balance

White balance ဆိုတာကတော့ camera တစ်လုံးရဲ့ color tempတွေ color မှန်ကန်မှုကိုလုပ်ဆောင်ပေးတာဖြစ်ပါတယ်။cool ဖြစ်ပီး အဖြူဘက်များတဲ့ camera တွေ warm ဖြစ်ပီး အဝါဘက်ရောက်တဲ့ camera တွေကိုလည်း smartphone တွေမှာတွေ့ရမှာပါ။အခု နောက်ဆုံးထွက်တဲ့ Iphone XS မှာ တော်တော်လေးwarm ဖြစ်တဲ့ဘက်ကိုရောက်တဲ့photoတွေကိုတွေ့ရမှာပါ။အများအားဖြင့်.Pixelဖုန်းတွေက White balance ကောင်းတဲ့ဖုန်းတွေလို့မြင်မိပါတယ်။

✍Dynamic Range

Dynamic rangeဆိုတာကတော့ darkest ဖြစ်တဲ့နေရာနဲ့Lightest ဖြစ်တဲ့နေရာတွေနဲ့ color tones တွေကို ပြောတာပါ။Dynamic rangeကောင်းတယ်ဆိုတာကတော့ Dark နဲ့ light က ညီမျှတာကိုဆိုလိုပါတယ်။မှောင်နေတဲ့နေရာကလည်း အရမ်း မမှောင်တော့သလို လင်းနေတဲ့နေရာကလည်းအရမ်းမလင်းပဲ objectတွေကို ပြတ်ပြတ်သားသားမြင်ရတာကို Dynamic rangeကောင်းတယ်လို့ပြောတာပါ။Dynamic range ကို stop နဲ့တိုင်းတာပါတယ်။

Credit to TextforTech & Myanmar Web Store
Credit to Maden Group

No comments:

Post a Comment