Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, September 16, 2019

ေႁမြေတြကို အိပ္မက္ျမင္မက္တဲ့အခါဘာျဖစ္တတ္သလဲ


၁။ ေႁမြကို ေၾကာက္ၿပီးထြက္ေျပးတယ္လို႔ အိပ္မက္မက္တဲ့အခါ
အိပ္မက္ထဲမွာ ေႁမြက ကိုယ့္ကို ကိုက္ေတာ့မယ့္ပုံစံ၊ ေပါက္ေတာ့မယ့္ပုံစံနဲ႔လိုက္လာလို႔ ေၾကာက္လန႔္တၾကားထြက္ေျပးရတယ္လို႔ အိပ္မက္ျမင္မက္တယ္ဆိုရင္သင့္ထံသို႔ ကံမေကာင္းတဲ့ကိစၥရပ္တစ္ခုမၾကာခင္ေရာက္ရွိလာေတာ့မွာလို႔ဆိုလိုျခင္းျဖစ္ပါတယ္။
၂။ ေႁမြနဲ႔ တရင္းတႏွီးကစားေနရတယ္လို႔ ျမင္မက္လွ်င္
သင္ဟာျပင္ပမွာေတာ့ ေႁမြကိုေသမလိုေၾကာက္ေပမယ့္ အိပ္မက္ထဲမွာေႁမြနဲ႔ ရင္းႏွီးကြၽမ္းဝင္စြာကစားေနတယ္လို႔ ျမင္မက္တယ္ဆိုရင္ သင္ရင္ဆိုင္ေျဖရွင္းေနရတဲ့ ျပႆနာေတြရဲ႕အရင္းအျမစ္ကိုရွာေတြ႕ၿပီးမၾကာခင္ေျဖရွင္းႏိုင္ေတာ့မွာျဖစ္ပါတယ္။

၃။ ေႁမြအေရခြံလဲတာကို သင္ကိုယ္တိုင္ျမင္ေတြ႕ရတယ္လို႔ ျမင္မက္လွ်င္
အိပ္မက္ထဲမွာ ေႁမြတစ္ေကာင္အေရခြံလဲေနတာကို သင့္မ်က္စိေရွ႕မွာမ်က္ဝါးထင္ထင္ျမင္ေတြ႕ရတယ္ဆိုရင္ မၾကာခင္အခ်ိန္မွာသင့္ထံသို႔ ေကာင္းေသာ ဘဝတစ္ဆစ္ခ်ိဳးေျပာင္းလဲမႈေတြေရာက္လာေတာ့မယ္လို႔ ဆိုလိုျခင္းျဖစ္ပါတယ္။

၄။ ေႁမြကို သတ္ရတယ္လို႔ အိပ္မက္ျမင္မက္လွ်င္
အိပ္မက္ထဲမွာသင္ကိုယ္တိုင္ေႁမြကို သတ္လိုက္ရတယ္လို႔ အိပ္မက္ျမင္မက္လွ်င္ သင့္ဘဝမွာႀကဳံေတြ႕ေနရတဲ့အခက္အခဲဆုံးျပႆနာေတြကို ယုံၾကည္ခ်က္အျပည့္နဲ႔ ေက်ာ္လႊားႏိုင္မွာျဖစ္ၿပီး သူမတူတဲ့ေအာင္ျမင္မႈမ်ိဳးရရွိေတာ့မွာျဖစ္ေၾကာင္း နိမိတ္ျပျခင္းျဖစ္ပါတယ္။

၅။ ေႁမြကသင္ဘယ္သြားသြားေနာက္ကလိုက္လာတယ္လို႔ျမင္မက္တဲ့အခါ
အိပ္မက္ထဲမွာ ေႁမြကသင္ဘယ္သြားသြားေနာက္ကလိုက္ေနတယ္လို႔ ျမင္မက္တာဟာ သင့္မွာ ငိုစရာ၊ ဝမ္းနည္းစရာကိစၥရပ္တစ္ခုျဖစ္ေပၚလာေတာ့မယ္လို႔ ဆိုလိုျခင္းျဖစ္ပါတယ္။

၆။ ေႁမြကိုက္ခံရတယ္လို႔ အိပ္မက္ျမင္မက္လွ်င္
အိပ္မက္ထဲမွာ သင့္ကိုေႁမြတစ္ေကာင္ကျပင္းျပင္းထန္ထန္ လိုက္ကိုက္ၿပီးသင္ဒဏ္ရာရသြားတယ္လို႔ျမင္မက္တယ္ဆိုရင္
ဘယ္လိုမွေရွာင္လြဲလို႔မရေတာ့တဲ့ ျပႆနာအႀကီးႀကီးေပၚလာေတာ့မွာျဖစ္ပါတယ္။ ဒီလိုအိပ္မက္မ်ိဳးျမင္မက္ၿပီးၿပီဆိုရင္ မေပါ့ဆသင့္ပဲသတိႀကီးစြာေနထိုင္သင့္ပါတယ္။

၇။ ေႁမြအခ်င္းခ်င္းရန္ျဖစ္ေနတာကို အိပ္မက္ျမင္မက္လွ်င္ …
ေႁမြအခ်င္းခ်င္းရန္သတ္ေနတာကို အိပ္မက္ျမင္မက္တယ္ဆိုရင္ သင္ေပါင္းသင္းေနတဲ့ မိတ္ေဆြအေပါင္းအသင္းေတြထဲမွာ သင့္ကိုမလိုမုန္းထားသူရွိေနၿပီလို႔ဆိုလိုျခင္းပဲျဖစ္ပါတယ္။


(ေလးစားမႈျဖင့္ ခရက္ဒစ္)

ယူနီကုဒ္ျဖင့္ ဖတ္ရန္
၁။ မြွေကို ကြောက်ပြီးထွက်ပြေးတယ်လို့ အိပ်မက်မက်တဲ့အခါ
အိပ်မက်ထဲမှာ မြွေက ကိုယ့်ကို ကိုက်တော့မယ့်ပုံစံ၊ ပေါက်တော့မယ့်ပုံစံနဲ့လိုက်လာလို့ ကြောက်လန့်တကြားထွက်ပြေးရတယ်လို့ အိပ်မက်မြင်မက်တယ်ဆိုရင်သင့်ထံသို့ ကံမကောင်းတဲ့ကိစ္စရပ်တစ်ခုမကြာခင်ရောက်ရှိလာတော့မှာလို့ဆိုလိုခြင်းဖြစ်ပါတယ်။
၂။ မြွေနဲ့ တရင်းတနှီးကစားနေရတယ်လို့ မြင်မက်လျှင်
သင်ဟာပြင်ပမှာတော့ မြွေကိုသေမလိုကြောက်ပေမယ့် အိပ်မက်ထဲမှာမြွေနဲ့ ရင်းနှီးကျွမ်းဝင်စွာကစားနေတယ်လို့ မြင်မက်တယ်ဆိုရင် သင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာတွေရဲ့အရင်းအမြစ်ကိုရှာတွေ့ပြီးမကြာခင်ဖြေရှင်းနိုင်တော့မှာဖြစ်ပါတယ်။



၃။ မြွေအရေခွံလဲတာကို သင်ကိုယ်တိုင်မြင်တွေ့ရတယ်လို့ မြင်မက်လျှင်

အိပ်မက်ထဲမှာ မြွေတစ်ကောင်အရေခွံလဲနေတာကို သင့်မျက်စိရှေ့မှာမျက်ဝါးထင်ထင်မြင်တွေ့ရတယ်ဆိုရင် မကြာခင်အချိန်မှာသင့်ထံသို့ ကောင်းသော ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုတွေရောက်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။



၄။ မြွေကို သတ်ရတယ်လို့ အိပ်မက်မြင်မက်လျှင်

အိပ်မက်ထဲမှာသင်ကိုယ်တိုင်မြွေကို သတ်လိုက်ရတယ်လို့ အိပ်မက်မြင်မက်လျှင် သင့်ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲဆုံးပြဿနာတွေကို ယုံကြည်ချက်အပြည့်နဲ့ ကျော်လွှားနိုင်မှာဖြစ်ပြီး သူမတူတဲ့အောင်မြင်မှုမျိုးရရှိတော့မှာဖြစ်ကြောင်း နိမိတ်ပြခြင်းဖြစ်ပါတယ်။



၅။ မြွေကသင်ဘယ်သွားသွားနောက်ကလိုက်လာတယ်လို့မြင်မက်တဲ့အခါ

အိပ်မက်ထဲမှာ မြွေကသင်ဘယ်သွားသွားနောက်ကလိုက်နေတယ်လို့ မြင်မက်တာဟာ သင့်မှာ ငိုစရာ၊ ဝမ်းနည်းစရာကိစ္စရပ်တစ်ခုဖြစ်ပေါ်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။



၆။ မြွေကိုက်ခံရတယ်လို့ အိပ်မက်မြင်မက်လျှင်

အိပ်မက်ထဲမှာ သင့်ကိုမြွေတစ်ကောင်ကပြင်းပြင်းထန်ထန် လိုက်ကိုက်ပြီးသင်ဒဏ်ရာရသွားတယ်လို့မြင်မက်တယ်ဆိုရင်

ဘယ်လိုမှရှောင်လွဲလို့မရတော့တဲ့ ပြဿနာအကြီးကြီးပေါ်လာတော့မှာဖြစ်ပါတယ်။ ဒီလိုအိပ်မက်မျိုးမြင်မက်ပြီးပြီဆိုရင် မပေါ့ဆသင့်ပဲသတိကြီးစွာနေထိုင်သင့်ပါတယ်။



၇။ မြွေအချင်းချင်းရန်ဖြစ်နေတာကို အိပ်မက်မြင်မက်လျှင် …

မြွေအချင်းချင်းရန်သတ်နေတာကို အိပ်မက်မြင်မက်တယ်ဆိုရင် သင်ပေါင်းသင်းနေတဲ့ မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ သင့်ကိုမလိုမုန်းထားသူရှိနေပြီလို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။



(လေးစားမှုဖြင့် ခရက်ဒစ်)

No comments:

Post a Comment