Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 3, 2019

ငါးႏွစ္အတြင္း အေသးလုပ္ငန္းရွင္ တစ္ေယာက္ ျဖစ္လာနိုင္ဖို႔


ေလာေလာဆယ္ ဝင္ေငြရတဲ့ အလုပ္တစ္ခုေတာ့ ရွိေနရမည္ တစ္ေန႕မွာ အပိုသုံးေနတဲ့ ေဆးလိပ္ ကြမ္း လဖက္ရည္ ခ်ဲထီ အရက္နဲ႕ တကယ္မလ္ိုအပ္ပဲ ဝယ္ေနတာေတြ ျဖတ္လိုက္ ရပ္လိုက္ပါ။

သင့္ဝင္ေငြထဲက အပိုေတြမသုံးေတာ့ဘဲ တစ္ေန႕ ၁၀၀၀ စုလ်င္ တစ္ႏွစ္မွာ ၃၆၅၀၀၀ က်ပ္စုမိမယ္ ငါး ႏွစ္ျပည့္ရင္ သင့္လက္ထဲမွာ ၁၈၂၅၀၀၀ က်ပ္္ ပိုင္ဆိုင္ေနၿပီး အဲဒီ က်ပ္ ၁၈ သိန္းေက်ာ္နဲ႕ ကိုယ္ပိုင္စီးပြားေရးတစ္ခုခု ထူေထာင္နိုင္ပါၿပီ။

တစ္ေန႕ ေငြႏွစ္ေထာင္စုမယ္ဆိုရင္

တကယ္လို႔ တစ္ေန႕ မွာ ေငြက်ပ္ ၂၀၀၀ စုျဖစ္မယ္ဆိုရင္ ႏွစ္ဆျဖစ္တဲ့ ၃၆ သိန္း ငါးေသာင္းက်ပ္ မတည္ေငြရရွိမွာ ျဖစ္ပါတယ္ အဲဒိီေငြေတြကို လက္ထဲမွာေတာ့မထားနဲ႕။

စာရင္းေသအပ္ေငြနဲ႕ ႏွစ္မေစ့ရင္ထုတ္မရေအာင္ ဘဏ္မွာ တစ္ခါထဲအပ္ထားလိုက္ပါ တစ္လေစ့ တစ္ခါအပ္ေပါ့ ငါးႏွစ္္ေစ့ရင္ သိန္း ၄၀ ေလာက္ ျဖစ္သြားလိမ့္မယ္။

တကယ္ေတာ့ သင္တစ္ရက္တစ္ရက္ တကယ္မလိုအပ္ဘဲ အပိုသုံးေနတာက ၃၀၀၀ ေလာက္ရွိေနတတ္ပါတယ္လကြမ္း ေဆးလိပ္ လဖက္ရည္ဖိုးတင္ မနည္းပါဘူး။

ငါးႏွစ္ေလာက္ေတာ့ႀကိဳးစားပါ



ဒီနည္းအတိုင္းသာ ၅ ႏွစ္ေလာက္ သည္းခံလိုက္ရင္ အခ်ိန္တိုအတြင္းမွာ လုပ္ငန္းရွင္တစ္ေယာက္ျဖစ္ၿပီး ပတ္ဝန္းက်င္မွာ ဂုဏ္သိကၡာရွိတဲ့ ယုံၾကညာထိုက္သူ တစ္ဦးျဖစ္လာပါလိမ့္မယ္။

ဘာျဖစ္လို႔ သူမ်ားဆီမွာ တစ္သက္လုံး အခစားဝန္ထမ္း လုပ္ေနအုံးမွာလဲ ဒီ ၅ ႏွစ္ထဲမွာေတာ့ ကိုယ္နဲ႕သင့္ေတာ္မယ့္ ကိုယ္ပိုင္လစီးပြားေရးလုပ္ငန္းတစ္ခုကို ေ႐ြးခ်ယ္သတ္မွတ္ၿပီးအဲဒါကို ေလးေလးနက္နက္ေသေသခ်ာခ်ာ ေလ့လာေနပါ။

