Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 15, 2019

ခိုင်နှင်းဝေသမီးလေးဆေးရုံအရေးပေါ်ကားမောင်းပို့ပေးခဲ့တဲ့သူငယ်ချင်းမျိုးစန္ဒီကျော်


ညကြီးမိုးချုပ်အခက်ကလေးနေမကောင်းချိန်ဆေးရုံပို့ဖို့အခက်အခဲတွေ့နေတဲ့
ခိုင်နှင်းဝေကို ကူညီပေးခဲ့တဲ့သူက တော့သူငယ်ချင်းမျိုးစန္ဒီကျော်ဖြစ်ပါတယ်။
လိုအပ်တဲ့အချိန်ရတဲ့အကူအညီမို့ ကျေးဇူးတင်စရာပါ။

“ညကြီးမိုးချုပ် သမီးလေးအဖျားတွေတက်တာနဲ့ ကိုယ်လဲခြေမကိုင်မိလက်မကိုင်မိ ဆေးရုံသွားဖို့ ကားသမားကလဲ ပြန်သွားပြီဆိုတော့ ကားငှားသွားမယ်ပေါ့
သမီးလေးစဖျားကတည်းက သူငယ်ချင်း ဂျိုးဂျိုး ဆီလှမ်းမေး.ဆေးခန်းသွားဖို့ ဘိုကင်တွေယူ ဆေးတိုက်ပေမဲ့ အဖျားကကျပြီး ပြန်တက်လာတော့ လန့်ပြီး စိုးရိမ်စိတ်တွေများပြီး
သူငယ်ချင်းကိုလှမ်းတိုင်ပင်တော့ ချက်ချင်း ကားသမားမရှိရင် လာခေါ်မယ်ဆိုပြီး
ဂျိုးရော ပိုးရော ညီမ ၂ ယောက်လုံးအိမ်ကိုလာခေါ်ပြီး ပါရမီကလေးဆေးရုံကိုပြေးရတာပေါ့..
ဟိုရောက်တော့ တန်းဆီစောင့် ည ၁၂:၃၀ ကျော် ၁ နာရီလောက်မှအိမ်ပြန်ရောက်ကြတယ်”
ခိုင်နှင်းဝေက ဆက်ပြီးတော့ သမီးနှင့်အမေများဆိုပြီးခုလိုရေးထားပါသေးတယ်။
"သမီးနှင့်အမေများ"
သမီးလေး အဖျား သက်သာပေမဲ့ ဂျိုး Myo Sandy Kyaw နဲ့ ပိုး Myo Tharaphi Kyaw က သူ့သမီးလေး နဲ့ သားလေး ပြနေကြဖြစ်တဲ့ ပါမောက္ခ ဦးကျော်ဇင်ဝေ နဲ့ သေချာလိုက်အပ်ပေးပါတယ်... သမီးလေးကိုလဲ ကိုယ့်သားသမီး အရင်းလိုချစ်ပေးကြတဲ့ သူငယ်ချင်းနဲ့ပိုးရေ သမီးလေးကိုယ်စားရော အမေတယောက်အနေနဲ့ပါကျေးဇူးတင်ပါတယ်...ပြေးကြည့်မှ ကိုယ်တွေ မှာ ငယ်ငယ်ထဲကပေါင်းခဲ့တဲ့သူငယ်ချင်းတွေပဲရှိကြတာ.အချင်းချင်းရိုင်းပင်းကူညီချင်စိတ်ရှိကြတဲ့အတွက်လဲ ပီတိဖြစ်မိတယ်... သမီးလေး အဖျားသက်သာပေမဲ့ လုံးဝအဖျားပျောက်ပြီး နေကောင်းစေဖို့ သမီးလေးရဲ့အမေများအပြင် FB က အားပေးကြတဲ့ ကိုကို,မမ,ဒေါ်ဒေါ်,ဦးဦး,ဖေဖေ,မေမေ တို့အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်ရှင် ❤️🙏🏻






No comments:

Post a Comment