Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, June 9, 2019

အထူးကုခြဲစိတ္ဆရာဝန္ အျဖစ္ ရာထူးတုိးျမင့္ခန္႕အပ္ျခင္းခံရတဲ႔ ေဒါက္တာျမဝတ္ရည္


ရန္ကုန္၊ ဇြန္ ၈ ရက္၊ ေရႊျပည္သာ မီးသတ္ စခန္းေရွ႕တြင္ ကားရပ္တန္႔ခဲ့သည္ဟုဆိုကာ အခ်င္းမ်ားခဲ့ရာမွ မီးသတ္ဌာနႏွင့္ အျပန္ အလွန္တရားစြဲခဲ့ေသာ ထန္းတပင္ အလုပ္ သမားေဆး႐ံုႀကီးတြင္ တာဝန္ထမ္းေဆာင္ေနသည့္ ေဒါက္တာျမဝတ္ရည္အား လက္ေထာက္ ဆရာဝန္(ခြဲစိတ္)မွ အထူးကုဆရာဝန္ (ခြဲ စိတ္)အျဖစ္ ရာထူးတုိးျမႇင့္ခန္႔အပ္ျခင္းခံ ရေၾကာင္း ၄င္းထံမွသိရသည္။
ေမလ ၃ဝ ရက္တြင္က်င္းပေသာ က်န္း မာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ စီမံခန္႔ခြဲ ေရးေကာ္မတီ ညိႇႏိႈင္းအစည္းအေဝး အမွတ္ စဥ္(၅/၂ဝ၁၉)ဆံုးျဖတ္ခ်က္အရ လက္ေထာက္ ဆရာဝန္(ခြဲစိတ္)မ်ားမွ အထူးကုဆရာဝန္ (ခြဲစိတ္) အျဖစ္တိုးျမႇင့္ရာတြင္ ေဒါက္တာ ျမဝတ္ရည္ပါဝင္လာျခင္းျဖစ္ေၾကာင္း ကာယကံ ရွင္ကိုယ္တိုင္ အတည္ျပဳေျပာၾကားထားသည္။

”ရာထူးတိုးတာဟုတ္တယ္။ ေနရာမ ေျပာင္းရဘူး။ အဲဒီေဆး႐ံုမွာပဲ။ အထူးကု ဆရာဝန္(ခြဲစိတ္)ဆိုတာ အတိုင္ပင္ခံသမား ေတာ္အဆင့္ပဲ”ဟု ေဒါက္တာျမဝတ္ရည္က ဒီမိုကေရစီတူေဒးသို႔ ဇြန္ ၈ ရက္တြင္ေျပာသည္။

ရာထူးတိုးျမႇင့္ေၾကာင္း ထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္၍ က်န္းမာေရးႏွင့္ အားကစားဝန္ ႀကီးဌာနသို႔ ဒီမိုကေရစီတူေဒးမွ ဆက္သြယ္ ေမးျမန္းရာ ႐ံုးခ်ိန္ျပင္ပအခ်ိန္ျဖစ္ေနသျဖင့္ ဖုန္းေျဖဆိုမည့္သူမရွိေၾကာင္းသိရသည္။

ေဒါက္တာျမဝတ္ရည္အေနျဖင့္ အလုပ္ သမား၊ အလုပ္အကုိင္ႏွင့္လူမႈဖူလံုေရးဝန္ႀကီး ဌာန၊ ထန္းတပင္အလုပ္သမားေဆး႐ံုႀကီးတြင္ အထူးကုဆရာဝန္ (ခြဲစိတ္)အျဖစ္ ဆက္လက္ တာဝန္ ထမ္းေဆာင္မည္ျဖစ္သည္။

ေရႊျပည္သာ မီးသတ္တပ္ဖြဲ႕စခန္းမွ မီးသတ္တပ္ဖြဲ႕မွဴး ဦးသြင္ယုႏိုင္ႏွင့္ ယာဥ္ထိန္း တပ္ဖြဲ႕စုမွ ရဲအုပ္သက္ေနာင္တို႔က တရားလို ျပဳၿပီး ဆရာဝန္အမ်ိဳးသမီးအား အေရးယူေပး ရန္တိုင္ၾကားမႈေၾကာင့္….

