Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 12, 2019

၁၀ တန္းေအာင္ၿပီးသူမ်ား …သိထားသင့္တဲ့ ေျပာင္းလဲေတာ့မယ့္ …တကၠသုိလ္ဝင္ခြင့္ ပံုစံအသစ္။


ေျပာင္း လဲေတာ့မယ့္ တကၠသုိလ္ဝင္ခြင့္ ပံုစံအသစ္ (၁၀ တန္းေအာင္ၿပီးသူမ်ား သိထားသင့္ပါတယ္)

မႏွ စ္ က တကၠသိုလ္ဝင္ခြင့္စနစ္မွာ ေက်ာင္း၁၂ေက်ာင္းကို တိုက္႐ိုက္ဝင္ခြင့္ေလ်ွာက္၊ သက္ဆိုင္ရာ ေက်ာင္းရဲ႕ ဝင္ခြင့္ သတ္မွတ္ခ်က္နဲ႔

ေရြး ခ်ယ္လက္ခံတဲ့စနစ္ကိုစမ္းသပ္က်င့္သံုးခဲ့တယ္။

ေက်ာင္း သားမိဘေတြကလဲ စနစ္သစ္မွာ ကိုယ့္သားသမီးအတြက္ စိုးရိမ္တာေရာ အခြင့္အေရးလက္လြတ္မွာ စိုးတာေရာ ေၾကာင့္

ေက်ာင္း ၊၄ ေက်ာင္းေလာက္ကို အေျပးအလႊား ေလ်ွာက္လႊာတင္၊ လူေတြ႔ေျဖခိုင္းနဲ႔ တတ္ႏိုင္သမ်ွ အားထုတ္ ႀကိဳးစားခဲ့ၾကတယ္။ ဥပမာ

YU မွာ ေလ်ွာက္၊ လူေတြ႔ေျဖသလို တျခား ufl တို႔ yueco တို႔မွာလဲ ဝင္ခြင့္ေလ်ွာက္၊ လူေတြ႔ေျဖ ၾကတယ္။

ဒီ အ ခါမွာ ဘာေတြျဖစ္လာလဲဆိုေတာ့ တေယာက္ထဲက ေက်ာင္း ၃ေက်ာင္း ေလာက္မွာ ဝင္ခြင့္ရေနတာမ်ိဳး ျဖစ္လာတယ္။

သတ္မွတ္လူဦးေရနဲ႔လက္ခံတာမို႔လို႔ တေယာက္ထဲက ၃၊၄ေက်ာင္းမွာဝင္ခြင့္ရေနတာဟာ အျခားေက်ာင္းသားေတြအတြက္

ေနရာမရိွေတာ့သလို တကၠသိုလ္မွာလဲ သတ္မွတ္လူဦးေရ မျပည့္တာ ျဖစ္သြားခဲ့တယ္။ မႏွစ္ကတကၠသိုလ္ဝင္ခြင့္မွာ တျခား issues

ေတြလဲရိွခဲ့ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေမးခြန္းထုတ္တဲ့အထိ ျဖစ္ခဲ့တယ္။

လာမယ့္ႏွစ္ေတာ့ မႏွစ္ကအျဖစ္အပ်က္ေတြအေျခခံၿပီး မိဘျပည္သူေတြအဆင္ေျပေအာင္ မနစ္နာရေအာင္ ပညာေရး ဝန္ႀကီး ဌာနက

ႀကိဳးစားေဆာင္ရြက္ေနတယ္လို႔သိရပါတယ္။

သိရ သေလာက္ေတာ့ တကၠသိုလ္ဝင္ခြင့္ပံုစံဘယ္လိုေျပာင္းမလဲဆိုေတာ့

၁။ မႏွစ္က တိုက္႐ိုက္ေလ်ွာက္ ေက်ာင္း၁၂ေက်ာင္း+ MAEU နဲ႔ UTYCC ၂ေက်ာင္း စုစုေပါင္း၁၄ေက်ာင္း ကို တိုက္႐ိုက္ ေလ်ွာက္ရမယ္။

သို႔/ပါေမာကၡခ်ဳပ္…ရန္ကုန္တကၠသိုလ္ စသျဖင့္ တိုက္႐ိုက္ေလ်ွာက္ရမယ္၊ မႏွစ္ကနဲ႔မတူတာက ရန္ကုန္ တကၠသိုလ္ တခုဘဲ

လူေတြ႔စစ္ေဆးၿပီး သတ္မွတ္ခ်က္ကိုက္ညီသူကို သတ္မွတ္အေရအတြက္ ျပည့္တဲ့အထိ လက္ခံမယ္။ က်န္ေက်ာင္း၁၃ေက်ာင္းက

တိုက္႐ိုက္ေလ်ွာက္ရမွာျဖစ္ေပမယ့္ လူေတြ႔မစစ္ေတာ့ဘဲ တကၠသိုလ္အလိုက္ ေလ်ွာက္လႊာကို ၾကည့္ၿပီးေရြးၾကမယ္။ (ဟိုေျပးဒီေျပး

အင္တာဗ်ဴးေျဖစရာမလိုေတာ့ဘူး) ဝင္ခြင့္ရမရ အဲ့ဒီေက်ာင္း ၁၄ ေက်ာင္းက အရင္ သိရမယ္။ မရရင္ တျခားတကၠသိုလ္ေတြကို

ျပန္ေလ်ွာက္လို႔ရလိမ့္မယ္။

၂။ အေျခခံပညာေတြေက်ာင္းအပ္သလိုဘဲ တကၠသိုလ္ဝင္ခြင့္မွာလဲ Catchment Area သတ္မွတ္မယ္၊ WYTU, TTU, TU Hmawbi နဲ႔

PTU ကို တႏိုင္ငံလံုး ဘယ္ေနရာ ေဒသကမဆို ေလ်ွာက္လို႔ရတယ္၊ ပံုမွန္အတိုင္း ေလ်ွာက္ထားလာသူမ်ား ထဲမွ သတ္မွတ္အေရအတြက္

ျပည့္တဲ့အထိ လက္ခံမယ္။ ဥပမာ WYTU မွာ လူ၄၀၀ေခၚမယ္ဆို ေလ်ွာက္တဲ့သူေတြထဲကမွ အမွတ္အမ်ားဆံုးထိပ္ပိုင္း၄၀၀ ဝင္ခြင့္ရမယ္။

က်န္တဲ့ TU ေတြမွာေတာ့ Catchment area အရ ျပည္နယ္ေက်ာ္/တိုင္းေက်ာ္အပ္လို႔မရ၊ တက္လို႔မရ။ သတ္မွတ္ခ်က္ ကိုက္ညီသူ

နယ္ခံ/ၿမိဳ႕ခံေတြေလ်ွာက္လို႔ရ၊ နယ္ခံေတြမျပည့္ဘူးဆိုမွ တျခားနယ္ကေလ်ွာက္ထားတဲ့ အမွတ္ ၃၈၀ ျပည့္သူ

ေက်ာင္းသားကိုလက္ခံမယ္။ ဥပမာ TU မအူပင္မွာ လူ၂၀၀ လက္ခံမယ္ဆိုပါစို႔ မအူပင္တဝိုက္က သတ္မွတ္ခ်က္ ကိုက္ညီ သူ

ေက်ာင္းသားေတြတက္လို႔ရမယ္၊ အရင္ကလို ရန္ကုန္ကအမွတ္မ်ားသူေတြ မအူပင္သြားတက္တာမ်ိဳး မရေတာ့ဘူး၊

လက္ခံႏိုင္တဲ့အေရအတြက္ ၂၀၀ မျပည့္ရင္ေတာ့ တျခားၿမိဳ႕ကလူကိုလက္ခံလို႔ရမယ္။ ေဒသခံေက်ာင္းသားေတြ အရင္က ထက္ TU

ပိုတက္ခြင့္ရလာမယ္၊ တျခားၿမိဳ႕ကအမွတ္မ်ားသူေတြလာတက္လို႔ နယ္ခံေတြက ပိုေဝးတဲ့ေနရာသြားတက္ ရမွာမ်ိဳးေတြ မရိွေတာ့ဘူး။

ဒါေပမယ့္ က်ေနာ္မ႐ွင္းတာတခုရိွတယ္၊ ေဘာ္ဒါထားတဲ့သူေတြဘယ္လိုလုပ္ၾကမလဲ ဥပမာ မလိႈင္ေဘာ္ဒါလိုမ်ိဳး နယ္ေပါင္းစံုက

သြားထားၾကတဲ့အခါ ေအာင္လာတဲ့ေက်ာင္းသားၾကေတာ့ catchment area ဘယ္လိုသတ္မွတ္မလဲ။

တကၠသိုလ္ဝင္ခြင့္ေအာင္တဲ့ေနရာ(ခံုနံပတ္အရ) လား၊ အိမ္ေထာင္စုစာရင္းပါလိပ္စာအရလား။ က်န္တာ ဆက္ေတြးၾကည့္ ၾကပါ။

၃။ ကြန္ပ်ဴတာ တကၠသိုလ္ေတြမွာလဲ အေပၚကေျပာခဲ့သလိုပါပဲ Catchment area အရပဲလက္ခံပါမယ္။ တိုက္႐ိုက္ ေလ်ွာက္ ၁၄ေက်ာင္း

ထဲပါတဲ့ ေက်ာင္းကေတာ့ တႏိုင္ငံလံုး မည္သူမဆိုေလ်ွာက္လို႔ရမယ္။ က်န္ CU ေတြကိုေတာ့ ေဒသခံေတြ ဦးစားေပးမယ္၊

ေဒသခံေတြမျပည့္မွ တျခားနယ္က အမွတ္မီသူေတြ လက္ခံေပးမယ္။

၄။ ေဆးနဲ႔ႏီွးႏြယ္တကၠသိုလ္ေတြက တအုပ္စုသတ္သတ္ခြဲထားပါတယ္။ သူတို႔ေတြကလဲ သူတို႔ဝင္ခြင့္သတ္မွတ္ခ်က္နဲ႔

စိစစ္လက္ခံပါမယ္။

၅။ ေဆးနဲ႔ႏီွးႏြယ္တကၠသိုလ္ေတြ + တိုက္႐ိုက္ေလ်ွာက္ ၁၄ေက်ာင္း ဝင္ခြင့္အရင္ထြက္ပါမယ္။ ၿပီးမွ က်န္တဲ့ TU CU ေတြ

ဝိဇၨာသိပၸံတကၠသိုလ္ေတြ ပညာေရးတကၠသိုလ္ေတြ ဝင္ခြင့္ ထြက္ပါမယ္။

၆။ သတင္းစာမွ သီးသန္႔ေခၚၿပီး တိုက္႐ိုက္ေလ်ွာက္ရမယ့္ MMU, MIIT, MNDC, ေရဆင္းစိုက္ပ်ိဳးေရး၊ ယဥ္ေက်းမႈ တကၠသိုလ္၊

သမဝါယမတကၠသိုလ္၊ ေမြးျမဴေရးဆိုင္ရာေဆးတကၠသိုလ္၊ ယြန္းပညာေကာလိပ္ ေတြရိွေသးပါမယ္။

ခုေျပာသြားတာေတြသည္ fb မွာဖတ္ရတာ၊ ဆရာႀကီးေတြေျပာတာနားေထာင္ရတာေတြကို အေျခခံၿပီးေရးတာပါ။