ခု ကိုယ္လုပ္ေနရတဲ့ အလုပ္ဆိုရင္ေတာ့ အေကာင္းဆုံးေပါ့ အလုပ္ကြၽမ္းက်င္သူအတြက္ အရင္းအႏွ္ီးရွိရင္ အဆမ်ားစြာ တိုးပြားေစပါတယ္။

ဒီ ၅ ႏွစ္ကာလၾကားထဲမွာ ဆရာသမားေကာင္းကို ဆည္းကပ္ပါ မိတ္ေဆြေကာင္းေတြကို စိစစ္ရွာေဖြပါ လုပ္ငန္းကြၽမ္းက်င္ေအာင္ ႀကိဳးစားပါ ေစတနာထားလုပ္ပါ။

ေငြစုနိုင္သေလာက္ ပိုစုပါ ေဘာနပ္ဆုေငြေတြရတာကို သုံးပစ္ဖို႔ စိတ္မကူးပါနဲ႕ ၅ ႏွစ္မွာေတာ့ စက္႐ုပ္လိုပဲေနပါ သတိနဲ႕ လုံ႕လဝီရိယကိုလည္း နိုးၾကားေနေအာင္္ ေလ့က်င့္ပါ။

အေပါင္းအသင္းမင္တာေတြ ေလ်ာ့လိုက္ပါအပိုကုန္တာေတြ ဘာမွမလုပ္ပါနဲ႕ ဒါေပမယ့္ စားတာ အိပ္တာ ေနထိုင္တာ က်န္းမာေရးကိုေတာ့ အထူးဂ႐ုစိုက္ပါ။

သင့္အသက္ဟာ တေျဖးေျဖး ႀကီးလာေနပါတယ္ အခ်ိန္ေတြဟာ ေနရင္းထိုင္ရင္း ကုန္သြားမွာပါ သင့္အနာဂါတ္အတြြက္ သင္စဥ္းစားသင့္ပါတယ္ ျဖတ္လမ္းလိုက္ဖို႔ မႀကိဳးစားပါနဲ႕ ။

ျဖတ္လမ္းအလြယ္လမ္းဟာ အခန႔္မသင့္ျဖစ္ၿပီး အက်နာတာ မ်ားပါတယ္ ၅ ႏွစ္ဟာ သိပ္ၾကာလြန္္းတယ္လို႔ေတာ့ မထင္လိုက္ပါနဲ႕ အစိုးရသက္တမ္းတစ္ခုဟာလည္ဲရွိတာပါ ခဏပါပဲ။

Unicode Version

လောလောဆယ် ဝင်ငွေရတဲ့ အလုပ်တစ်ခုတော့ ရှိနေရမည် တစ်နေ့မှာ အပိုသုံးနေတဲ့ ဆေးလိပ် ကွမ်း လဖက်ရည် ချဲထီ အရက်နဲ့ တကယ်မလိုအပ်ပဲ ဝယ်နေတာတွေ ဖြတ်လိုက် ရပ်လိုက်ပါ။

သင့်ဝင်ငွေထဲက အပိုတွေမသုံးတော့ဘဲ တစ်နေ့ ၁၀၀၀ စုလျင် တစ်နှစ်မှာ ၃၆၅၀၀၀ ကျပ်စုမိမယ် ငါး နှစ်ပြည့်ရင် သင့်လက်ထဲမှာ ၁၈၂၅၀၀၀ ကျပ် ပိုင်ဆိုင်နေပြီး အဲဒီ ကျပ် ၁၈ သိန်းကျော်နဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုခု ထူထောင်နိုင်ပါပြီ။

တစ်နေ့ ငွေနှစ်ထောင်စုမယ်ဆိုရင်

တကယ်လို့ တစ်နေ့ မှာ ငွေကျပ် ၂၀၀၀ စုဖြစ်မယ်ဆိုရင် နှစ်ဆဖြစ်တဲ့ ၃၆ သိန်း ငါးသောင်းကျပ် မတည်ငွေရရှိမှာ ဖြစ်ပါတယ် အဲဒီငွေတွေကို လက်ထဲမှာတော့မထားနဲ့။

