CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, June 22, 2019
ငှက်တွေကိုချစ်ရင် အစာမကြွေးပါနဲ့
🦅 ရောဂါ . . ရောဂါ 🦅
ကမ္ဘာ့နိုင်ငံကြီးတွေမှာ အိမ်မွေးမဟုတ်တဲ့ ခိုတွေ ငှက်တွေကိုအစားကြွေးတာ တားမြစ်ထားပါတယ်။
မြန်မာပြည်မှာတော့ အင်းလေးဖောင်တော်ဦးဘုရားက စံပြစတင်လိုက်ပါပြီ။ ကြိုဆိုပါတယ်။
ပေါက်ပွားနှုန်းမြင့်မားတဲ့ ခိုပြဿနာဟာ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ တွေ့ကြုံနေရပါပြီ။
ကမ္ဘာပေါ်တွင် ခိုကောင်ရေ သန်း (၄၀၀) ကျော်ရှိပါတယ်။ ခိုတွေရဲ့ သက်တန်းဟာ ၅နှစ် ကနေ ၁၅ နှစ်ထိရှိပါတယ်။ ခိုတွေက သက်တန်း ၇ လဆိုရင် မျိုးစပွားပါပြီ။ မိတ်လိုက်ပြီး ၈- ၁၂ ရက်ဆိုတာနဲ့ ခိုမဟာ စ ဥ ဥပါတယ်လို့ သိရပါတယ်။
ဟိုတလောက ဖတ်လိုက်ရတယ် ခိုစာကြွေးတဲ့သူကို မတ္တရာဘက်ကတောင်သူတစ်ဦးက ပြောတာက ခင်ဗျားတို့က အဲ့လိုကြွေးကုသိုလ်ယူကြ ခိုတွေက မနိုင်မနင်းပေါက်ပွားလာ အစာရေစာမလုံလောက်ရင် ကျနော်တို့ ကောက်ပဲသီးနှံတွေလာစားတာ။ ခိုတအုပ်လောက်ဝင်လာရင် မိနစ်ပိုင်းအတွင်း စိုက်ခင်းတစ်ခုလုံးကုန်တာတဲ့။ စဉ်းစားစရာပါ။
ရောဂါပိုးသယ်ဆောင်တဲ့နေရာမှာ ခိုတွေဟာ အတောင်ပါတဲကြွက်လို့ ဆိုကြပါတယ်။ ကြွက်နဲ့မတူတာက ခိုတွေဟာ မိုင်ထောင်ချီခရီးဆန့်နိုင်ပါတယ်။ ရောဂါပိုးပေါင်း ၆၀ ကျော်သယ်ဆောင်ပါတယ်လို့ ဆိုထားပါတယ်။ အလွန်ကြောက်စရာပါ။ ဆူးလေလမ်းမကြီးက ခိုတွေကိုအစာကြွေးရင်းဆိုတဲ့သီချင်းထဲကလို ရောဂါ ရောဂါ တွေတကယ်ရပါလိမ့်မယ်။
ခိုအသိုက်တွေ၊ ခိုချီးတွေက မြို့ပြလူနေအဆောက်အဦးတွေ ၊ သာသနိကအဆောက်အဦးတွေကို များစွာပျက်စီးစေပါတယ်။ လွယ်ကူတဲ့ဥပမာပြောရရင် ခိုချီးကားပေါ်ကျလို့ မသုတ်ပဲထားကြည့် ဆေးတန်းကွက်သွားတာပါ။
ခိုတွေငှက်တွေကို အစာကြွေးတဲ့အတွက် သူတို့ဘာသူရှာမစားတော့ပဲ သဘာဝဂေဟစနစ်ကိုပျက်စေပါတယ်။ ငှက်တွေကိုချစ်ရင် အစာမကြွေးပါနဲ့။ ငှက်တွေဟာ သူတို့ပါသူရှာစားတက်ပါတယ်။
အဲ့တာ့ ခိုတွေကို အစာကြွေးပြီး ကုသိုလ်ပြုတက်တဲ့ ကျွန်တော်တို့နိုင်ငံမှာလည်း ဒါကို ဆင်ခြင်သတိပြုသင့်ပါပြီ။ တားမြစ်သင့်ပြီလို့မြင်ပါတယ်။
- ကျော်ကြီး(MDY)
Photo - U Win Sein
ငှက်တွေကိုချစ်ရင် အစာမကြွေးပါနဲ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 22, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 22, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment