Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 11, 2019

ဓာတ်တော်ချိုင့်ရေတံခွန် ရေစီးတာရပ်သွားရတဲ့ တရားခံ တွေ့ပြီ


အနီးစခန်း ဓာတ်တော်ချိုင့် ရေတံခွန် ယနေ့ မြင်ကွင်း
ပထမ ရေတံခွန် ခေါ်ဆိုသည့် နေရာမှာ အရင်အတိုင်းပုံမှန်ဖြစ်သော်လည်း ဒုတိယရေတံခွန် နှင့် နာမည်ကျော် ဓာတ်တော်ချိုင့်ရေတံခွန် တို့မှာမူ ရေလုံးဝမကျသလောက်ဖြစ်နေတာကို The View ဟိုတယ်ဘက်မှ ကြည့်လျှင်တွေ့နေရသည်
ဒုတိယရေတံခွန် အထက်နား တွင် ရေလမ်ကြောင်းပြောင်းပြီး ရေမြိုပေါက်သို့ ၀င်သွားသည်ဟု ယူဆဖွယ်ရှိနေသည်။ အောက်ကိုသေချာဆင်းကြည့်မှ မှန်းဆချက် မှန်မမှန် သိရှိရပေမည်
ကျော်သူဆွေ(ပြင်ဦးလွင်)
.....
ဓာတ်​​တော်​ချိုင့်​​ရေတံခွန်​ ဒုတိယဆင့်​​ ရေ​​ပျောက်​ခြင်း အဖြစ်​မှန်​ကို ရှာ​ဖွေခြင်း... ဓာတ်တော်ချိုင့်ရေတံခွန် ရေစီးတာရပ်သွားရတဲ့ တရားခံ တွေ့ပြီ
 ရေတံခွန်ကို ဖြတ်သန်းစီးဆင်းတဲ့ ရေကို လမ်းက ဖြတ်ပိတ်ပြီး တာဘိုင်အသေးစားလေးနဲ့ လျှပ်စစ် ထုတ်ဖို့ ကြိုးစားတာကြောင့်ဓာတ်တော်ချိုင့်ရေတံခွန် ရေစီးတာရပ်သွားရ
Ko Kyaw Anisakhan














ယောက်ဖရေ
သည်သီချင်းကိုတော့ နားစိမ်းမယ်မထင်ပါဘူး

မြို့ထဲမှာ လက်ဘက်ရည်သောက်ဖို့ထွက်လာရင်း ကားကက်ဆက်ကထွက်လာတဲ့သီချင်းသံပေါ့။
ကုန်းဘောင်ခေတ်က ပြင်စည်မင်းသားကြီးရေးတဲ့ ရာမဇတ်ထွက်ယိုးဒယားသီချင်းကြီးကိုဒေါ်တင်တင်မြဆိုထားတာ၊
ဆိုတဲ့အသံက ကြည်လင်အေးမြလို့၊
တီးကွက်ကလည်းမြိုင်မြိုင်ဆိုင်ဆိုင်။
နားထောင်ရင်း အာရုံထဲမှာလည်း စုံခြေမြိုင်ခြေ ပန်းထွေထွေနဲ့ တောကြီးဆိတ်ညံ ဘယ်ပုံဟန်ပါလိမ့်ပေါ့။

အမြည်းလေးတော့ပေးပါရစေ။
x x x x x x x x x x x
ပန်းမြိုင်လယ်၊ သာနယ်ဗွေ၊ မျှော်လေတိုင်း၊ ပြာခြေဆိုင်း၊ ဝေမှိုင်းမြူမှောင်ခြယ်၊
အိုဘယ်ဝယ်၊ တောင်စွယ်မှော်ရုံကြော၊ လွန်သာမောဖွယ်၊တောစုံယံမှာ၊
ရွှေလျှံဝင်းမှည့်၊ ထုံမှုန်ကြွေ၊ ရီဝေပြာပြာ၊ လွမ်းဖွယ်စေ။
x x x x x x x
(တောင်ယံလယ်ကြော့၊ မြိုင်နယ်စုံ၊ ခိုင်ရွှေညှာနွဲ့ မာလာမှုန်)

(ညီနောင်မူရာ သူသာမြင်၊ သည်တွင်ရွှေဘ၀င် လွန်လှိုက်လှဲ)

