Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 3, 2019

၂၀၁၉ ဂဏန္းေဗဒင္ေဟာကိန္း


၂၀၁၉ ခုႏွစ္ထဲမွာ ကိုယ့္ကံၾကမၼာ ဘယ္လို ရွိမယ္ဆုိတာကို သိဖို႔ အေနာက္တုိင္းဂဏန္းေဗဒင္ပညာန႔ဲ ကိုယ္တုိင္ တြက္စစ္ႏုိင္မယ့္ ေဟာကိန္းကို ေဗဒင္သုတကေန ေဖာ္ျပေပးလိုက္ပါတယ္။ တြက္နည္းကို အတိုခ်ံဳး ေျပာရရင္ ေမြးလ၊ ေမြးရက္ကို တစ္လံုးတည္း ရေအာင္ ေပါင္းပါ။ ၿပီးရင္ ၂၀၁၉ ရဲ႕ ကံၾကမၼာဂဏန္း (၃) နဲ႔ ထပ္ ေပါင္းၿပီး ေဟာကိန္းကို ဖတ္ၾကည့္ရံုပါပဲ။

ဥပမာ ဒီဇင္ဘာ ၂၈ မွာ ေမြးတယ္ ဆုိရင္ ဒီဇင္ဘာလက ၁၂ လပုိင္းမုိ႔ ၁ + ၂ = ၃ ရမယ္။ ၂၈ ရက္ေန႔ ေမြးတယ္ ဆုိေတာ့ ၂ + ၈ = ၁၀ = ၁ ရမယ္။ ေမြးလနဲ႔ ေမြးရက္ ႏွစ္ခု ေပါင္းလိုက္ရင္ ၃ + ၁ = ၄ ရမယ္။ အဲဒီ ေပါင္းျခင္းကို ၂၀၁၉ ရဲ႕ ကံၾကမၼာဂဏန္း (၃) နဲ႔ ထပ္ေပါင္းတဲ့အခါ ၄ + ၃ = ၇ ဂဏန္း ရပါမယ္။ အဲဒီ ၇ ဂဏန္းက ၂၀၁၉ ရဲ႕ တစ္ႏွစ္တာေဟာကိန္းပဲ ျဖစ္ပါတယ္

၁ ဂဏန္းေဟာကိန္း

အရင္တုန္းက စိတ္ကူးရည္မွန္းခဲ့တဲ့ အိပ္မက္ေတြကုိ ဒီႏွစ္ ၂၀၁၉ ထဲမွာ အေကာင္အထည္ ေဖာ္ႏုိင္ပါလိမ့္မယ္။ ေကာင္းေသာ အေျပာင္းအလဲေတြလည္း ျဖစ္ေပၚလာဖို႔ ရွိပါတယ္။ အဓိက သိထားရမွာက ကိုယ့္ဆႏၵစိတ္ကူးကို ကိုယ္တုိင္ လမ္းျပ ေဖာ္ေဆာင္ဖို႔ပါပဲ။ ျဖစ္ခ်င္တာေတြ ရုပ္လံုးေပၚၿပီး ကံေကာင္းေအာင္ျမင္မယ့္ႏွစ္ ျဖစ္ပါတယ္။ သတိထားရမွာက ကိုယ့္ကိုကိုယ္ ယံုၾကည္မႈေတြ သိပ္လြန္ကဲၿပီး မာန္မာနေတြ မေထာင္လႊားဖို႔ပါပဲ။

၂ ဂဏန္းေဟာကိန္း

အလုပ္အကိုင္၊ အသက္ေမြးဝမ္းေက်ာင္း စတဲ့ က႑ေတြမွာ အေျပာင္းအလဲတခ်ဳိ႕ ျဖစ္လာပါမယ္။ မိတ္ေဆြေတြ မိသားစုေတြနဲ႔လည္း စည္းလံုးခ်စ္ခင္မယ့္ ႏွစ္ပါပဲ။ စပ္တူပါတနာအလုပ္ေတြ အက်ဳိးျပဳပါလိမ့္မယ္။ လူမႈေရးနဲ႔ ေပါင္းသင္းဆက္ဆံေရးေတြ အားေကာင္းလာမယ္။ အဆက္အသြယ္ေကာင္းေတြနဲ႔ ႀကံဳရပါမယ္။ လက္ရွိထက္ ပုိေကာင္းတဲ့ ေနရာမွာ ေျပာင္းလဲရပ္တည္ႏုိင္ပါမယ္။ ႏွလံုးသားေရးကိစၥလည္း ထင္ရွားလာပါလိမ့္မယ္။

