Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 21, 2019

မကွေးမြို့တွင်အသက်(၇)နှစ်အရွယ်သာရှိ သေးသည့်ပထမတန်းကျောင်းသူလေးတစ်ဦးအား ဓမ္မတာနှင့်ဆန့်ကျင်စွာကာမကိစ္စကျူးလွန်ခံရ။


မကွေး စက်တင်ဘာ။၂၁။

မကွေးမြို့၊အောင်မေတ္တာရပ်ကွက်နေ
အသက်(၇)နှစ်အရွယ်သာရှိသေးတဲ့ပထမတန်း
ကျောင်းသူတစ်ဦးမှာစက်တင်ဘာ{၂၁}ရက်နေ့
နံနက်{၁၀}နာရီအချိန်ခန့်ကသူ၏နေအိမ်တွင်ရှိ
နေစဉ်အသက်(၃၂)နှစ်အရွယ်ရှိလူစိမ်းအမျိုးသား
တစ်ဦး၏ဓမ္မတာနှင့်ဆန့်ကျင်သောကာမကိစ္စ
ကျူးလွန်မှုကိုခံလိုက်ရပြီးကျူးလွန်သူကိုယနေ့ ဖမ်းဆီးမိပြီဖြစ်ကြောင်းမကွေးနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မကွေးမြို့၊အာင်မေတ္တာ(ခ)ရပ်ကွက်နေ အသက်(၇)နှစ်အရွယ်သာရှိသေးတဲ့၊ပထမတန်း
ကျောင်းသူလေူ မ{-------- }ငိုနေသည်ကိုဆန်ဝယ်ပြီး အပြင်မှပြန်လာသည့်မိခင်ကတွေ့ရှိ၍မေးရာအမည် မသိအမျိုးသားတစ်ဦးနေအိမ်ပေါ်သို့တက်လာပြီး ဘောင်းဘီကိုချွတ်ကာ{မတန်ဆာ}အားလက်ဖြင့်
နှိုက်စဉ်သွေးထွက်၍ပြန်သွားကြောင်း၊မိခင်ဖြစ်သူ
က ပတ်ဝန်းကျင်အားအော်ဟစ်အကူအညီတောင်း
ပြီးအမျိုးသားထွက်သွားရာသို့လိုက်သွားခဲ့စဉ်
အောင်မေတ္တာ(၁၄)လမ်းထောင့်အရောက်၌
ပထမတန်းကျောင်းသူ{မ-------}က..
“အမေ၊အမေသမီးကိုလုပ်သွားတာဟိုလူကြီးပဲ ” ဟုလက်ညှိုးထိုးပြ၍အနီးအနားရှိလူများက ၀ိုင်းဝန်းဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်းလည်း
သိရသည်။

ထိုသူကို အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းထိုက်ထံပို့ဆောင်စစ်ဆေးရာဇင်မျိုးဟန်
(၃၂)နှစ်၊ပြင်ပလျှပ်စစ်မီးလိုင်းပြင်၊ဝေါမြို့နယ်၊ တမာတကေကျေးရွာ၊ပဲခူးတိုင်းဒေသကြီးတွင်
နေထိုင်ပြီးမကွေးမြို့၊အောင်မေတ္တာ(ခ)ရပ်ကွက်၊
၁၆လမ်းရှိနေအိမ်တစ်ခုတွင်တည်းခိုနေသူဖြစ်
ကြောင်းသိရှိရသဖြင့်ကာမစပ်ယှက်ရန်အလို့ဌာ သမီးငယ်၏မိန်းမတန်ဆာကိုလက်ဖြင့်ထိုးနှိုက်သူ
အားအရေးယူပေးပါရန်မိခင်ဖြစ်သူကမကွေးနယ်
မြေရဲစခန်း၌တရားလိုပြုလုပ်တိုင်ကြားခဲ့သည်။

"သူဒါကို ကျူးလွန်တယ်။ကနဦးကတော့ ကလေးမလေးရဲ့တန်ဆာထဲကို ကာမရာဂလုပ်
ဖို့အတွက်ညာဘက်လက်ညှိုးနဲ့ထိုးလိုက်တယ်။ သွေးထွက်သွားတယ်။ဒါပါပဲ ။ကျန်တဲ့ဟာတော့
မရှိဘူး။ဓမ္မတာနဲ့ဆန့်ကျင်ပြီးလုပ်တဲ့ကိစ္စပေါ့ ”
ဟုမကွေးနယ်မြေရဲစခန်းမှူးရဲအုပ်သူရဇော်က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍စက်တင်ဘာလ{၂၁}ရက်
နေ့ မွန်းလွဲ{၁၂}နာရီ {၄၅}မိနစ်အချိန်တွင် မကွေးနယ်မြေရဲစခန်း (ပ)၅၈၅/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ {၃၇၇}ဖြင့်အမှုရေးဖွင့်ထားပြီး အမှုစစ်အဖြစ် ရဲအုပ်သူရဇော်ကစစ်ဆေးလျက်ရှိ
ကြောင်းသိရှိရသည်။

{ခိုင်ဖြိုး(မကွေး)သတင်းထောက်မှတာဝန်ယူ
တာဝန်ခံမှုအပြည့်ဖြင့်ရေးသားပေးပို့သည်။}

No comments:

Post a Comment