က်ေနာ္အမွတ္မွားတာေၾကာင့္ေသာ္၎ ၊ မူေျပာင္းတာမ်ိဳးျဖစ္ရင္ေသာ္၎ အထက္ပါအခ်က္မ်ားႏွင့္ကြဲလြဲႏိုင္ပါသည္။

ဝင္ခြင့္မူတရားဝင္မထြက္ေသးပါ။ ဝင္ခြင့္လမ္းၫႊန္စာအုပ္သည္သာ တရားဝင္ျဖစ္ပါသည္။ မိဘမ်ား ေက်ာင္းသားမ်ား

ႀကိဳတင္တြက္ဆလို႔ရေအာင္ မ်ွေဝျခင္းျဖစ္ပါသည္။

Tin Tun Aung (ေလးစားစြာျဖင့္ ခရက္ဒစ္)

Unicode version
ပြောင်း လဲတော့မယ့် တက္ကသိုလ်ဝင်ခွင့် ပုံစံအသစ် (၁၀ တန်းအောင်ပြီးသူများ သိထားသင့်ပါတယ်)

မနှ စ် က တက္ကသိုလ်ဝင်ခွင့်စနစ်မှာ ကျောင်း၁၂ကျောင်းကို တိုက်ရိုက်ဝင်ခွင့်လျှောက်၊ သက်ဆိုင်ရာ ကျောင်းရဲ့ ဝင်ခွင့် သတ်မှတ်ချက်နဲ့

ရွေး ချယ်လက်ခံတဲ့စနစ်ကိုစမ်းသပ်ကျင့်သုံးခဲ့တယ်။

ကျောင်း သားမိဘတွေကလဲ စနစ်သစ်မှာ ကိုယ့်သားသမီးအတွက် စိုးရိမ်တာရော အခွင့်အရေးလက်လွတ်မှာ စိုးတာရော ကြောင့်

ကျောင်း ၊၄ ကျောင်းလောက်ကို အပြေးအလွှား လျှောက်လွှာတင်၊ လူတွေ့ဖြေခိုင်းနဲ့ တတ်နိုင်သမျှ အားထုတ် ကြိုးစားခဲ့ကြတယ်။ ဥပမာ

YU မှာ လျှောက်၊ လူတွေ့ဖြေသလို တခြား ufl တို့ yueco တို့မှာလဲ ဝင်ခွင့်လျှောက်၊ လူတွေ့ဖြေ ကြတယ်။

ဒီ အ ခါမှာ ဘာတွေဖြစ်လာလဲဆိုတော့ တယောက်ထဲက ကျောင်း ၃ကျောင်း လောက်မှာ ဝင်ခွင့်ရနေတာမျိုး ဖြစ်လာတယ်။

သတ်မှတ်လူဦးရေနဲ့လက်ခံတာမို့လို့ တယောက်ထဲက ၃၊၄ကျောင်းမှာဝင်ခွင့်ရနေတာဟာ အခြားကျောင်းသားတွေအတွက်

နေရာမရှိတော့သလို တက္ကသိုလ်မှာလဲ သတ်မှတ်လူဦးရေ မပြည့်တာ ဖြစ်သွားခဲ့တယ်။ မနှစ်ကတက္ကသိုလ်ဝင်ခွင့်မှာ တခြား issues

တွေလဲရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ မေးခွန်းထုတ်တဲ့အထိ ဖြစ်ခဲ့တယ်။

လာမယ့်နှစ်တော့ မနှစ်ကအဖြစ်အပျက်တွေအခြေခံပြီး မိဘပြည်သူတွေအဆင်ပြေအောင် မနစ်နာရအောင် ပညာရေး ဝန်ကြီး ဌာနက

ကြိုးစားဆောင်ရွက်နေတယ်လို့သိရပါတယ်။

သိရ သလောက်တော့ တက္ကသိုလ်ဝင်ခွင့်ပုံစံဘယ်လိုပြောင်းမလဲဆိုတော့

၁။ မနှစ်က တိုက်ရိုက်လျှောက် ကျောင်း၁၂ကျောင်း+ MAEU နဲ့ UTYCC ၂ကျောင်း စုစုပေါင်း၁၄ကျောင်း ကို တိုက်ရိုက် လျှောက်ရမယ်။