၃ ဂဏန္းေဟာကိန္း

ဒီႏွစ္ ၂၀၁၉ ဟာ အဘက္ဘက္မွာ လက္ခေမာင္းခတ္ေလာက္ေအာင္ ထူးျခားမယ့္ႏွစ္ပါပဲ။ အလုပ္ေတြ မ်ားၿပီး လုပ္သေလာက္လည္း အက်ဳိးရွိ ေအာင္ျမင္ပါလိမ့္မယ္။ ႀကံစည္လုပ္ကိုင္သမွ်ကလည္း အရာထင္ ေအာင္ျမင္ဖို႔ လြယ္ကူေနပါမယ္။ အခြင့္အလမ္းေတြကို ကိုယ္က လုိက္မရွာရဘဲ ကိုယ့္ဆီ တည့္တည့္ ဝင္ေရာက္လာပါမယ္။ လုပ္ခ်င္တာ ျဖစ္ခ်င္တာနဲ႔ တျခားကိစၥေတြ မ်ားလြန္းလို႔ ရည္မွန္းခ်က္နဲ႔ မလြဲေအာင္ေတာ့ သတိျပဳေပးပါ။

၄ ဂဏန္းေဟာကိန္း

သိပ္မထူးျခားလွတဲ့ ႏွစ္တစ္ႏွစ္ ဆုိေပမယ့္ ဘဝရည္မွန္းခ်က္ ႀကီးႀကီး ခ်မွတ္ထားသူေတြအဖုိ႔ အစီအစဥ္ေတြကို ေရးဆြဲရမယ့္ႏွစ္ ျဖစ္ပါတယ္။ အလုပ္ေတြ မ်ားလာသလုိပဲ ဘဝအတြက္ အေရးႀကီးတဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်ရၿပီး စြန္႔စားခန္းေတြလည္း ဖြင့္ရတတ္ပါတယ္။ အခက္အခဲ အတားအဆီးေတြလည္း ေတြ႔ရမယ့္ ႏွစ္ ျဖစ္လုိ႔ သတိနဲ႔ ရင္ဆုိင္ လုပ္ကိုင္ရပါမယ္။ ဘာပဲလုပ္လုပ္ ေသခ်ာ စဥ္းစားတြက္ခ်က္ၿပီးမွ လုပ္ရင္ အဆင္ေျပပါလိမ့္မယ္။

၅ ဂဏန္းေဟာကိန္း

၂၀၁၉ ဟာ အခက္အခဲ အဖုအထစ္ေတြနဲ႔ ျပည့္ႏွက္ေနမယ့္ ႏွစ္တစ္ႏွစ္ ျဖစ္ပါတယ္။ ဘာပဲလုပ္လုပ္ သတိနဲ႔ ကင္းကြာၿပီး မလုပ္ဖို႔ အႀကံျပဳလိုပါတယ္။ အေရးပါတဲ့ ဆံုးျဖတ္ခ်က္ေတြ၊ စီမံကိန္းေတြကိုလည္း ျဖစ္ႏုိင္ရင္ အခ်ိန္ ေရႊ႕ဆုိင္းထားေစခ်င္ပါတယ္။ ေရရွည္ ေမွ်ာ္ကုိးလုပ္ရတဲ့ အလုပ္ေတြကိုလည္း မလုပ္သင့္ေသးပါဘူး။ ခါတုိင္းထက္ ပိုႀကိဳးစားမွသာ အဆင္ေျပမွာ ျဖစ္ၿပီး ကိုယ့္အရည္အခ်င္းကို ျမွင့္တင္ဖုိ႔လည္း လိုပါတယ္။