စာရင်းသေအပ်ငွေနဲ့ နှစ်မစေ့ရင်ထုတ်မရအောင် ဘဏ်မှာ တစ်ခါထဲအပ်ထားလိုက်ပါ တစ်လစေ့ တစ်ခါအပ်ပေါ့ ငါးနှစ်စေ့ရင် သိန်း ၄၀ လောက် ဖြစ်သွားလိမ့်မယ်။

တကယ်တော့ သင်တစ်ရက်တစ်ရက် တကယ်မလိုအပ်ဘဲ အပိုသုံးနေတာက ၃၀၀၀ လောက်ရှိနေတတ်ပါတယ်လကွမ်း ဆေးလိပ် လဖက်ရည်ဖိုးတင် မနည်းပါဘူး။

ငါးနှစ်လောက်တော့ကြိုးစားပါ



ဒီနည်းအတိုင်းသာ ၅ နှစ်လောက် သည်းခံလိုက်ရင် အချိန်တိုအတွင်းမှာ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာရှိတဲ့ ယုံကြညာထိုက်သူ တစ်ဦးဖြစ်လာပါလိမ့်မယ်။

ဘာဖြစ်လို့ သူများဆီမှာ တစ်သက်လုံး အခစားဝန်ထမ်း လုပ်နေအုံးမှာလဲ ဒီ ၅ နှစ်ထဲမှာတော့ ကိုယ်နဲ့သင့်တော်မယ့် ကိုယ်ပိုင်လစီးပွားရေးလုပ်ငန်းတစ်ခုကို ရွေးချယ်သတ်မှတ်ပြီးအဲဒါကို လေးလေးနက်နက်သေသေချာချာ လေ့လာနေပါ။

ခု ကိုယ်လုပ်နေရတဲ့ အလုပ်ဆိုရင်တော့ အကောင်းဆုံးပေါ့ အလုပ်ကျွမ်းကျင်သူအတွက် အရင်းအနှ်ီးရှိရင် အဆများစွာ တိုးပွားစေပါတယ်။

ဒီ ၅ နှစ်ကာလကြားထဲမှာ ဆရာသမားကောင်းကို ဆည်းကပ်ပါ မိတ်ဆွေကောင်းတွေကို စိစစ်ရှာဖွေပါ လုပ်ငန်းကျွမ်းကျင်အောင် ကြိုးစားပါ စေတနာထားလုပ်ပါ။

ငွေစုနိုင်သလောက် ပိုစုပါ ဘောနပ်ဆုငွေတွေရတာကို သုံးပစ်ဖို့ စိတ်မကူးပါနဲ့ ၅ နှစ်မှာတော့ စက်ရုပ်လိုပဲနေပါ သတိနဲ့ လုံ့လဝီရိယကိုလည်း နိုးကြားနေအောင် လေ့ကျင့်ပါ။

အပေါင်းအသင်းမင်တာတွေ လျော့လိုက်ပါအပိုကုန်တာတွေ ဘာမှမလုပ်ပါနဲ့ ဒါပေမယ့် စားတာ အိပ်တာ နေထိုင်တာ ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ပါ။

သင့်အသက်ဟာ တဖြေးဖြေး ကြီးလာနေပါတယ် အချိန်တွေဟာ နေရင်းထိုင်ရင်း ကုန်သွားမှာပါ သင့်အနာဂါတ်အတွက် သင်စဉ်းစားသင့်ပါတယ် ဖြတ်လမ်းလိုက်ဖို့ မကြိုးစားပါနဲ့ ။

ဖြတ်လမ်းအလွယ်လမ်းဟာ အခန့်မသင့်ဖြစ်ပြီး အကျနာတာ များပါတယ် ၅ နှစ်ဟာ သိပ်ကြာလွန်းတယ်လို့တော့ မထင်လိုက်ပါနဲ့ အစိုးရသက်တမ်းတစ်ခုဟာလည်ဲရှိတာပါ ခဏပါပဲ။

No comments:

Post a Comment