ေရႊျပည္သာ ၿမိဳ႕မရဲ စခန္းက ဆရာဝန္အမ်ိဳးသမီးအား (ပ) ၁၈၄၁ /၂ဝ၁၉ ႏိုင္ငံသားမ်ား ပုဂၢိဳလ္ေရးဆိုင္ရာ လြတ္လပ္ခြင့္ႏွင့္ လံုၿခံဳမႈကာကြယ္ေရး ဥပေဒ ပုဒ္မ-၁ဝ ျဖင့္လည္းေကာင္း၊

(ပ)၁၈၄၂/ ၂ဝ၁၉ ဆက္သြယ္ေရး ဥပေဒပုဒ္မ-၆၆(ဃ)ျဖင့္လည္းေကာင္း၊ (ပ) ၁၈၄၃/၂ဝ၁၉ ေမာ္ ေတာ္ယာဥ္ ဥပေဒပုဒ္မ-၆၅ ျဖင့္လည္းေကာင္း အမႈဖြင့္ထားၿပီး ေဒါက္တာျမဝတ္ရည္က လည္း အျပန္အလွန္ အမႈဖြင့္ထားေၾကာင္း ရဲ မွတ္တမ္းမ်ားအရ သိရသည္။
YangonMediaGroup

Unicode ျဖင့္ဖတ္ရန္

ရန်ကုန်၊ ဇွန် ၈ ရက်၊ ရွှေပြည်သာ မီးသတ် စခန်းရှေ့တွင် ကားရပ်တန့်ခဲ့သည်ဟုဆိုကာ အချင်းများခဲ့ရာမှ မီးသတ်ဌာနနှင့် အပြန် အလှန်တရားစွဲခဲ့သော ထန်းတပင် အလုပ် သမားဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာမြဝတ်ရည်အား လက်ထောက် ဆရာဝန်(ခွဲစိတ်)မှ အထူးကုဆရာဝန် (ခွဲ စိတ်)အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခြင်းခံ ရကြောင်း ၄င်းထံမှသိရသည်။

မေလ ၃ဝ ရက်တွင်ကျင်းပသော ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန၊ စီမံခန့်ခွဲ ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး အမှတ် စဉ်(၅/၂ဝ၁၉)ဆုံးဖြတ်ချက်အရ လက်ထောက် ဆရာဝန်(ခွဲစိတ်)များမှ အထူးကုဆရာဝန် (ခွဲစိတ်) အဖြစ်တိုးမြှင့်ရာတွင် ဒေါက်တာ မြဝတ်ရည်ပါဝင်လာခြင်းဖြစ်ကြောင်း ကာယကံ ရှင်ကိုယ်တိုင် အတည်ပြုပြောကြားထားသည်။

”ရာထူးတိုးတာဟုတ်တယ်။ နေရာမ ပြောင်းရဘူး။ အဲဒီဆေးရုံမှာပဲ။ အထူးကု ဆရာဝန်(ခွဲစိတ်)ဆိုတာ အတိုင်ပင်ခံသမား တော်အဆင့်ပဲ”ဟု ဒေါက်တာမြဝတ်ရည်က ဒီမိုကရေစီတူဒေးသို့ ဇွန် ၈ ရက်တွင်ပြောသည်။

ရာထူးတိုးမြှင့်ကြောင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနသို့ ဒီမိုကရေစီတူဒေးမှ ဆက်သွယ် မေးမြန်းရာ ရုံးချိန်ပြင်ပအချိန်ဖြစ်နေသဖြင့် ဖုန်းဖြေဆိုမည့်သူမရှိကြောင်းသိရသည်။

ဒေါက်တာမြဝတ်ရည်အနေဖြင့် အလုပ် သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီး ဌာန၊ ထန်းတပင်အလုပ်သမားဆေးရုံကြီးတွင် အထူးကုဆရာဝန် (ခွဲစိတ်)အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်မည်ဖြစ်သည်။

ရွှေပြည်သာ မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်တပ်ဖွဲ့မှူး ဦးသွင်ယုနိုင်နှင့် ယာဉ်ထိန်း တပ်ဖွဲ့စုမှ ရဲအုပ်သက်နောင်တို့က တရားလို ပြုပြီး ဆရာဝန်အမျိုးသမီးအား အရေးယူပေး ရန်တိုင်ကြားမှုကြောင့်

ရွှေပြည်သာ မြို့မရဲ စခန်းက ဆရာဝန်အမျိုးသမီးအား (ပ) ၁၈၄၁ /၂ဝ၁၉ နိုင်ငံသားများ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံမှုကာကွယ်ရေး ဥပဒေ ပုဒ်မ-၁ဝ ဖြင့်လည်းကောင်း၊

(ပ)၁၈၄၂/ ၂ဝ၁၉ ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ)ဖြင့်လည်းကောင်း၊ (ပ) ၁၈၄၃/၂ဝ၁၉ မော် တော်ယာဉ် ဥပဒေပုဒ်မ-၆၅ ဖြင့်လည်းကောင်း အမှုဖွင့်ထားပြီး ဒေါက်တာမြဝတ်ရည်က လည်း အပြန်အလှန် အမှုဖွင့်ထားကြောင်း ရဲ မှတ်တမ်းများအရ သိရသည်။
YangonMediaGroup

No comments:

Post a Comment