Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 22, 2019

ကျောက်တံခါးမြို့နယ်တွင် အမျိုးသမီးတစ်ဦးအဝတ်ဗလာဖြင့် ခြုံပုတ်အတွင်းအသတ်ခံရမှုအား ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးနိုင်


ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တခါးမြို့နယ် ၊ ပဲနွယ်ကုန်းရဲစခန်းအပိုင်တွင် ၅.၈.၂၀၁၉ရက်နေ့က ဖခင်ထံ ငါးဟင်းစားသွားပို့သူ မစုမြတ်လှိုင်ကို အဓမ္မပြုကျင့် သတ်​ဖြတ်​သူမှာ မူလက ခိုင်လင်းအောင်ဟု သိရှိရသော်လည်း အဓမ္မပြုကျင့်သူများမှာ ခိုင်လင်းအောင် ၊ ချစ်ဆန်း ၊ မင်းအောင်နှင့် ဆန်းနိုင် စုစုပေါင်း(၄)ဦး ဖြစ်ကြောင်း ပေါ်ပေါက်

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကြီးကျေးရွာ၊ သံပရာခုံကျေးရွာအုပ်စု တွင်နေထိုင်သူ မစုမြတ်လှိုင်၊ (၂၅)နှစ်သည် နေထိုင်ရာလယ်ကွင်းတဲစုမှတစ်မိုင်ခန့်အကွာရှိ ဖခင်ဖြစ်သူထံသို့ သြဂုတ်လ ၄ ရက်၊ မွန်းတည့်(၁၂)နာရီကဟင်းပို့ရန် သွားရောက်ခဲ့ပြီး ဖခင်ဖြစ်သူ၏နေအိမ်မှ မွန်းလွဲ(၂)နာရီခွဲခန့်တွင် လယ်တဲသို့ပြန်သွားခဲ့သော်လည်းညနေပိုင်းအထိပြန်ရောက်ရှိလာခြင်း မရှိသဖြင့် အုပ်ချုပ်ရေးမှူးထံသတင်းပို့၍ လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။ ထိုသို့ရှာဖွေရာမှ မစုမြတ်လှိုင်(၂၅)နှစ်အား သြဂုတ်လ ၅ ရက်၊ နံနက်ပိုင်း၌ သူဌေးကြီးအမြန်လမ်းသွားကားလမ်း၏မြောက်ဘက်ရှိတောအတွင်းခြုံပုတ်အနီးတွင်မှောက်လျက်အနေအထားဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်း အဝတ်အစားမပါ၊ အောက်ပိုင်းလုံချည်ပတ်ထားလျက်၊ နှာခေါင်းသွေးထွက်၊ လျှာထွက်၊ နှုတ်ခမ်းကိုက်ထား၊ လည်ပင်းညိုမဲ၊ ယာနားထင်ပွန်းပဲ့ ခြေမကွဲဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

“မနေ့ကကျွန်တော့်ဆီဖုန်းဆက်ပြီးအကြောင်းကြားပါတယ်။ ကောင်မလေးကနေ့တိုင်း သူ့အဖေဆီ ရွာကိုလာပြီးထမင်းပို့တယ်။ ယောက္ခမနဲ့လယ်ထဲတဲစုမှာနေတယ်။ သူ့အမျိုးသားကလည်း မနေ့က တောင်ပေါ်သွားတယ်ပြောတယ်။ သေဆုံးသူဟာ အပေါ်ပိုင်းဗလာနဲ့ ထမီလေးပဲ အုပ်ထားခဲ့တယ် ပြောတယ်။ အဓမ္မပြုကျင့်ခံရခြင်းဟုတ်/မဟုတ်ကတော့ ဆေးရုံကပဲအတည်ပြုနိုင်မယ်။ လည်ပင်းမှာတော့ ကြိုးဒဏ်ရာတွေ တွေ့တယ်။ ကြိုးကတော့မတွေ့ဘူး” ဟု သူဌေးကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်က ပြောသည်။ ဖြစ်စဉ်နှင့်ပက်သက်၍ ပဲနွယ်ကုန်းနယ်မြေရဲစခန်း၌ (ပ)၁၆၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
Aung Kyaw Oo