၆ ဂဏန္းေဟာကိန္း

ဒီႏွစ္ဟာ ဘဝအေျခအေန အားလံုးကို အထုိင္ခ် တည္ၿငိမ္ရေတာ့မယ့္ ကာလ ျဖစ္ပါတယ္။ အလုပ္အကိုင္ေရာ မိသားစုနဲ႔ အုိးအိမ္ကိစၥေတြမွာပါ အထုိင္တက် ျဖစ္ဖို႔ ျပင္ဆင္ရပါလိမ့္မယ္။ ေကာင္းတဲ့ အေျပာင္းအလဲေတြကို ႀကံဳေတြ႔ရမွာ ျဖစ္ေပမယ့္ အခက္အခဲ ျပႆနာေတြကိုလည္း ေက်ာ္ျဖတ္ရပါဦးမယ္။ ဘယ္ေနရာမွာမဆုိ ကိုယ့္ ဆံုးျဖတ္ခ်က္နဲ႔သာ လုပ္ပါ။ သူမ်ားနဲ႔ တုိင္ပင္ႏွီးေႏွာရင္ အဆုိးဘက္ကိုသာ ဦးတည္သြားတတ္္ပါတယ္။

၇ ဂဏန္းေဟာကိန္း

သံသယေတြ၊ အေတြးလြန္တာေတြကို ေဖ်ာက္ၿပီး အနာဂတ္ကို ရဲရဲ ရင္ဆုိင္ရမယ့္ ႏွစ္ပါ။ အေျပာင္းအလဲေတြ လုပ္မလား၊ အသစ္ေတြ စမ္းၾကည့္မလား၊ လုပ္ခ်င္တာကို စလုပ္ၾကည့္ပါ။ ေမွ်ာ္လင့္သေလာက္ မရရင္ေတာင္ လုပ္သေလာက္ေတာ့ ျပန္ရမွာ ေသခ်ာပါတယ္။ ဒီႏွစ္ထဲမွာ သည္းခံ စိတ္ရွည္ႏုိင္စြမ္းေတြ လုိအပ္သလို ရဲရင့္မႈ၊ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈေတြလည္း လိုအပ္ပါတယ္။ သတိၱရွိရွိနဲ႔ လုပ္ခ်င္တာေတြ စလုပ္သင့္တဲ့ႏွစ္ပါပဲ။

၈ ဂဏန္းေဟာကိန္း

ဒီႏွစ္မွာ အလုပ္အကိုင္ေရာ ေငြေၾကးစီးပြားမွာပါ အားရေက်နပ္စရာေတြ ျဖစ္လာပါလိမ့္မယ္။ နည္းနည္းေလးပဲ အားစိုက္ရံုနဲ႔ မ်ားမ်ားႀကီး အက်ဳိးရွိမယ့္ ႏွစ္လုိ႔ ဆုိႏုိင္ပါတယ္။ အလုပ္ေတြ ေကာင္းမယ္၊ ရာထူးေနရာ ရမယ္။ အခြင့္အေရးေကာင္းေတြလည္း လက္ဝယ္ ရရွိတတ္ပါတယ္။ ျပႆနာႀကီးႀကီးမားမား မရွိႏုိင္ဘဲ ေပၚလာသမွ် အခက္အခဲေတြကိုလည္း ေအးေဆးေလး ေျဖရွင္းႏုိင္ပါလိမ့္မယ္။ မထင္မွတ္တာေတြလည္း ျဖစ္တတ္ပါတယ္။

