Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, September 16, 2019

အဂၤလိပ္စာ ကၽြမ္းက်င္လာေအာင္ ေလ့လာႏိုင္မယ့္ YouTube Channel (၅) ခု


ေယာင္းတို႔ေရ ... အဂၤလိပ္စာက ႏိုင္ငံတကာသံုး ဘာသာစကားဆိုတာ သိၾကမွာပါေနာ္။ ေယာင္းတို႔က အဂၤလိပ္စာကို ကၽြမ္းကၽြမ္းက်င္က်င္ ပိုင္ႏိုင္ခ်င္ေပမဲ့ သင္တန္းေက်ာင္းေတြ သြားတက္ဖို႔ အခ်ိန္မေပးႏိုင္ဘူး ျဖစ္ေနလား... စိတ္မပူပါနဲ႔ ။ YouTube ကေနတစ္ဆင့္ ဗီဒီယိုေတြၾကည့္ၿပီး အဂၤလိပ္စာေလ့လာႏိုင္တဲ့ channel ေတြရွိပါတယ္။

(၁) Rachel’s English

အဂၤလိပ္စာလံုးေတြကို အသံထြက္မွန္မွန္နဲ႔ ပီပီသသထြက္ခ်င္တယ္ဆိုရင္ေတာ့ ဒီ channel ကို ၫႊန္းပါရေစ။ သင္ေပးတဲ့ဆရာမ Rachel က လူေတြနဲ႔ စိမ္းေသးတဲ့ အသံထြက္ေတြကို ပါးစပ္လႈပ္ပံုလႈပ္နည္းေတြနဲ႔ ေသခ်ာသင္တာမို႔ ေယာင္းတို႔ စိတ္ဝင္စားမွာ ေသခ်ာပါတယ္။
ဝင္ေရာက္ေလ့လာရန္ လင့္ခ္>> https://www.youtube.com/user/rachelsenglish

(၂) Speak English With MisterDuncan

ဒီဆရာကေတာ့ အေတြ႕အၾကံဳရင့္ေနၿပီျဖစ္တဲ့ အဂၤလိပ္စာဆရာပါ။ Stella ကေတာ့ သူသင္တာေတြကို အရမ္းသေဘာက်တယ္။ ရယ္လည္းရယ္ရၿပီး စိတ္ဝင္စားဖို႔လည္းေကာင္းတယ္။ ၿပီးေတာ့ ဟာသေလးေတြ ၫွပ္ေျပာသြားတာဆိုေတာ့ အတတ္ျမန္တယ္လို႔ ခံစားရတယ္ေလ။
ဝင္ေရာက္ေလ့လာရန္ လင့္ခ္>> https://www.youtube.com/user/duncaninchina

(၃) BBC Learning English

BBC သတင္းဌာနရဲ႕ တရားဝင္ channel ျဖစ္တဲ့ BBC Learning English ကေတာ့ သင္ခန္းစာအတိုေလးေတြနဲ႔ သင္ေပးတာမ်ားပါတယ္။ အဂၤလိပ္စာကို Grammar ေရာ Vocabulary ေရာ သင္ေပးတာမို႔ အခုမွစသင္မယ့္ေယာင္းေတြအတြက္ အဆင္ေျပေစမွာပါ။
ဝင္ေရာက္ေလ့လာရန္ လင့္ခ္>>https://www.youtube.com/user/bbclearningenglish

(၄) Easy English

သူသင္တာေလးက ဆန္းတယ္။ လမ္းေတြမွာ ေလွ်ာက္သြားၿပီး အဂၤလိပ္လူမ်ိဳးေတြကို အေၾကာင္းအရာတစ္ခုခုနဲ႔ ပက္သက္ၿပီး အင္တာဗ်ဴးတယ္။ စာသင္ေနသလိုမဟုတ္ဘဲ သူတို႔ဘာေျပာသြားလည္းဆိုတာ နားေထာင္ရတာေၾကာင့္ Listening skill တက္ခ်င္တဲ့ေယာင္းေတြအတြက္ တကယ့္ေန႔စဥ္သံုး အဂၤလိပ္အသံထြက္ေတြကို ေလ့လာႏိုင္ပါတယ္။
ဝင္ေရာက္ေလ့လာရန္ လင့္ခ္>>https://www.youtube.com/channel/UCTRHegh7UqWuKRymXoqzbzA

