Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 22, 2019

ခိုးရာလိုက်ပြေးသည့် သမီးစိတ်ဖြင့် မိခင်တဦး ကြိုးဆွဲချသေဆုံး


ခိုးရာလိုက်ပြေးသည့် သမီးစိတ်ဖြင့် မိခင်တဦး ကြိုးဆွဲချသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် ယမန်နေ့ည ၇ နာရီခန့်က အမျိုးသမီးတဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပေါင်းတည်မြို့ ပျဉ်းပင်ကန်ရပ်ကွက် မှတ်တိုင်လမ်းနေ အသက် ၅၆ နှစ် အရွယ် ဒေါ်ညွန့်ညွန့်ဌေးမှာ အောက်တိုဘာလ ၂၁ ရက်နေ့ ည ၇ နာရီခန့်က ၎င်း၏ နေအိမ် အလယ်တိုင်ထုတ်တန်းတွင် ကြိုးဆွဲချ သတ်သေသွားခြင်းဖြစ်ကြာင်း ပေါင်းတည်မြို့ မြို့မရဲစခန်းမှ သိရသည်။

သေဆုံးမှုနှင့်ပတ်သက်၍ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်သိန်းက “သူ့သမီးကလွန်ခဲ့တဲ့တစ်ပတ်လောက်က ခိုးရာနောက်လိုက်သွားတာ ဒီနေ့ပြန်အပ်မှာ သူ့သမီးကို ဂျပန်ပို့ဖို့အစီအစဉ်ရှိတာ ခိုးရာနောက်လိုက်သွားတော့အဲအပေါ်မှာစိတ်ပျက်စိတ်တိုပြီးဖြစ်တာပါ။ ဒီနေ့ဆေးစစ်ချက်ယူတော့ လည်ဆစ်ရိုးကျိုးသွားတာ”ဟု ပြောသည်။

ကြိုးဆွဲချသေဆုံးနှင့်ပတ်သတ်၍ ပါင်းတည်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ် ၁၉ /၂၀၁၉ဖွင့်လှစ်စစ်ဆေးနေပြီး ယခုအကြိမ် ကြိုးဆွဲချသေဆုံးမှုအပါအဝင် ပေါင်းတည်မြို့တွင် ၂၀၁၉ ခုနှစ်အတွင်း ၁၀ ဦးမြောက် ကြိုးဆွဲချသေဆုံးခြင်းဖြစ်ကြောင်းသိရသည်။

သတင်း – အောင်ကြီး
ဓာတ်ပုံ – ပေါင်းတည်နာရေးကူညီမူအသင်း

မြေလတ်အသံ

မှတ်တိုင်လမ်းတွင်အသက်(၅၆)နှစ်အရွယ်အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွားရာနေရာသို့သွားရောက်ကူညီ

၂၂၊အောက်တိုဘာလ၊၂၀၁၉



၂၁.၁၀.၂၀၁၉ရက်နေ့ ည(၇:၃၀)အချိန်ခန့်တွင် ပေါင်းတည်မြို့၊ ပျဉ်းပင်ကန်ရပ်ကွက်၊ မှတ်တိုင်လမ်းတွင် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားသည်ဟု ရပ်ကွက်အုပ်ချူပ်ရေးမှူးဖြစ်သူမှ ဖုန်းဆက်အကူအညီတောင်းခံလာသဖြင့် စေတနာ နာရေးကူညီမှုအသင်းမှ HSE-5453 နိဗ္ဗာန်ယာဉ်ဖြင့် အခင်းဖြစ်ပွားရာ နေအိမ်အတွင်းမှ သေဆုံးလျှက် တွေ့ရှိရသော အသက်(၅၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး Deadbodyကို ပေါင်းတည်ပြည်သူ့ဆေးရုံ (ရင်ခွဲရုံဌာန)သို့ အခမဲ့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

အက်စီးဒင့်ဖြစ်ပွားမှုများနှင့်အခြားသောအရေးပေါ်ကိစ္စများဖြစ်ပွားပါက

စေတနာ နာရေးကူညီမှုအသင်း၏ ဖုန်း-

📞09788888632,📞09425111124,

📞09423700081,📞09971717141,



သို့(၂၄)နာရီ၊ပိတ်ရက်မရှိ၊ဆက်သွယ်၍အကူအညီများတောင်းခံနိုင်ပါသည်။

စေတနာ နာရေးကူညီမှုအသင်း (ပေါင်းတည်)အသင်းမှတ်ပုံတင်အမှတ်-(၀၀၁)ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ပြည်ခရိုင်၊မှတ်တိုင်လမ်း၊အုပ်ဖို(၂)ရပ်ကွက်၊ပေါင်းတည်မြို့၊☎053,38016

ဓာတ်ပုံ-စေတနာ နာ/ကူ

မင်းရဲ​ကျော်​စွာ

No comments:

Post a Comment