၉ ဂဏန္းေဟာကိန္း

ႏွစ္ဆန္းပိုင္းလေတြအထိ ေဘးက်ပ္နံက်ပ္ အခက္အခဲေတြထဲ နစ္ျမဳပ္ေနတတ္ၿပီး ေတာ္ေတာ္နဲ႔ကို အထုိင္မက် အေျခမက်ဘဲ ျဖစ္ေနပါမယ္။ အျဖစ္အပ်က္ေဟာင္း၊ ျပႆနာေဟာင္းေတြလည္း တေက်ာ့ျပန္ ေပၚလာပါမယ္။ ခါးသီးတဲ့ အျဖစ္ေတြေၾကာင့္လည္း ကိုယ့္မွာ ခံႏုိင္ရည္နဲ႔ အစြမ္းအစေတြ တုိးလာပါလိမ့္မယ္။ မထင္တာေတြလဲ ျဖစ္လာတတ္ပါတယ္။ စိတ္ကူးေပါက္ရာ မလုပ္ဘဲ ကိုယ္လုပ္ခ်င္ ျဖစ္ခ်င္တာေတြကို ျပန္သံုးသပ္သင့္ပါတယ္။
ဧက(ေဗဒင္သုတ – BaydinThyuta)

#Unicode Version#
၂၀၁၉ ခုနှစ်ထဲမှာ ကိုယ့်ကံကြမ္မာ ဘယ်လို ရှိမယ်ဆိုတာကို သိဖို့ အနောက်တိုင်းဂဏန်းဗေဒင်ပညာနဲ့ ကိုယ်တိုင် တွက်စစ်နိုင်မယ့် ဟောကိန်းကို ဗေဒင်သုတကနေ ဖော်ပြပေးလိုက်ပါတယ်။ တွက်နည်းကို အတိုချုံး ပြောရရင် မွေးလ၊ မွေးရက်ကို တစ်လုံးတည်း ရအောင် ပေါင်းပါ။ ပြီးရင် ၂၀၁၉ ရဲ့ ကံကြမ္မာဂဏန်း (၃) နဲ့ ထပ် ပေါင်းပြီး ဟောကိန်းကို ဖတ်ကြည့်ရုံပါပဲ။

ဥပမာ ဒီဇင်ဘာ ၂၈ မှာ မွေးတယ် ဆိုရင် ဒီဇင်ဘာလက ၁၂ လပိုင်းမို့ ၁ + ၂ = ၃ ရမယ်။ ၂၈ ရက်နေ့ မွေးတယ် ဆိုတော့ ၂ + ၈ = ၁၀ = ၁ ရမယ်။ မွေးလနဲ့ မွေးရက် နှစ်ခု ပေါင်းလိုက်ရင် ၃ + ၁ = ၄ ရမယ်။ အဲဒီ ပေါင်းခြင်းကို ၂၀၁၉ ရဲ့ ကံကြမ္မာဂဏန်း (၃) နဲ့ ထပ်ပေါင်းတဲ့အခါ ၄ + ၃ = ၇ ဂဏန်း ရပါမယ်။ အဲဒီ ၇ ဂဏန်းက ၂၀၁၉ ရဲ့ တစ်နှစ်တာဟောကိန်းပဲ ဖြစ်ပါတယ်

၁ ဂဏန်းဟောကိန်း

အရင်တုန်းက စိတ်ကူးရည်မှန်းခဲ့တဲ့ အိပ်မက်တွေကို ဒီနှစ် ၂၀၁၉ ထဲမှာ အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။ ကောင်းသော အပြောင်းအလဲတွေလည်း ဖြစ်ပေါ်လာဖို့ ရှိပါတယ်။ အဓိက သိထားရမှာက ကိုယ့်ဆန္ဒစိတ်ကူးကို ကိုယ်တိုင် လမ်းပြ ဖော်ဆောင်ဖို့ပါပဲ။ ဖြစ်ချင်တာတွေ ရုပ်လုံးပေါ်ပြီး ကံကောင်းအောင်မြင်မယ့်နှစ် ဖြစ်ပါတယ်။ သတိထားရမှာက ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ သိပ်လွန်ကဲပြီး မာန်မာနတွေ မထောင်လွှားဖို့ပါပဲ။