သို့/ပါမောက္ခချုပ်…ရန်ကုန်တက္ကသိုလ် စသဖြင့် တိုက်ရိုက်လျှောက်ရမယ်၊ မနှစ်ကနဲ့မတူတာက ရန်ကုန် တက္ကသိုလ် တခုဘဲ

လူတွေ့စစ်ဆေးပြီး သတ်မှတ်ချက်ကိုက်ညီသူကို သတ်မှတ်အရေအတွက် ပြည့်တဲ့အထိ လက်ခံမယ်။ ကျန်ကျောင်း၁၃ကျောင်းက

တိုက်ရိုက်လျှောက်ရမှာဖြစ်ပေမယ့် လူတွေ့မစစ်တော့ဘဲ တက္ကသိုလ်အလိုက် လျှောက်လွှာကို ကြည့်ပြီးရွေးကြမယ်။ (ဟိုပြေးဒီပြေး

အင်တာဗျူးဖြေစရာမလိုတော့ဘူး) ဝင်ခွင့်ရမရ အဲ့ဒီကျောင်း ၁၄ ကျောင်းက အရင် သိရမယ်။ မရရင် တခြားတက္ကသိုလ်တွေကို

ပြန်လျှောက်လို့ရလိမ့်မယ်။

၂။ အခြေခံပညာတွေကျောင်းအပ်သလိုဘဲ တက္ကသိုလ်ဝင်ခွင့်မှာလဲ Catchment Area သတ်မှတ်မယ်၊ WYTU, TTU, TU Hmawbi နဲ့

PTU ကို တနိုင်ငံလုံး ဘယ်နေရာ ဒေသကမဆို လျှောက်လို့ရတယ်၊ ပုံမှန်အတိုင်း လျှောက်ထားလာသူများ ထဲမှ သတ်မှတ်အရေအတွက်

ပြည့်တဲ့အထိ လက်ခံမယ်။ ဥပမာ WYTU မှာ လူ၄၀၀ခေါ်မယ်ဆို လျှောက်တဲ့သူတွေထဲကမှ အမှတ်အများဆုံးထိပ်ပိုင်း၄၀၀ ဝင်ခွင့်ရမယ်။

ကျန်တဲ့ TU တွေမှာတော့ Catchment area အရ ပြည်နယ်ကျော်/တိုင်းကျော်အပ်လို့မရ၊ တက်လို့မရ။ သတ်မှတ်ချက် ကိုက်ညီသူ

နယ်ခံ/မြို့ခံတွေလျှောက်လို့ရ၊ နယ်ခံတွေမပြည့်ဘူးဆိုမှ တခြားနယ်ကလျှောက်ထားတဲ့ အမှတ် ၃၈၀ ပြည့်သူ

ကျောင်းသားကိုလက်ခံမယ်။ ဥပမာ TU မအူပင်မှာ လူ၂၀၀ လက်ခံမယ်ဆိုပါစို့ မအူပင်တဝိုက်က သတ်မှတ်ချက် ကိုက်ညီ သူ

ကျောင်းသားတွေတက်လို့ရမယ်၊ အရင်ကလို ရန်ကုန်ကအမှတ်များသူတွေ မအူပင်သွားတက်တာမျိုး မရတော့ဘူး၊

လက်ခံနိုင်တဲ့အရေအတွက် ၂၀၀ မပြည့်ရင်တော့ တခြားမြို့ကလူကိုလက်ခံလို့ရမယ်။ ဒေသခံကျောင်းသားတွေ အရင်က ထက် TU