ပြည်ကိန္ဒာ၊ နန်းမြိုင်ဆီမှာ၊ ဗာလီ သူမင်းမူ၊ ပူဗျာဘယ်မငြိမ်း၊ သိမ်းယူငယ်သာ၊ ဖော်ကွာ မယ်သုဘဒ္ဒါ)
x x x x x x x x x x x

သည်တော့ ယောက်ဖရယ်
သီချင်းနောက်ခံအကြောင်းကတော့ ရာမမင်းသားကသူ့ညီတော်လက္ခဏမင်းသားရဲ့ပေါင်ပေါ်မှာ မှီအုံးလို့ အိပ်နေတုန်း လက်သီးဆုပ်လောက်မှက်ကြီးတစ်ကောင်က ညီတော်မင်းသားကျောပြင်ကိုကိုက်နေသတဲ့။
ညီတော်လုပ်သူကလည်း သူ့နောင်တော်နိုးမှာစိုးလို့ မလှုပ်ပဲ ကြိတ်မှတ်ခံနေပါသတဲ့။
အဲဒီမြင်ကွင်းကိုအစ်ကိုလုပ်သူဗာလီမျောက်မင်းရဲ့ မယားလု၊ ကျောထုပြီးမောင်းထုတ်တာခံရတဲ့ သုချိပ်မျောက်ကမြင်လေတော့
အော် …..သူများညီနောင်ချစ်ကြသလောက် သူတို့ညီနောင်မှာတော့ ကြင်နာမဲ့ကင်းရက်စက်လေခြင်းလို့ တွေးတောမျက်ရည်ကျ။
မျောက်မျက်ရည်မင်းသားကိုယ်ပေါ်ကျလို့ရာမမင်းသားကလန့်နိုး။
မျောက်ခမျာ ကြောက်လန့်လို့ဝပ်လျှိုးတောင်းပန်၊ ဖြစ်ကြောင်းကုန်စင် တင်လျှောက်။
မယားလုခံရသူနှစ်ဦး တွေ့ဆုံခန်းပေါ့လေ။

ပြောချင်တာက တောတောင်သာယာပုံကို ဖွဲ့ဆိုထားတာကိုပါ။
အဲဒါနဲ့နီးနီးစပ်စပ် အာရုံထဲမှာ ပြေးမြင်လိုက်ထှာက တို့အနီးစခန်းကဓါတ်တော်ချိုင့်ရေတံခွန်။
တကယ်တော့ ငါတို့မြင်ဖူးတဲ့ ဓါတ်တော်ချိုင့်ရေတံခွန်ရှိတဲ့ စုံနံ့သာ တောမြိုင်ကြီးရဲ့ အလှအပကပြင်စည်မင်းသားကြီးမြင်တဲ့ ပန်းမြိုင်လယ်သီချင်းထဲက ဟေ၀န်မြိုင်သီလာထက်တော့ ညံ့မယ်မထင်ပါဘူး။

သို့ပေမယ့် ခုတော့လည်း ဒါတွေဒါတွေ ပြီးခဲ့ပါပြီ လို့ပဲဆိုရလေမလား။
ခု ငါတို့မြင်တွေ့နေရတဲ့ ဓါတ်တော်ချိုင့်ရေတံခွန်ဆိုတာ သခင်အုန်းဖေရေးတဲ့
မေမြို့ သို့မဟုတ် ပြင်ဦးလွင်စာအုပ်ထဲကလိုလတ်ဆတ်လန်းဆန်းမနေတော့
တာကလည်းအမှန်ပါပဲ။
တောတောင်လည်းပျောက် ရေလည်းခြောက်တော့မယ်။
သစ်လည်းမခိုင်၊ မြိုင်လည်းမထ၊ တောလည်းမမွှေး၊ ကျေးလည်းမပျော်၊

တကယ်တမ်းပျော်နေကြတာတော့ တောခုတ် စည်းကာ၊ နေရာပြိုင်ဦး ဂနိုင်ကိုကျူးလို့ သူ့ဆိုင်ရာဆိုင်ရာ အပိုင်ရှာကြသူများပဲလေ။

သစ်တောအစုအဖွဲ့ပိုင်စိုက်ခင်း ခေါင်းစဉ်အောက်ကနေ သဘာဝတောကို
အပြောင်ရှင်းနေကြလို့ ကောက်ညှင်းကျည်တောက်လုပ်ရောင်းတဲ့
ဦးကျောက် တောင်မှ ပေါင်းတင်းဝါးလိုရင် အောက်တောဆင်းခုတ်နေရသတဲ့။