၂ ဂဏန်းဟောကိန်း

အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်း စတဲ့ ကဏ္ဍတွေမှာ အပြောင်းအလဲတချို့ ဖြစ်လာပါမယ်။ မိတ်ဆွေတွေ မိသားစုတွေနဲ့လည်း စည်းလုံးချစ်ခင်မယ့် နှစ်ပါပဲ။ စပ်တူပါတနာအလုပ်တွေ အကျိုးပြုပါလိမ့်မယ်။ လူမှုရေးနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ အားကောင်းလာမယ်။ အဆက်အသွယ်ကောင်းတွေနဲ့ ကြုံရပါမယ်။ လက်ရှိထက် ပိုကောင်းတဲ့ နေရာမှာ ပြောင်းလဲရပ်တည်နိုင်ပါမယ်။ နှလုံးသားရေးကိစ္စလည်း ထင်ရှားလာပါလိမ့်မယ်။

၃ ဂဏန်းဟောကိန်း

ဒီနှစ် ၂၀၁၉ ဟာ အဘက်ဘက်မှာ လက်ခမောင်းခတ်လောက်အောင် ထူးခြားမယ့်နှစ်ပါပဲ။ အလုပ်တွေ များပြီး လုပ်သလောက်လည်း အကျိုးရှိ အောင်မြင်ပါလိမ့်မယ်။ ကြံစည်လုပ်ကိုင်သမျှကလည်း အရာထင် အောင်မြင်ဖို့ လွယ်ကူနေပါမယ်။ အခွင့်အလမ်းတွေကို ကိုယ်က လိုက်မရှာရဘဲ ကိုယ့်ဆီ တည့်တည့် ဝင်ရောက်လာပါမယ်။ လုပ်ချင်တာ ဖြစ်ချင်တာနဲ့ တခြားကိစ္စတွေ များလွန်းလို့ ရည်မှန်းချက်နဲ့ မလွဲအောင်တော့ သတိပြုပေးပါ။

၄ ဂဏန်းဟောကိန်း

သိပ်မထူးခြားလှတဲ့ နှစ်တစ်နှစ် ဆိုပေမယ့် ဘဝရည်မှန်းချက် ကြီးကြီး ချမှတ်ထားသူတွေအဖို့ အစီအစဉ်တွေကို ရေးဆွဲရမယ့်နှစ် ဖြစ်ပါတယ်။ အလုပ်တွေ များလာသလိုပဲ ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရပြီး စွန့်စားခန်းတွေလည်း ဖွင့်ရတတ်ပါတယ်။ အခက်အခဲ အတားအဆီးတွေလည်း တွေ့ရမယ့် နှစ် ဖြစ်လို့ သတိနဲ့ ရင်ဆိုင် လုပ်ကိုင်ရပါမယ်။ ဘာပဲလုပ်လုပ် သေချာ စဉ်းစားတွက်ချက်ပြီးမှ လုပ်ရင် အဆင်ပြေပါလိမ့်မယ်။

၅ ဂဏန်းဟောကိန်း

၂၀၁၉ ဟာ အခက်အခဲ အဖုအထစ်တွေနဲ့ ပြည့်နှက်နေမယ့် နှစ်တစ်နှစ် ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် သတိနဲ့ ကင်းကွာပြီး မလုပ်ဖို့ အကြံပြုလိုပါတယ်။ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ၊ စီမံကိန်းတွေကိုလည်း ဖြစ်နိုင်ရင် အချိန် ရွှေ့ဆိုင်းထားစေချင်ပါတယ်။ ရေရှည် မျှော်ကိုးလုပ်ရတဲ့ အလုပ်တွေကိုလည်း မလုပ်သင့်သေးပါဘူး။ ခါတိုင်းထက် ပိုကြိုးစားမှသာ အဆင်ပြေမှာ ဖြစ်ပြီး ကိုယ့်အရည်အချင်းကို မြှင့်တင်ဖို့လည်း လိုပါတယ်။

၆ ဂဏန်းဟောကိန်း

ဒီနှစ်ဟာ ဘဝအခြေအနေ အားလုံးကို အထိုင်ချ တည်ငြိမ်ရတော့မယ့် ကာလ ဖြစ်ပါတယ်။ အလုပ်အကိုင်ရော မိသားစုနဲ့ အိုးအိမ်ကိစ္စတွေမှာပါ အထိုင်တကျ ဖြစ်ဖို့ ပြင်ဆင်ရပါလိမ့်မယ်။ ကောင်းတဲ့ အပြောင်းအလဲတွေကို ကြုံတွေ့ရမှာ ဖြစ်ပေမယ့် အခက်အခဲ ပြဿနာတွေကိုလည်း ကျော်ဖြတ်ရပါဦးမယ်။ ဘယ်နေရာမှာမဆို ကိုယ့် ဆုံးဖြတ်ချက်နဲ့သာ လုပ်ပါ။ သူများနဲ့ တိုင်ပင်နှီးနှောရင် အဆိုးဘက်ကိုသာ ဦးတည်သွားတတ်ပါတယ်။

၇ ဂဏန်းဟောကိန်း

သံသယတွေ၊ အတွေးလွန်တာတွေကို ဖျောက်ပြီး အနာဂတ်ကို ရဲရဲ ရင်ဆိုင်ရမယ့် နှစ်ပါ။ အပြောင်းအလဲတွေ လုပ်မလား၊ အသစ်တွေ စမ်းကြည့်မလား၊ လုပ်ချင်တာကို စလုပ်ကြည့်ပါ။ မျှော်လင့်သလောက် မရရင်တောင် လုပ်သလောက်တော့ ပြန်ရမှာ သေချာပါတယ်။ ဒီနှစ်ထဲမှာ သည်းခံ စိတ်ရှည်နိုင်စွမ်းတွေ လိုအပ်သလို ရဲရင့်မှု၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေလည်း လိုအပ်ပါတယ်။ သတ္တိရှိရှိနဲ့ လုပ်ချင်တာတွေ စလုပ်သင့်တဲ့နှစ်ပါပဲ။

၈ ဂဏန်းဟောကိန်း

ဒီနှစ်မှာ အလုပ်အကိုင်ရော ငွေကြေးစီးပွားမှာပါ အားရကျေနပ်စရာတွေ ဖြစ်လာပါလိမ့်မယ်။ နည်းနည်းလေးပဲ အားစိုက်ရုံနဲ့ များများကြီး အကျိုးရှိမယ့် နှစ်လို့ ဆိုနိုင်ပါတယ်။ အလုပ်တွေ ကောင်းမယ်၊ ရာထူးနေရာ ရမယ်။ အခွင့်အရေးကောင်းတွေလည်း လက်ဝယ် ရရှိတတ်ပါတယ်။ ပြဿနာကြီးကြီးမားမား မရှိနိုင်ဘဲ ပေါ်လာသမျှ အခက်အခဲတွေကိုလည်း အေးဆေးလေး ဖြေရှင်းနိုင်ပါလိမ့်မယ်။ မထင်မှတ်တာတွေလည်း ဖြစ်တတ်ပါတယ်။

၉ ဂဏန်းဟောကိန်း

နှစ်ဆန်းပိုင်းလတွေအထိ ဘေးကျပ်နံကျပ် အခက်အခဲတွေထဲ နစ်မြုပ်နေတတ်ပြီး တော်တော်နဲ့ကို အထိုင်မကျ အခြေမကျဘဲ ဖြစ်နေပါမယ်။ အဖြစ်အပျက်ဟောင်း၊ ပြဿနာဟောင်းတွေလည်း တကျော့ပြန် ပေါ်လာပါမယ်။ ခါးသီးတဲ့ အဖြစ်တွေကြောင့်လည်း ကိုယ့်မှာ ခံနိုင်ရည်နဲ့ အစွမ်းအစတွေ တိုးလာပါလိမ့်မယ်။ မထင်တာတွေလဲ ဖြစ်လာတတ်ပါတယ်။ စိတ်ကူးပေါက်ရာ မလုပ်ဘဲ ကိုယ်လုပ်ချင် ဖြစ်ချင်တာတွေကို ပြန်သုံးသပ်သင့်ပါတယ်။
ဧက(ဗေဒင်သုတ – BaydinThyuta)

No comments:

Post a Comment