--------------------------








( ကနဦးဖြစ်​စဉ်​သတင်း)

ကျောက်တံခါးမြို့နယ်တွင် အမျိုးသမီးတစ်ဦးအဝတ်ဗလာဖြင့် ခြုံပုတ်အတွင်းအသတ်ခံရမှုအား ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးနိုင်
==============================
ကျောက်တံခါး

ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ် ၊ ပဲနွယ်ကုန်းနယ်မြေရဲစခန်းအပိုင် သံပရာခုံကျေးရွာအုပ်စု သူဋ္ဌေးကြီးကျေးရွာအနီးတွင် သြဂုတ် ၅ ရက်နံနက်ပိုင်းကခြုံပုတ်အတွင်းအဝတ်ဗလာဖြင့်အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာသံပရာခုံကျေးရွာအုပ်စု သူဌေးကြီးကျေးရွာတွင်နေထိုင်သူ မစုမြတ်လှိုင်၂၅နှစ်သည်နေထိုင်ရာလယ်ကွင်းတဲစုမှတစ်မိုင်ခန့်အကွာတွင်ရှိသောသူဌေးကြီးကျေးရွာတွင်းနေထိုင်သူဖခင်ဖြစ်သူဦးအောင်မြင့်ထံသို့သြဂုတ် ၄ ရက် မွန်းတည့်၁၂နာရီခန့်ကဟင်းပို့ရန်သွားရောက်ခဲ့ပြီး ဖခင်ဖြစ်သူ၏ နေအိမ်မှမွန်းလွဲ၂နာရီခွဲခန့်တွင်ပြန်တော့မည်ဟုပြော၍လယ်တဲမှ နေအိမ်သို့ပြန်သွားခဲ့သော်လည်း ညနေပိုင်းအထိပြန်ရောက်ရှိလာခြင်းမရှိသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသတင်းပို့၍ ဖခင်ဖြစ်သူနှင့်ရွာသူရွာသားများမှ လိုက်လံရှာဖွေခဲ့ကြရာ သြဂုတ်၅ရက်နံနက်၎နာရီခန့်တွင် သူဌေးကြီး-အမြန်လမ်းသွားကားလမ်း၏မြောက်ဘက်ရှိတောအတွင်း ခြုံပုတ်အနီးတွင် မှောက်လျက်အနေအထားဖြင့်ခန္ဓာကိုယ်အပေါ်ပိုင်းအဝတ်အစားမပါ အောက်ပိုင်းလုံချည်ပတ်ထားလျက် နှာခေါင်းသွေးထွက် လျှာထွက် နှုတ်ခမ်းကိုက်ထား လည်ပင်းညိုမဲ ယာနားထင်ပွန်းပဲ့ ခြေမကွဲဒဏ်ရာများဖြင့်သေဆုံးနေကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပက်သက်ပြီးကျောက်တံခါးမြို့နယ်ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ(ပ)၁၆၄/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် စခန်းမှုးရဲအုပ်ဇော်လွင်မှစစ်ဆေးဆောင်ရွက်၍မြို့နယ်ရဲတပ်ဖွဲ့မှုးမှအနီးကပ်ကြီးကြပ်ကာပြစ်မှုကျုးလွန်သူအားအမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ရာ ခိုင်လင်းအောင်၂၂နှစ်(ဘ)ဦးလှမြင့်သူဋ္ဌေးကြီးကျေးရွာ သံပုရာခုံကျေးရွာအုပ်စုကျောက်တံခါးမြို့နယ်နေသူမှပြစ်မှုကျူးလွန်ကြောင်းဝန်ခံထွက်ဆိုခဲ့ပြီးအခင်းဖြစ်နေရာအားလိုက်လံပြသ၍သက်သေခံပစ္စည်းများသိမ်းဆည်း၍သြဂုတ်၁၅ရက်ကကျောက်တံခါးမြို့နယ်တရားရုံးတွင်ဖြောင့်ချက်ယူကာပြစ်မှုကျူးလွန်သူအားဖမ်းဆီးနိုင်ခဲ့ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
ကျောက်တံခါးမြို့နယ်အသင်း

No comments:

Post a Comment