ဟိုတုန်းက တစ်ပိဿာကို ၃ ကျပ်လောက်နဲ့ရောင်းရတဲ့ သဘာဝတောသစ်ခွပန်းတွေ သည်တောသည်တောင်မှာ
မလိုချင်အောင်ပေါခဲ့တယ်လို့ဆိုရင် ခုခေတ်လူငယ်တွေက
ယုံတမ်းစကားလို့ထင်ကြတော့မယ်။

သဘာဝကိုမှီလို့နေထိုင်ကြရတဲ့ တောတိရစ္ဆာန်တွေ၊ ကျေးငှက်တွေလည်း ရှားပါးကုန်ပြီ။
လူနဲ့အပြိုင်မိုက်လို့အသက်မွေးရှာတဲ့ တောဝက်တွေတောင်ဓါတ်တော်ချိုင့်ကနေ
ဆင်းပြီးဆည်တော်ချောင်းတစ်လျှောက် ရှောင်ဖယ်ကွင်းလို့ ပြေးရပါရောလား။

တန်ဘိုးမသိလို့ တန်ဘိုးမရှိဖြစ်ရတဲ့ ဓါတ်တော်ချိုင့်ရေတံခွန်ကို တို့နိုင်ငံက အကြီးအကဲတွေလည်းရောက်ဖူးမယ်မထင်ဘူး။

နောင်ချို ချောင်ကြိုချောင်ကြားက အင်းဝိုင်းရေတံခွန်ကိုတောင်ရောက်ဖူးတဲ့ မျြေမို့သားတစ်ချို့ဟာ ဓါတ်တော်ချိုင့်ရေတံခွန်ကိုတော့မရောက်ဖူးဘူးဆိုပဲ။

ပုပ္ပါးတောင်ပေါ်က မျောက်တွေကိုမြင်ဖူးတဲ့ငါတောင် ဓါတ်တော်ချိုင့်ထဲကမျောက်အုပ်တွေကိုတော့ မသိမမှီလိုက်တော့ဘူးလေ။

လှည်းဘီးလောက်ရှိတဲ့ ပျားကြီးအုံတွေဆိုတာတော့ ကြားဖူးရုံပေါ့

လက္ခဏမင်းသားကျောကိုကိုက်ခဲ့တဲ့ လက်သီးဆုပ်လောက် မှက်ကြီးတွေလည်း ခုတော့နေစရာမရှိလို့ မျိုးတုန်းလောက်ပါပြီ။

ယောက်ဖရေ
ယောင်မထုံးနိုင်တဲ့တောင်ကတုံးထက် ရင်နာစရာကောင်းတာက အမြစ်ပြတ်သုတ်သင်ခံရတဲ့ လျှိုမြောင်ကြားက တောကြွင်း
တောကျန်လေးတွေပါ။

သေချာတာကတော့ အတ္တအဆိပ်တွေသင့်နေတဲ့
တို့အနီးစခန်း၊ ဓါတ်တော်ချိုင့်ရေတံခွန်ပတ်ဝန်းကျင်က ရေဝေရေလဲသဘာဝတောတွေကို ပြန်လည်စိမ်းလန်း
လာစေဖို့ဆိုရင် သုဝဏ္ဏသာမဇာတ်တော်ထဲက ဒူကုလနဲ့ ပါရိကာတို့လို သစ္စာဆိုနိုင်မယ့်သူရှိမှ ကယ်နိုင်တော့မှာလား
မသိဘူးနော်။
ပီဠိယက္ခမင်းကြီးလို ကိုယ့်အပြစ်ကိုယ် ၀န်ခံမယ့် ဘုရင်ကြီး
လည်းဒီဘက်ခေတ်မှာမရှိလေတော့ အခက်သားလား။

ယောက်ဖသိပြီးသားဆိုပေမယ့် မလှတာရွာလည်ပြသလို
ဖြစ်ရင်လည်း ဖြစ်ပါစေတော့ ၊
ဓါတ်တော်ချိုင့်က ဝေဒနာပြကွက်လေးတွေကို ထည့်ပေးလိုက်ပါတယ်။

Unicode Version
ရေတံခွန်ကို ဖြတ်သန်းစီးဆင်းတဲ့ ရေကို လမ်းက ဖြတ်ပိတ်ပြီး တာဘိုင်အသေးစားလေးနဲ့ လျှပ်စစ် ထုတ်ဖို့ ကြိုးစား

No comments:

Post a Comment