ပိုတက်ခွင့်ရလာမယ်၊ တခြားမြို့ကအမှတ်များသူတွေလာတက်လို့ နယ်ခံတွေက ပိုဝေးတဲ့နေရာသွားတက် ရမှာမျိုးတွေ မရှိတော့ဘူး။

ဒါပေမယ့် ကျနော်မရှင်းတာတခုရှိတယ်၊ ဘော်ဒါထားတဲ့သူတွေဘယ်လိုလုပ်ကြမလဲ ဥပမာ မလှိုင်ဘော်ဒါလိုမျိုး နယ်ပေါင်းစုံက

သွားထားကြတဲ့အခါ အောင်လာတဲ့ကျောင်းသားကြတော့ catchment area ဘယ်လိုသတ်မှတ်မလဲ။

တက္ကသိုလ်ဝင်ခွင့်အောင်တဲ့နေရာ(ခုံနံပတ်အရ) လား၊ အိမ်ထောင်စုစာရင်းပါလိပ်စာအရလား။ ကျန်တာ ဆက်တွေးကြည့် ကြပါ။

၃။ ကွန်ပျူတာ တက္ကသိုလ်တွေမှာလဲ အပေါ်ကပြောခဲ့သလိုပါပဲ Catchment area အရပဲလက်ခံပါမယ်။ တိုက်ရိုက် လျှောက် ၁၄ကျောင်း

ထဲပါတဲ့ ကျောင်းကတော့ တနိုင်ငံလုံး မည်သူမဆိုလျှောက်လို့ရမယ်။ ကျန် CU တွေကိုတော့ ဒေသခံတွေ ဦးစားပေးမယ်၊

ဒေသခံတွေမပြည့်မှ တခြားနယ်က အမှတ်မီသူတွေ လက်ခံပေးမယ်။

၄။ ဆေးနဲ့နှီးနွယ်တက္ကသိုလ်တွေက တအုပ်စုသတ်သတ်ခွဲထားပါတယ်။ သူတို့တွေကလဲ သူတို့ဝင်ခွင့်သတ်မှတ်ချက်နဲ့

စိစစ်လက်ခံပါမယ်။

၅။ ဆေးနဲ့နှီးနွယ်တက္ကသိုလ်တွေ + တိုက်ရိုက်လျှောက် ၁၄ကျောင်း ဝင်ခွင့်အရင်ထွက်ပါမယ်။ ပြီးမှ ကျန်တဲ့ TU CU တွေ

ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေ ပညာရေးတက္ကသိုလ်တွေ ဝင်ခွင့် ထွက်ပါမယ်။

၆။ သတင်းစာမှ သီးသန့်ခေါ်ပြီး တိုက်ရိုက်လျှောက်ရမယ့် MMU, MIIT, MNDC, ရေဆင်းစိုက်ပျိုးရေး၊ ယဉ်ကျေးမှု တက္ကသိုလ်၊

သမဝါယမတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ယွန်းပညာကောလိပ် တွေရှိသေးပါမယ်။

ခုပြောသွားတာတွေသည် fb မှာဖတ်ရတာ၊ ဆရာကြီးတွေပြောတာနားထောင်ရတာတွေကို အခြေခံပြီးရေးတာပါ။

ကျနော်အမှတ်မှားတာကြောင့်သော်၎င်း ၊ မူပြောင်းတာမျိုးဖြစ်ရင်သော်၎င်း အထက်ပါအချက်များနှင့်ကွဲလွဲနိုင်ပါသည်။

ဝင်ခွင့်မူတရားဝင်မထွက်သေးပါ။ ဝင်ခွင့်လမ်းညွှန်စာအုပ်သည်သာ တရားဝင်ဖြစ်ပါသည်။ မိဘများ ကျောင်းသားများ

ကြိုတင်တွက်ဆလို့ရအောင် မျှဝေခြင်းဖြစ်ပါသည်။

Tin Tun Aung (လေးစားစွာဖြင့် ခရက်ဒစ်)

No comments:

Post a Comment