(၅) Business English Pod

လုပ္ငန္းခြင္မွာ အထက္အရာရွိ foreigner ေတြနဲ႔စကားေျပာရင္၊ ႏိုင္ငံျခားကုမၸဏီက အေရးႀကီးပုဂၢိဳလ္ေတြနဲ႔ ေဆြးေႏြးရင္ ေန႔စဥ္သံုး အဂၤလိပ္စာနဲ႔မတူတဲ့ လုပ္ငန္းသံုးအဂၤလိပ္စာကို အသံုးျပဳရပါတယ္။ အမ်ားႀကီးကြဲျပားသြားတာမ်ိဳး မဟုတ္ေပမဲ့လို႔ ကိုယ့္ဟာကိုယ္ေျပာရင္ တုတ္ထိုးအိုးေပါက္ ျဖစ္သြားႏိုင္တာမ်ိဳးပါ။ ဒီေတာ့ အားကိုးစရာ Business English Pod ပဲရွိေတာ့တာေပါ့။ ဘယ္လိုအေျခအေနမ်ိဳးမွာ ဘယ္လိုအသံုးအႏႈန္းမ်ိဳး သံုးရမယ္ဆိုတာကအစ အေသးစိတ္သင္ေပးထားတာျဖစ္လို႔ subscribe လုပ္ထားဖို႔လိုမယ္ေနာ္။
ဝင္ေရာက္ေလ့လာရန္ လင့္ခ္>>https://www.youtube.com/user/bizpod

ကဲ ... အခု Stella က YouTube ကေန အဂၤလိပ္စာေလ့လာလို႔ရမယ့္ channel ေတြကို ေျပာျပၿပီးသြားၿပီဆိုေတာ့ ေယာင္းတို႔အတြက္ အသံုးတည့္မယ္ထင္ပါတယ္။ ေနာက္ထပ္ဒီလိုအက်ိဳးရွိေစမယ့္ စာေတြဖတ္ရဖို႔ For Her Myanmar page ကို Like လုပ္ထားဖို႔မေမ့ပါနဲ႔ဦးေနာ္...

Stella (For Her Myanmar)
#YaungYaungwithLove #Bestof #English

<<<Unicode>>>
အင်္ဂလိပ်စာ ကျွမ်းကျင်လာအောင် လေ့လာနိုင်မယ့် YouTube Channel (၅) ခု
=============================
ယောင်းတို့ရေ ... အင်္ဂလိပ်စာက နိုင်ငံတကာသုံး ဘာသာစကားဆိုတာ သိကြမှာပါနော်။ ယောင်းတို့က အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်နိုင်ချင်ပေမဲ့ သင်တန်းကျောင်းတွေ သွားတက်ဖို့ အချိန်မပေးနိုင်ဘူး ဖြစ်နေလား... စိတ်မပူပါနဲ့ ။ YouTube ကနေတစ်ဆင့် ဗီဒီယိုတွေကြည့်ပြီး အင်္ဂလိပ်စာလေ့လာနိုင်တဲ့ channel တွေရှိပါတယ်။

(၁) Rachel’s English

အင်္ဂလိပ်စာလုံးတွေကို အသံထွက်မှန်မှန်နဲ့ ပီပီသသထွက်ချင်တယ်ဆိုရင်တော့ ဒီ channel ကို ညွှန်းပါရစေ။ သင်ပေးတဲ့ဆရာမ Rachel က လူတွေနဲ့ စိမ်းသေးတဲ့ အသံထွက်တွေကို ပါးစပ်လှုပ်ပုံလှုပ်နည်းတွေနဲ့ သေချာသင်တာမို့ ယောင်းတို့ စိတ်ဝင်စားမှာ သေချာပါတယ်။
ဝင်ရောက်လေ့လာရန် လင့်ခ်>> https://www.youtube.com/user/rachelsenglish

(၂) Speak English With MisterDuncan

ဒီဆရာကတော့ အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ အင်္ဂလိပ်စာဆရာပါ။ Stella ကတော့ သူသင်တာတွေကို အရမ်းသဘောကျတယ်။ ရယ်လည်းရယ်ရပြီး စိတ်ဝင်စားဖို့လည်းကောင်းတယ်။ ပြီးတော့ ဟာသလေးတွေ ညှပ်ပြောသွားတာဆိုတော့ အတတ်မြန်တယ်လို့ ခံစားရတယ်လေ။
ဝင်ရောက်လေ့လာရန် လင့်ခ်>> https://www.youtube.com/user/duncaninchina

(၃) BBC Learning English

BBC သတင်းဌာနရဲ့ တရားဝင် channel ဖြစ်တဲ့ BBC Learning English ကတော့ သင်ခန်းစာအတိုလေးတွေနဲ့ သင်ပေးတာများပါတယ်။ အင်္ဂလိပ်စာကို Grammar ရော Vocabulary ရော သင်ပေးတာမို့ အခုမှစသင်မယ့်ယောင်းတွေအတွက် အဆင်ပြေစေမှာပါ။
ဝင်ရောက်လေ့လာရန် လင့်ခ်>>https://www.youtube.com/user/bbclearningenglish

(၄) Easy English

သူသင်တာလေးက ဆန်းတယ်။ လမ်းတွေမှာ လျှောက်သွားပြီး အင်္ဂလိပ်လူမျိုးတွေကို အကြောင်းအရာတစ်ခုခုနဲ့ ပက်သက်ပြီး အင်တာဗျူးတယ်။ စာသင်နေသလိုမဟုတ်ဘဲ သူတို့ဘာပြောသွားလည်းဆိုတာ နားထောင်ရတာကြောင့် Listening skill တက်ချင်တဲ့ယောင်းတွေအတွက် တကယ့်နေ့စဉ်သုံး အင်္ဂလိပ်အသံထွက်တွေကို လေ့လာနိုင်ပါတယ်။
ဝင်ရောက်လေ့လာရန် လင့်ခ်>>https://www.youtube.com/channel/UCTRHegh7UqWuKRymXoqzbzA

(၅) Business English Pod

လုပ်ငန်းခွင်မှာ အထက်အရာရှိ foreigner တွေနဲ့စကားပြောရင်၊ နိုင်ငံခြားကုမ္ပဏီက အရေးကြီးပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးရင် နေ့စဉ်သုံး အင်္ဂလိပ်စာနဲ့မတူတဲ့ လုပ်ငန်းသုံးအင်္ဂလိပ်စာကို အသုံးပြုရပါတယ်။ အများကြီးကွဲပြားသွားတာမျိုး မဟုတ်ပေမဲ့လို့ ကိုယ့်ဟာကိုယ်ပြောရင် တုတ်ထိုးအိုးပေါက် ဖြစ်သွားနိုင်တာမျိုးပါ။ ဒီတော့ အားကိုးစရာ Business English Pod ပဲရှိတော့တာပေါ့။ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုအသုံးအနှုန်းမျိုး သုံးရမယ်ဆိုတာကအစ အသေးစိတ်သင်ပေးထားတာဖြစ်လို့ subscribe လုပ်ထားဖို့လိုမယ်နော်။
ဝင်ရောက်လေ့လာရန် လင့်ခ်>>https://www.youtube.com/user/bizpod

ကဲ ... အခု Stella က YouTube ကနေ အင်္ဂလိပ်စာလေ့လာလို့ရမယ့် channel တွေကို ပြောပြပြီးသွားပြီဆိုတော့ ယောင်းတို့အတွက် အသုံးတည့်မယ်ထင်ပါတယ်။ နောက်ထပ်ဒီလိုအကျိုးရှိစေမယ့် စာတွေဖတ်ရဖို့ For Her Myanmar page ကို Like လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်...

Stella (For Her Myanmar)
#YaungYaungwithLove #Bestof #English

No comments:

Post a Comment